Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Nvidia အမှုဆောင်ချုပ်အဖြစ် ဂျန်ဆန်ဟွမ်ကို ပြန်ခန့်အပ်

ရာထူးကနေ နုတ်ထွက်ပြီး ရက်ပိုင်း အကြာမှာပဲ ဂျန်ဆန်ဟွမ်ဟာ Nvidia ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်အဖြစ် ပြန်လည် ခန့်အပ် ခံလိုက်ရပါတယ်။

ဓာတ်ပုံ - The New York Times

ရာထူးကနေ နုတ်ထွက်ပြီး ရက်ပိုင်း အကြာမှာပဲ ဂျန်ဆန်ဟွမ်ဟာ Nvidia ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်အဖြစ် ပြန်လည် ခန့်အပ် ခံလိုက်ရပါတယ်။

အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးက ဟွမ်ဟာ အမှုဆောင်ချုပ်၊ ဥက္ကဋ္ဌနဲ့ ဘုတ်အဖွဲ့ဝင် နေရာတွေမှာ ပြန်လည် ခန့်အပ် ခံလိုက်ရပြီဆိုတဲ့ သတင်းကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ ဘုတ်အဖွဲ့ဟာ ဟွမ်ကို အမှုဆောင်ချုပ် နေရာအတွက် ပြန်ခန့်အပ်နိုင်ကြောင်း သတင်းတွေကို အတိအလင်း တောက်လျှောက် ငြင်းဆိုနေခဲ့ပါတယ်။

ဒါပေမဲ့လည်း ဉာဏ်ရည်တု နည်းပညာ (AI)အတွက် အရေးပါတဲ့ အဆင့်မြင့် ကွန်ပျူတာ ချစ်ပ်တွေ ထုတ်လုပ်တဲ့ Nvidiaဟာ ဟွမ်ရဲ့နေရာ အစားထိုးမယ့်သူ ရှာမတွေ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။ တစ်ဖက်မှာတော့ ဟွမ်ဟာ သူ့လက်သူ့ခြေနဲ့ ထူထောင်ခဲ့တဲ့ Nvidiaရဲ့ အကြီးအကဲ ရာထူးကို ပြန်ရဖို့ အားထုတ်မှုတွေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင်ကလည်း ဟွမ်ကို မူလရာထူးမှာ ပြန်တွေ့မြင်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟွမ်ဟာ တရုတ်သူလျှိုအဖြစ် စွပ်စွဲခံရသူ တစ်ဦးအပါအဝင် အမျိုးသမီးတချို့နဲ့ ရှုပ်ထွေးခဲ့မှုကြောင့် ပြဿနာတွေ တက်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ အခုတော့ သူဟာ Nvidiaကို မူလရာထူးနဲ့ ပြန်ရောက်လာပြီ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဟွမ်ကို အမှုဆောင်ချုပ်အဖြစ် ပြန်လည် ခန့်အပ်လိုက်ကြောင်း Nvidiaက ကြေညာပြီးတဲ့အချိန် စျေးကွက်ထဲမှာ ဆက်တိုက် ကျဆင်းနေတဲ့ ရှယ်ယာစျေးတွေကလည်း ၂၉ ရာခိုင်နှုန်းထိ ပြန်ပြီး ထိုးတက်လာပါတယ်။

ဟွမ်အနေနဲ့ Nvidiaရဲ့ အမှုဆောင်ချုပ် ရာထူးကို ပြန်လည် ရရှိခဲ့ပေမယ့်လည်း တရုတ်သူလျှိုနဲ့ ပတ်သက်မိတဲ့ ကိစ္စမျိုးအတွက် အမေရိကန် လွှတ်တော် ရှေ့မှောက်မှာ ထွက်ဆိုရတာမျိုး နောက်ဆက်တွဲ ဖြေရှင်းရမယ့် ပြဿနာတွေ ကျန်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ