Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့ကမ်းရိုးတန်းနှင့်ထိစပ်နေသော ပင်လယ်ပြင်တွင် ရစ်ခ်ျတာစကေး ၅ဒဿမ၆အဆင့် ငလျင် လှုပ်ခတ်

၂၀၂၃အတွင် ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသနေရာအချို့တွင် ငလျင်များ မကြာခဏလှုပ်ရှားမှုဖြစ်ပွားနေသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က ရခိုင်ပြည်နယ် မာန်အောင်မြို့အနီး ပင်လယ်ပြင်အတွင်း ရစ်(ခ်)တာစကေး ၄ အဆင့်ငလျင်လှုပ်ရှားခဲ့သည်။

မြန်မာ့ကမ်းရိုးတန်းနှင့်ထိစပ်နေသော ပင်လယ်ပြင်တွင် ရစ်ခ်ျတာစကေး ၅ဒဿမ၆အဆင့် ငလျင် လှုပ်ခတ်
မြန်မာ့ကမ်းရိုးတန်းနှင့်ထိစပ်နေသော ပင်လယ်ပြင်တွင် ရစ်ခ်ျတာစကေး ၅ဒဿမ၆အဆင့် ငလျင် လှုပ်ခတ်

မြန်မာ့ကမ်းရိုးတန်းနှင့်ထိစပ်နေသောပင်လယ်ပြင်တစ်နေရာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅ဒဿမ၆အဆင့် ငလျင် ယနေ့ နံက်အစောပိုင်းက လှုပ်ခတ်သွားခဲ့သည်။

ပင်လယ်ပြင်အတွင်း ဗဟိုပြု၍ ယနေ့(ဇူလိုင် ၂၉ရက်) နံနက် ၁နာရီခန့်တွင် အဆိုပါ ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။

ငလျင်သည် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲရားကျွန်းစုအနီး ဗဟိုပြုပြီး ပြင်းအား ရစ်(ခ်)တာစကေး ၅ဒဿမ ၆အဆင့်ဖြင့် လှုပ်ခတ်ခြင်းဟု အမေရိကန် လူမိလေ့လာရေးဌာန USGS ထုတ်ပြန်ထားသည်။ ငလျင် ဗဟိုချက်နေရာသည် မြန်မာနိုင်ငံပိုင်နက် ကိုးကိုးကျွန်းနှင့် မိုင် ၂၀၀ ခန့်ဝေးသော်လည်း ငလျင်လှုပ်ရှားမှု သိသိသာသာ ခံစားလိုက်ရသည်ဟု ကိုကိုးကျွန်းဒေသခံတစ်ဦးက ပြောသည်။

” ပြင်းတာတော့ အတော်ပြင်းတာဗျ။ စက္ကန့်ပိုင်းပဲ ကြာပါတယ်။ နောက်ထပ်တော့ မလှုပ်ဘူး”ဟု ကိုကိုးကျွန်းဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်‌ကောင်စီလက်အောက်ခံ မိုးဇလဌာနက အဆိုပါ ငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၇၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြင်ပ ပင်လယ်ပြင်တွင်ရစ်ချ်တာ စကေး ၆ဒဿမ ၁အဆင့် အင်အားပြင်းထန်သော မြေငလျင် လှုပ်ရှားသွားကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၃အတွင် ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသနေရာအချို့တွင် ငလျင်များ မကြာခဏလှုပ်ရှားမှုဖြစ်ပွားနေသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က ရခိုင်ပြည်နယ် မာန်အောင်မြို့အနီး ပင်လယ်ပြင်အတွင်း ရစ်(ခ်)တာစကေး ၄ အဆင့်ငလျင်လှုပ်ရှားခဲ့သည်။

မြန်မာ့ပင်လယ်ပြင်နှင့်ကမ်းရိုးတန်းဒေသများတွင် အိန္ဒိယကျောက်ထုချပ်နှင့် မြန်မာကျောက်ထုချပ် ထိစပ်ရာမှ လှုပ်ရှားနေသည့် ထိုးစိုက်ဇုန်နှင့် ဆက်စပ်နေပြီး ယင်းပြတ်ရွေ့သည် အင်အားပြင်းငလျင်လှုပ်‌လေ့ရှိသည်ဟု မြေငလျင်နှင့် ဘူမိဗေဒဆိုင်ရာမှတ်တမ်းများက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။