Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“သတိထားဖို့ လိုပါတယ်။အင်အားပြင်းနဲ့ ၁၉၂၇က လှုပ်ဖူးတော့ သူ့ကိုရော ငလျင်စက်ဝန်းထဲ ထည့်တွက်ရင် နှစ်၉၀ ကျော်လာပြီဆိုတော့ သတိထားရပါမယ်”

(ဇွန်လ ၇ရက်ကငလျင်ကြောင့်မအူပင်တက္ကသိုလ်အဆောက်အဦ ထိခိုက်ပျက်စီးမှု ၊မအူပင် မြို့ရှိ​​ရွှေဘုန်းမြင့်ဘုရား ထီး​တော်​ကွေးသွား​နေမှုနှင့် အုတ်တံတိုင်းပြိုကျစဥ်။ ဓါတ်ပုံ-CJ)
(ဇွန်လ ၇ရက်ကငလျင်ကြောင့်မအူပင်တက္ကသိုလ်အဆောက်အဦ ထိခိုက်ပျက်စီးမှု ၊မအူပင် မြို့ရှိ​​ရွှေဘုန်းမြင့်ဘုရား ထီး​တော်​ကွေးသွား​နေမှုနှင့် အုတ်တံတိုင်းပြိုကျစဥ်။ ဓါတ်ပုံ-CJ)

-ဘူမိ​​ဗေဒပညာရှင်NUG ဝန်ကြီးဦးစိုးသူရထွန်းနဲ့​မေးမြန်းခန်း

ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီးပင်လယ်ပြင်အတွင်းဇွန်လတတိယနှင့် စတုတ္ထပါတ်တွင်အင်းအား ရစ်ခ်ျတာစကေး ၄ ပတ်ဝန်းကျင်အဆင့် ငလျင်များ မကြာခဏ လှုပ်နေသည်။ ဇွန်လ ၁၉ရက်မှ ဇွန်လ ၂၂ရက်အတွင်း ရစ်ခ်ျတာစကေး ၄ဒဿမ ၄ မှရစ်ခ်ျတာစကေး ၄ဒဿမ ၉အဆင့်ကြား ငလျင် လေးကြိမ်လှုပ်ခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာရေးဌာန USGS ကထုတ်ပြန်ထားသည်။ ဖျာပုံမြို့အနီး ပင်လယ်ပြင်အတွင်းလှုပ်သော ငလျင်များသည် ဒေးဒရဲ ပြတ်ရွေ့လှုပ်ရှားခြင်းဖြစ်ပြီး သတိပြုရန် လိုအပ်သော ပြတ်ရွေ့လည်းဖြစ်ကြောင်း ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်သလိုအမျိုးသားညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကရှင်းပြသည်။ ဒေးဒရဲပြတ်ရွေ့နှင့် ပတ်သပ်ပြီ သတိထားရမည်များကိုဦးစိုးသူရထွန်းကို People’s Spring ကဆက်သွယ်မေးမြန်းထားသည်ကို​ဖော်ပြလိုက်ပါသည်။

မေး -ဒီရက်ပိုင်း ဖျာပုံနားပင်လယ်ထဲမှာ ငလျင် ခဏခဏ လှုပ်နေတယ်။ ဘာကြောင့်လို့များသုံးသပ်နိုင်မလဲ။

‌ဖြေ – ဒေးဒရဲ၊ဖျာပုံ၊ကျိုက်လတ်အပါအဝင် အနီးပတ်ဝန်းကျင်ဒေသတွေက ငလျင်ဇုံ တစ်ခုပဲလေ။ အတန်အသင့်ကြီးတဲ့ တစ်ကြိမ်လှုပ်လိုက်ရင် သူ့ကို ပြန်ထိန်းညှိတဲ့ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်တတ်တယ်။ မြေပျော့ တဲ့နေရာဆိုတော့ ပိုဆိုးတာပေါ့။

(ဇွန်လ ၇ရက်ကငလျင်ကြောင့်မအူပင်တက္ကသိုလ်အဆောက်အဦ ထိခိုက်ပျက်စီးမှု ၊မအူပင် မြို့ရှိ​​ရွှေဘုန်းမြင့်ဘုရား ထီး​တော်​ကွေးသွား​နေမှုနှင့် အုတ်တံတိုင်းပြိုကျစဥ်။ ဓါတ်ပုံ-CJ)
(ဇွန်လ ၇ရက်ကငလျင်ကြောင့်မအူပင်တက္ကသိုလ်အဆောက်အဦ ထိခိုက်ပျက်စီးမှု ၊မအူပင် မြို့ရှိ​​ရွှေဘုန်းမြင့်ဘုရား ထီး​တော်​ကွေးသွား​နေမှုနှင့် အုတ်တံတိုင်းပြိုကျစဥ်။ ဓါတ်ပုံ-CJ)

မေး – ဟုတ်ကဲ့။ ဒါဆို ဧရာဝတီတိုင်းထဲက မအူပင်မြို့မှာ ဇွန်လဆန်းက လှုပ်တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲတွေများလားဆရာ။

Public Service Announcement

Public Service Announcement

‌ဖြေ- ဟုတ်ပါတယ်။

(ပြီးခဲ့သည့် ဇွန်လ ၇ရက်က မအူပင်မြို့တွင် အင်အားရစ်ချ်တာစကေး ၄ဒဿမ၈အဆင့် လှုပ်ခတ်ခဲ့ပြီး မြို့ပေါ်မှ အဆောက်အဦအချို့ ပြိုကျပျက်စီးခဲ့သည်။ မအူပင်မြို့၊မိုးကုတ်ဝိပဿနာကျောင်းတိုက်မှ အဆောက်အဦတစ်ခုပြိုကျရာသီလရှင်တစ်ပါးနှင့်အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်)

မေး – ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်ငလျင်ဇုန်အမည်ရှိလား သိပါရစေဆရာ။ နောက်ပြီး သူက ယေဘူယျအားဖြင့် ပြင်းအားဘယ်လောက် လှုပ်လေ့ရှိလဲခမျ။

ဖြေ – ဒေးဒရဲပြတ်ရွေ့လို့ပဲ အမည်ပေးထားတယ်။ အကြာကြီးနေမှ တစ်ခါ လှုပ်ပြီး မြေပျော့မှာမို့ ပြတ်ရွေ့ မထင်ရှားဘူး။ ၁၉၂၇ တုန်းက ရန်ကုန် အထိကို ထိခိုက်ခဲ့တဲ့ ပမာဏ ၇ ငလျင် လှုပ်ဖူးတယ်။

(ဇွန်လ ၇ရက်ကငလျင်ကြောင့်မအူပင်တက္ကသိုလ်အဆောက်အဦ ထိခိုက်ပျက်စီးမှု ၊မအူပင် မြို့ရှိ​​ရွှေဘုန်းမြင့်ဘုရား ထီး​တော်​ကွေးသွား​နေမှုနှင့် အုတ်တံတိုင်းပြိုကျစဥ်။ ဓါတ်ပုံ-CJ)
(ဇွန်လ ၇ရက်ကငလျင်ကြောင့်မအူပင်တက္ကသိုလ်အဆောက်အဦ ထိခိုက်ပျက်စီးမှု ၊မအူပင် မြို့ရှိ​​ရွှေဘုန်းမြင့်ဘုရား ထီး​တော်​ကွေးသွား​နေမှုနှင့် အုတ်တံတိုင်းပြိုကျစဥ်။ ဓါတ်ပုံ-CJ)

မေး – ဒီပြတ်ရွေ့ကလည်း စစ်ကိုင်းပြတ်ရွေ့လိုပဲမြေအနက် ၁၀ကီလိုမီတာပတ်ချာလည်မှာဗဟိုပြုတာနော်။

ဖြေ – Strike Slip (ဘေးတိုက်ရွေ့တဲ့ ပြတ်ရွေ့)တွေကမြေအနက် ကီလိုမီတာ ၁၀-၁၅ ပတ်ဝန်းကျင်မှာ လှုပ်တာပါပဲ။

မေး – ဟုတ်ကဲ့။ တဆက်တည်းမှာ ဘေးတိုက်နဲ့ ဒေါင်လိုက်ငလျင်တွေက ဘာကွာခြားလဲ။

ဖြေ – ငလျင်တွေရဲ့ အဖျက်စွမ်းအားက ပြင်းအား ပမာဏ နဲ့ အနက်ပေါ်ပဲ မူတည်ပါတယ်။

မေး -ဒါဆိုဒေးဒရဲပြတ်ရွေ့ကလည်းရန်ကုန်ရောပတ်ဝန်းကျင်မြို့တွေအတွက်ပါ သက်ရောက်မှုရှိစေတဲ့ပြတ်ရွေ့လို့ ပြောလို့ရလား။

‌ဖြေ – ဟုတ်ပါတယ်။ သတိထားဖို့ လိုပါတယ်။အင်အားပြင်းနဲ့ ၁၉၂၇က လှုပ်ဖူးတော့ သူ့ကိုရော ငလျင်စက်ဝန်းထဲ ထည့်တွက်ရင် နှစ်၉၀ ကျော်လာပြီဆိုတော့ သတိထားရပါမယ်။

မေး -​မြေငလျင်နဲ့ ပတ်သက်လို့ ပြည်သူ​တွေကို ဘာများ သတိပေးချင်လဲဆရာ။

ဖြေ – ပြောနေကျစကားပဲပေါ့။ မြန်မာနိုင်ငံဟာငလျင်ရပ်ဝန်းပေါ် မှာရှိပြီး လှုပ်ရှားဆဲ သက်ရှင်ပြတ်ရွေ့တွေ နိုင်ငံအနှံ့ရှိနေတာမို့ အဆောက်အအုံတွေကို ငလျင်ဒဏ်ခံနိုင်အောင်ဆောက်ကြဖို့၊ မိသားစု တိုင်း အရေးကြုံရင် ဘယ်လိုလုပ်ရမယ် ဆိုတာ လေ့လာတိုင်ပင်ထားကြဖို့ ပါပဲ။ငလျင်က လူကို သတ်တာမဟုတ်ဘူး။ လူတွေဆောက်ထားတဲ့ အဆောက်အအုံတွေကပဲ လူကို သတ်တယ်လို့ ဆိုရိုးစကားရှိပါတယ်။ ။​ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် ထိုင်ဝမ်မှာ စနစ်ကျပြီး ထိရောက်တဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ရှိခဲ့ပြီး ဖြစ်တဲ့အတွက် သွေးရူးသွေးတမ်း ရှုပ်ရှုပ်ထွေးထွေး ဖြစ်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။