Connect with us

Hi, what are you looking for?

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (ဇူလိုင် ၃၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဖယ်ခုံနယ် ၈ ရက်ကြာတိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအပါအဝင် ၁၃ ဦးသေဟု PDF ပြော

ကရင်နီ-ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့ ခေါင်းအိကျေးရွာ ၈ ရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးတယ်လို့ ဖယ်ခုံ PDFက ပြောပါတယ်။ ဇူလိုင် ၂၁ ရက်ကစ၍ အင်အား ၅၀ ခန့်ဖြင့် စက်တော်ရွာမှ ခေါင်းအိစေတီကုန်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစစ်ဆင်လာခဲ့ရာ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရောက်တဲ့ နေရာတိုင်း ကတုတ်ကျင်းတူးပြီး တိုက်ခိုက်ခဲ့ပေမယ့် PDF တပ်ဖွဲ့များက စစ်ကောင်စီရဲ့ ကတုတ်ကျင်းကို ဖြိုဖျက်တိုက်ခိုက်ခဲ့​တယ်လို့ ဖော်ပြပါတယ်။

(ခေါင်းအိကျေးရွာထိုးစစ်တွင် စစ်ကောင်စီတပ်စွဲခဲ့သောနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - ဖယ်ခုံ PDF)
(ခေါင်းအိကျေးရွာထိုးစစ်တွင် စစ်ကောင်စီတပ်စွဲခဲ့သောနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ – ဖယ်ခုံ PDF)

▪️မင်းတပ် ခလရ(၂၇၄)တပ်အနီးတိုက်ပွဲ စစ်ကောင်စီတပ် တစ်ဦးသေ

ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄)အနီး လေးမိုင်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီနေ့ မနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးခဲ့ပြီး မင်းတပ် CDF တပ်ဖွဲ့ဘက်မှ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ CDF တပ်ဖွဲ့ဝင်နှစ်ဦးရဲ့ ဒဏ်ရာ မပြင်းထန်ဘူးလို့ သိရပါတယ်။

(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Tantan Naing/FB)
(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Tantan Naing/FB)

▪️ကျောက်ရစ်စခန်းမှထွက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ ခြေကျင်ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို လမ်းမှစောင့်ကြိုကာ အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ နေ့ခင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောများကို လုံခြုံရေးပေးဖို့ ကျောက်ရစ်ရဲစခန်းမှ ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကို Bagan Ogre Force ၊ Myingyan Black Tiger၊ Popa Production & Guerilla Force၊ Thwaythauk Revolution force၊ YANGYIAUNG PDF၊ ဒေါင်းမင်းကြီး(မြောင်)PDF နဲ့ အညာမြေ အထူးကွန်မန်ဒိုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

▪️ကော့ကရိတ်မှာ စစ်ကောင်စီက ရွာအနီးမိုင်းထောင်ထားလို့ ကလေးငယ်အပါအဝင် အမျိုးသမီးသုံးဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က ကျေးရွာအနီးမှာ မြေမြှုပ်မိုင်းနှင့်တိုက်မိုင်းများ ထောင်ထားရာ (၁၂)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအပါအဝင် အမျိုးသမီးသုံးဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းစခန်းမှ ပြည်သူများရှိရာ ကျေးရွာအနီးမှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်းများကြောင့် ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်၊ အောင်မင်္ဂလာကျေးရွာနေ (၁၂)နှစ်အရွယ် ကလေးငယ်နဲ့ ၎င်းရဲ့ အစ်မ (၁၉)နှစ်အရွယ် မိန်းကလေးတို့ ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် (၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

(စစ်ကောင်စီတပ် မိုင်းထားသော ကျေးရွာအနီးနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် မိုင်းထားသော ကျေးရွာအနီးနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ – KNU)

▪️လောင်းလုံးစိုက်ပျိုး​ရေးသိပ္ပံ​ကျောင်းမှ ​ကျောင်းအုပ်အပါအဝင် ဆရာ၊ဆရာမ ၇ ဦးကို ဖမ်းဆီးပြီး CDM ပြုလုပ်စေ

လောင်းလုံးမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး အပါအဝင် ဆရာ/ဆရာမ ခုနစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် CDM ပြုလုပ်လာတယ်လို့ သိရပါတယ်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ဟာ ဇူလိုင် ၂၀ ရက်က လောင်းလုံးမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းထဲကို ဝင်ရောက်ကာ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ/ဆရာမ ခုနစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ လောင်းလုံးမြို့နယ်မှ Non CDM များ စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်ကြဖို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက နောက်ဆုံးသတိပေးခဲ့ရာ မလိုက်နာသောကြောင့် ထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် ကျောင်းအုပ်ကြီးနဲ့ ဆရာ/ဆရာမ ခုနစ်ဦးစလုံးဟာ CDMပြုလုပ်ဖို့ ဆုံးဖြတ်ကြပြီး နေရပ်သို့ ပြန်ပို့ဖို့ စီစဉ်နေစဉ် စစ်ကောင်စီစစ်ကြောင်းများကြောင့် မပို့နိုင်ခဲ့ဘဲ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

▪️ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဖွဲ့စည်း​ကြောင်းအသိ​ပေး

စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး တိုက်ပွဲဝင်မယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(Danu People’s Liberation Front)က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးကိုဖွဲ့စည်းထား‌ကြောင်း လူထုကို အသိပေးခြင်းနှင့်အတူ စစ်အာဏာရှင်စနစ်ကျဆုံးကာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဓနုလူငယ်များနဲ့ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်တပ်ဖွဲ့များစုပေါင်း ဖော်ဆောင်သွားမယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front)ကို ၂၀၂၂ ဩဂုတ်လ ၇ ရက်တွင်စတင်ဖွဲ့စည်းခဲ့ပြီး ဓနုလူငယ်များနဲ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့များဟာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်ပညာသင်ယူခဲ့ကြတယ်လို့ သိရပါတယ်။

(ဓနုပြည်သူ့လွတ်​မြောက်​ရေးတပ်ဦး (DPLF)မှတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲတွင်​တွေ့ရစဥ်။ဓါတ်ပုံ-DPLF)
(ဓနုပြည်သူ့လွတ်​မြောက်​ရေးတပ်ဦး (DPLF)မှတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲတွင်​တွေ့ရစဥ်။ဓါတ်ပုံ-DPLF)

▪️ပုလဲနယ်မှာ စစ်ကောင်စီတပ်ရန်ကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်မှ ပုလဲမြို့နယ်သို့ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ရန်ကြောင့် ဒေသခံ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသတွင်း PDFများနှင့်လည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံများက ပြောပါတယ်။ ဇူလိုင် ၂၇ ရက်က ဆားလင်းကြီးမြို့မှထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပုလဲနယ်တောင်ပိုင်း‌ရှိ ကျေးရွာများဆီ ဦးတည်လာကာ ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ရှောင်လာသူတွေကို သက်ဆိုင်ရာ ရပ်ကျေး ပအဖ၊ပကဖများက နေရာထိုင်ခင်းနဲ့ အစားအသောက်များ စီစဥ်ပေးခဲ့တယ်လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

(ထွက်ပြေးတိမ်းရှောင်လာသော ပုလဲနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ ပအဖ၊Pale Entertainment)
(ထွက်ပြေးတိမ်းရှောင်လာသော ပုလဲနယ်မှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – ပုလဲ ပအဖ၊Pale Entertainment)

ဆက်စပ်သတင်းများ