Connect with us

Hi, what are you looking for?

သတင်း

TNLAနှင့် စစ်ကောင်စီတပ်၏ မူဆယ် နမ့်ကတ်ရွာတိုက်ပွဲ ၁၂နာရီကြာမြင့်ခဲ့

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာဘက်မှလာသည့် စစ်ကောင်စီတပ်က TNLAတပ်ဖွဲ့ရှိရာ တောင်ကုန်းအား ထိုးစစ်ဆင်လာစဉ် TNLAက ပြန်လည်ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းဖော်ပြသည်။

(၂ဝ၂၂ ဇန်နဝါရီ ၄ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ တွေ့ရသည့် တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များ။ဓာတ်ပုံ - အေအပ်ပီ)
(၂ဝ၂၂ ဇန်နဝါရီ ၄ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ တွေ့ရသည့် တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များ။ဓာတ်ပုံ - အေအပ်ပီ)

▪️ယနေ့ တိုက်ပွဲဆက်ဖြစ်၊ စစ်​ရေးဆက်ပြင်းထန်နိုင်ဟု အသိပေး

▪️စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အရပ်သားပြည်သူအချို့ သေဆုံးထိခိုက်

တအောင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအနီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ နံနက် ၁၀နာရီမှ ည ၁၀နာရီအထိကြာမြင့်ခဲ့သည်ဟု TNLAက အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် နမ့်ခမ်းမြို့မ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်လာ၍ TNLA နှင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာဘက်မှလာသည့် စစ်ကောင်စီတပ်က TNLAတပ်ဖွဲ့ရှိရာ တောင်ကုန်းအား ထိုးစစ်ဆင်လာစဉ် TNLAက ပြန်လည်ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းဖော်ပြသည်။

ထို့ကြောင့် စစ်ကောင်စီတပ်က မူဆယ်(၁၀၅)မိုင်၊ဆုတောင်းပြည့်ဘုရား၊ခိုဝိန့်၊ကောင်းမူလွယ် ကုန်းနှင့် နမ့်ဖက်ကာတပ်စခန်းကုန်းဘက်မှ လက်နက်ကြီးပစ်ကူ အလုံး(၅၀)ကျော် ပစ်ခတ်ခဲ့ကြောင်း၊ ညပိုင်းတွင် နမ့်ဖက်ကာ ခလရ(၁၂၃)တပ်စခန်းကုန်းက လူထုရှိရာသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ပန်ကိုင်အုပ်စု နမ့်ခုမ့်ရွာနှင့် လွယ်ကုန်ရွာအတွင်း သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ လွယ်ကုန်ရွာမှ အသက် (၆၅)နှစ်အရွယ် အမျိုးသမီး ကျည်စထိမှန် သေဆုံးခဲ့ကာ ၎င်း၏သမီးနှင့်မြေးတို့တွင် စိုးရိမ်ရသည့် ဒဏ်ရာရများ ရရှိခဲ့သည်ဟု ဖော်ပြသည်။

ဒဏ်ရာရသူများကို နမ့်ဖက်ကာရှိ မေတ္တာရှင်လူမူကူညီရေးအသင်းမှ ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံးသို့ ညတွင်းချင်း ကူညီပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာအနီးရှိ မိုင်ဆက်၊နမ့်ကတ်နှင့် မန်ကန်ကျေးရွာရှိ ဒေသခံအချို့မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းရန်ကြောင့် နမ့်ခမ်း၊မူဆယ်မြို့တွင်းသို့ တိမ်းရှောင်ခိုလုံနေကြောင်း TNLAက အသိပေးသည်။

ယနေ့(ဇူလိုင် ၃၀ ရက်)တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ TNLA ၏ ပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံရသည့် စစ်ကောင်စီပူးပေါင်းတပ်ဘက်က အင်အားများစွာ ဖြည့်တင်းနေ၍ တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ယခုလနောက်ဆုံးပတ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ ဇူလိုင်လအတွင်း မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ ကျောက်မဲဒေသများ၌ TNLAနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲ ၈ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။