Connect with us

Hi, what are you looking for?

သတင်း

ကချင်အာဇာနည်နေ့သို့ NUGနှင့် CRPH သဝဏ်လွှာပေးပို့

ကချင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်း၍ တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUGက သဝဏ်လွှာပေးပို့ ပြောကြားသည်။

((၄၈)ကြိမ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနားကို သုညဖက်ဒရယ်ပညာရေးဖောင်ဒေးရှင်းကျောင်း၌ ကျင်းပနေစဥ်။ ဓာတ်ပုံ - Maung Thone Nya/FB)
((၄၈)ကြိမ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနားကို သုညဖက်ဒရယ်ပညာရေးဖောင်ဒေးရှင်းကျောင်း၌ ကျင်းပနေစဥ်။ ဓာတ်ပုံ - Maung Thone Nya/FB)

နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေသည့် KIO/KIA နှင့် ကချင် လူမျိုးအားလုံးကိုဂုဏ်ယူကြောင်းဖော်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)တို့က ယနေ့(ဩဂုတ် ၁၀ရက်) ကျရောက်သည့် (၄၈)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ရာ ကချင်လူမျိုးများရဲ့တော်လှန်ရေးအပေါ် တာဝန်ကျေပွန်မှုအပေါ် ဂုဏ်ယူကြောင်း ဖော်ပြခဲ့သည်။

တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ခေါင်းဆောင်များကို စစ်အာဏာရှင်က လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း ကချင်လူမျိုးများ၏ တော်လှန်ရေးစိတ်ဓာတ်ကို ဦးကျိုးငြိမ်ဝပ်စေရန် မစွမ်းသာခဲ့ဘဲ ပိုမိုပြင်းပြခိုင်ခံ့စေခဲ့ကြောင်း NUG၏ သဝဏ်လွှာ၌ ပါရှိသည်။

ကြီးမားသောဆုံးရှုံးမှုကို ကြုံခဲ့ရသော်လည်း ကချင်ခေါင်းဆောင်အဆက်ဆက်၏ ကောင်းမွန်သောဦးဆောင်မှုနှင့် ကချင်လူထု၏ ထက်သန်သောဇွဲလုံ့လတို့ကြောင့် ကချင် တော်လှန်ရေး၏တပ်ဦး KIO/KIA မှာ (၄၈)နှစ်တိုင်တိုင် စည်းလုံးညီညွတ်မှုအပြည့်ဖြင့် ဆက်လက်ဦးဆောင် ချီတက်နိုင်ခဲ့သည်မှာ အားကျဂုဏ်ယူဖွယ်ရာကောင်းသည်ဟု ဖော်ပြသည်။

ခေတ်အဆက်ဆက် တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်အခွင့်အရေးများကို လျစ်လျူရှုကာ လက်နက်အားကိုး ဖိနှိပ်အုပ်ချုပ်ခဲ့သော အာဏာရှင်စစ်တပ်ကို အပြီးသတ်ချေမှုန်းနိုင်ရန် ကြိုးပမ်း နေသော ယခုနွေဦးတော်လှန်ရေးတွင် ရွပ်ရွပ်ချွံချွံ အတူတကွ တိုက်ပွဲဝင်နေသော KIO/KIA နှင့် ကချင် လူမျိုးအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက် လေးစား ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

ကချင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်း၍ တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUGက သဝဏ်လွှာပေးပို့ ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ကလည်း ကချင်အာဇာနည်နေ့ သို့သဝဏ်လွှာပေးပို့ခဲ့သည်။

နွေဦးတော်လှန်ရေးတွင် ကချင်တမျိုးသားလုံးနှင့် ကချင်တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့တန်းတူ အခွင့် အရေးများ ရရှိနိုင်ရေးတို့ အတွက်သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးမှာ အခြားတော်လှန် ရေးအင်အားစုအသီးသီးတို့နှင့် အင်တိုက်အားတိုက် စုစည်းမှုအသီးသီး ဖော်ဆောင်လျက် တိုက်ပွဲဝင်ရင်း တော်လှန်ရေးတာဝန်များအား မဆုတ်မနစ်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူကြောင်း CRPH၏ သဝဏ်လွှာ၌ ဖော်ပြသည်။

အာဏာရှင်စနစ်ဆိုးကြီး အကြွင်းအကျန်မရှိ အပြီးသတ်ချုပ်ငြိမ်းရေးအတွက် CRPH အနေဖြင့်လည်း အားလုံးသော တော်လှန်ရေးအင်အားစု အသီးသီးနှင့်စုစည်းမှုအင်အား အရှိန်အဟုန်ကို တိုးမြှင့်သွားမည်ဟု အသိပေးဖော်ပြကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအား ကြိုးစားတည်ဆောက်သွားမယ်လို့ သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။