Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကချင်အာဇာနည်နေ့သို့ NUGနှင့် CRPH သဝဏ်လွှာပေးပို့

ကချင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်း၍ တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUGက သဝဏ်လွှာပေးပို့ ပြောကြားသည်။

((၄၈)ကြိမ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနားကို သုညဖက်ဒရယ်ပညာရေးဖောင်ဒေးရှင်းကျောင်း၌ ကျင်းပနေစဥ်။ ဓာတ်ပုံ - Maung Thone Nya/FB)
((၄၈)ကြိမ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနားကို သုညဖက်ဒရယ်ပညာရေးဖောင်ဒေးရှင်းကျောင်း၌ ကျင်းပနေစဥ်။ ဓာတ်ပုံ - Maung Thone Nya/FB)

နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေသည့် KIO/KIA နှင့် ကချင် လူမျိုးအားလုံးကိုဂုဏ်ယူကြောင်းဖော်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)တို့က ယနေ့(ဩဂုတ် ၁၀ရက်) ကျရောက်သည့် (၄၈)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ရာ ကချင်လူမျိုးများရဲ့တော်လှန်ရေးအပေါ် တာဝန်ကျေပွန်မှုအပေါ် ဂုဏ်ယူကြောင်း ဖော်ပြခဲ့သည်။

တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ခေါင်းဆောင်များကို စစ်အာဏာရှင်က လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း ကချင်လူမျိုးများ၏ တော်လှန်ရေးစိတ်ဓာတ်ကို ဦးကျိုးငြိမ်ဝပ်စေရန် မစွမ်းသာခဲ့ဘဲ ပိုမိုပြင်းပြခိုင်ခံ့စေခဲ့ကြောင်း NUG၏ သဝဏ်လွှာ၌ ပါရှိသည်။

ကြီးမားသောဆုံးရှုံးမှုကို ကြုံခဲ့ရသော်လည်း ကချင်ခေါင်းဆောင်အဆက်ဆက်၏ ကောင်းမွန်သောဦးဆောင်မှုနှင့် ကချင်လူထု၏ ထက်သန်သောဇွဲလုံ့လတို့ကြောင့် ကချင် တော်လှန်ရေး၏တပ်ဦး KIO/KIA မှာ (၄၈)နှစ်တိုင်တိုင် စည်းလုံးညီညွတ်မှုအပြည့်ဖြင့် ဆက်လက်ဦးဆောင် ချီတက်နိုင်ခဲ့သည်မှာ အားကျဂုဏ်ယူဖွယ်ရာကောင်းသည်ဟု ဖော်ပြသည်။

ခေတ်အဆက်ဆက် တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်အခွင့်အရေးများကို လျစ်လျူရှုကာ လက်နက်အားကိုး ဖိနှိပ်အုပ်ချုပ်ခဲ့သော အာဏာရှင်စစ်တပ်ကို အပြီးသတ်ချေမှုန်းနိုင်ရန် ကြိုးပမ်း နေသော ယခုနွေဦးတော်လှန်ရေးတွင် ရွပ်ရွပ်ချွံချွံ အတူတကွ တိုက်ပွဲဝင်နေသော KIO/KIA နှင့် ကချင် လူမျိုးအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက် လေးစား ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

ကချင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်း၍ တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUGက သဝဏ်လွှာပေးပို့ ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)ကလည်း ကချင်အာဇာနည်နေ့ သို့သဝဏ်လွှာပေးပို့ခဲ့သည်။

နွေဦးတော်လှန်ရေးတွင် ကချင်တမျိုးသားလုံးနှင့် ကချင်တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့တန်းတူ အခွင့် အရေးများ ရရှိနိုင်ရေးတို့ အတွက်သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးမှာ အခြားတော်လှန် ရေးအင်အားစုအသီးသီးတို့နှင့် အင်တိုက်အားတိုက် စုစည်းမှုအသီးသီး ဖော်ဆောင်လျက် တိုက်ပွဲဝင်ရင်း တော်လှန်ရေးတာဝန်များအား မဆုတ်မနစ်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူကြောင်း CRPH၏ သဝဏ်လွှာ၌ ဖော်ပြသည်။

အာဏာရှင်စနစ်ဆိုးကြီး အကြွင်းအကျန်မရှိ အပြီးသတ်ချုပ်ငြိမ်းရေးအတွက် CRPH အနေဖြင့်လည်း အားလုံးသော တော်လှန်ရေးအင်အားစု အသီးသီးနှင့်စုစည်းမှုအင်အား အရှိန်အဟုန်ကို တိုးမြှင့်သွားမည်ဟု အသိပေးဖော်ပြကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအား ကြိုးစားတည်ဆောက်သွားမယ်လို့ သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။