သတင်း မုံရွာထောင်မှာ အာဇာနည်နေ့က ၁မိနစ်ငြိမ်သက်လို့ဆိုပြီး နိုင်ကျဥ်းတွေကို စစ်တပ်ခေါ်ထုတ်သွား စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။ ludunwayooဇူလိုင် 25, 2026
သတင်း အာဇာနည်နေ့က အာဇာနည်းကုန်းအနီးမှာ လူငယ် ၅ ဦးထက်မနည်း ဖမ်းဆီးခံရ (၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ludunwayooဇူလိုင် 22, 2026
သတင်း စစ်ကိုင်းတိုင်းမှာ ဒေသခံပြည်သူတွေ အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ် စစ်ကိုင်းတိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayooဇူလိုင် 20, 2026
သတင်း အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံမှာ အာဇာနည်နေ့ အထိမ်းအမှတ် ပြုလုပ် အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayooဇူလိုင် 20, 2026
သတင်း မုံရွာခရိုင်တပ်ရင်းတွေရဲ့ အာဇာနည်နေ့ အခမ်းအနား မုံရွာခရိုင် အမှတ်(၈၉၊၁၀၊၁၁၊၁၂၊၁၅)တပ်ရင်းတွေ စုပေါင်းပြီး ဒီကနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို တော်လှန်ရေးဒေသတစ်ခုမှာ ပြုလုပ်ခဲ့ကြပါတယ်။ ludunwayooဇူလိုင် 20, 2026
သတင်း မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားပြုလုပ် မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။ ludunwayooဇူလိုင် 20, 2026
သတင်း ကျဆုံးရဲဘော်တွေနဲ့ ရဲဘော်တွေရဲ့မိဘတွေကို အာဇာနည်နေ့မှာ ရွှေဘိုပကဖ ဂါဝရပြု ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဟာ ဒီကနေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်အချို့ရဲ့ ဗိမာန်တွေဆီ သွားပြီး ဂါရဝပြုခဲ့ကြပါတယ်။ ဒါ့အပြင် ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူ မိဘတွေကိုလည်း သွားရောက်ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။ ludunwayooဇူလိုင် 20, 2026
သတင်း ဖားကန့်မြို့နယ်မှာ အာဇာနည်နေ့ကို ဂုဏ်ပြုရင်း၊ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ရှုတ်ချ ကချင်ပြညနယ်၊ဖားကန့်မြို့နယ်မှာ၊ဖားကန့်မှော်လှည့်သပိတ် စစ်ကြောင်းမှတော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၉) အာဇာနည်နေ့မှာ အာဇာနည်သူရဲကောင်းတွေကို အလေးပြုခြင်းနဲ့အတူ မြစ်ဆုံစီမံကိန်းအား လုံးဝလက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ludunwayooဇူလိုင် 20, 2026
သတင်း အာဇာနည်ခေါင်းဆောင်တွေကို ရန်ကုန်မှာကားဟွန်းတီး အလေးပြု ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တာ ၇၉ နှစ်မြောက်အာဇာနည်နေ့ ဒီကနေ့နံနက် ၁၀ နာရီ ၃၇ မိနစ်က ရန်ကုန်မြို့ မှာကားတွေကရပ်တန့်ပြီး ဟွန်းတီး အလေးပြုခဲ့ကြပါတယ်။ ludunwayooဇူလိုင် 20, 2026
သတင်း မန္တလေးမြို့ အာဇာနည်နေ့မှာ စစ်တပ်က အင်အားအပြားနဲ့ တင်းကျပ်စွာ စစ်ဆေးနေ ဒီကနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ မန္တလေးမြို့က အာဏာသိမ်းစစ်တပ်က လုံခြုံရေး အများအပြားတင်းကျပ်စွာ ချထားပြီး စစ်ဆေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဇူလိုင် 20, 2026