Connect with us

Hi, what are you looking for?

သတင်း

KIA စစ်သည်တွေကို NUG ဂုဏ်ပြုဘွဲ့ချီးမြှင့်မှု ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေး တန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်ဟု KIO စာပို့

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

စက်တင်ဘာ-၁၃၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

၂၀၂၄ မေလက အသဲရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း အပါအဝင် KIA စစ်သည်တော် ၁၃ဦးကို NUGက ဂုဏ်ပြုဘွဲ့နဲ့ ဆုတံဆိပ်တွေပေးအပ်ခဲ့တဲ့အပေါ် KIO ဗဟိုကော်မတီက ကျေးဇူးတင်ကြောင်း NUGထံ စာပို့ခဲ့တာကို KIO/KIA သတင်းပြန်ကြားရေးဌာနကစက်တင်ဘာ၁၂ရက်မှာသတင်းဖော်ပြခဲ့တာပါ။

ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာKIO/KIA စစ်ဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့သလိုNUGကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသကို ဦးဆောင်တည်ထောင်ကာ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့ပြီး အောင်ပွဲများစွာ ထိန်းချုပ်နယ်မြေများစွာရရှိအောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အသဲရောဂါ ခံစားနေရသည့်တိုင်း မြို့ပေါ် ဆေးကုသခြင်းမပြုဘဲ PDF တွေနဲ့အတူ နေထိုင် ရုန်းကန်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကို NUGက စစ်ဘက်ဆိုင်ရာ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ကို ဂုဏ်ပြုချီးမြှင့်တာပါ။ အဲဒီ သူရဲကောင်းဘွဲ့သူရဲကောင်းဘွဲ့ကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တည်ထောင်ခြင်း ၅နှစ်ပြည့် အထိမ်းအမှတ်မွေးနေ့မှာ ဂုဏ်ပြုချီးမြှင့်တာဖြစ်ပြီး သူအပါအဝင် KIA စစ်သည်တော်၁၃ဦးအား၂၀၂၆ ခုနှစ်စက်တင်ဘာ ၇ရက်နေ့မှာ ဂုဏ်ပြုဆုတော်ငွေနဲ့ တံဆိပ်များပါ ချီးမြှင့်ပေးအပ်ခဲ့တာပါ။

ဒါ့အပြင်NUGကစက်တင်ဘာ ၇ ရက်မှာပြည်သူ့​တော်လှန်​ရေးဂုဏ်​ဆောင်ဘွဲ့ ၊ ပြည်သူ့​တော်လှန်​ရေး သူရဲ​ကောင်းဘွဲ့ ၊ ပြည်သူ့ ဇာနည်ဆု ၊ ပြည်သူ့သား​ကောင်းဆု၊ ​တော်လှန်​ရေးအမှုထမ်း​ကောင်းတံဆိပ် စတဲ့ သူရဲ​ကောင်းဘွဲ့ ၊ဆု နဲ့ တံဆိပ် စုစု​ပေါင်း ၁၇၉၂ ဦးချီးမြှင့်ခဲ့ပါတယ် ။ ဂုဏ်ပြု ချီးမြှင့်ခံရသူ​တွေထဲမှာPDF ​တွေ ၊ပကဖ တပ်ဖွဲ့ဝင်​တွေအပြင် KIAကဲ့သို့မဟာမိတ်​တော်လှန်​ရေးအဖွဲ့များမှ ၂၆ ဦးကိုလည်းပါဝင်ပါတယ် ။

KIO/KIAဟာ NUG/PDF တွေနဲ့ ခိုင်မာအားကောင်းစွာ ပူးပေါင်းပြီး စစ်ကောင်စီတပ်အထိနာအောင် ရင်ဆိုင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါ့အပြင်KIO/KIA နဲ့ ကရင်၊ ကရင်နီ၊ချင်းတော်လှန်ရေးတပ်တွေဟာ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကို စုဖွဲ့ပြီး စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး အပါအဝင် ဘက်ပေါင်းစုံပူးပေါင်းတိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား ၂၃ဦးကို လွှတ်ပေးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။