Connect with us

Hi, what are you looking for?

သတင်း

KIA စစ်သည်တွေကို NUG ဂုဏ်ပြုဘွဲ့ချီးမြှင့်မှု ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေး တန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်ဟု KIO စာပို့

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

စက်တင်ဘာ-၁၃၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

၂၀၂၄ မေလက အသဲရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း အပါအဝင် KIA စစ်သည်တော် ၁၃ဦးကို NUGက ဂုဏ်ပြုဘွဲ့နဲ့ ဆုတံဆိပ်တွေပေးအပ်ခဲ့တဲ့အပေါ် KIO ဗဟိုကော်မတီက ကျေးဇူးတင်ကြောင်း NUGထံ စာပို့ခဲ့တာကို KIO/KIA သတင်းပြန်ကြားရေးဌာနကစက်တင်ဘာ၁၂ရက်မှာသတင်းဖော်ပြခဲ့တာပါ။

ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာKIO/KIA စစ်ဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့သလိုNUGကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသကို ဦးဆောင်တည်ထောင်ကာ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့ပြီး အောင်ပွဲများစွာ ထိန်းချုပ်နယ်မြေများစွာရရှိအောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အသဲရောဂါ ခံစားနေရသည့်တိုင်း မြို့ပေါ် ဆေးကုသခြင်းမပြုဘဲ PDF တွေနဲ့အတူ နေထိုင် ရုန်းကန်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းကို NUGက စစ်ဘက်ဆိုင်ရာ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ကို ဂုဏ်ပြုချီးမြှင့်တာပါ။ အဲဒီ သူရဲကောင်းဘွဲ့သူရဲကောင်းဘွဲ့ကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တည်ထောင်ခြင်း ၅နှစ်ပြည့် အထိမ်းအမှတ်မွေးနေ့မှာ ဂုဏ်ပြုချီးမြှင့်တာဖြစ်ပြီး သူအပါအဝင် KIA စစ်သည်တော်၁၃ဦးအား၂၀၂၆ ခုနှစ်စက်တင်ဘာ ၇ရက်နေ့မှာ ဂုဏ်ပြုဆုတော်ငွေနဲ့ တံဆိပ်များပါ ချီးမြှင့်ပေးအပ်ခဲ့တာပါ။

ဒါ့အပြင်NUGကစက်တင်ဘာ ၇ ရက်မှာပြည်သူ့​တော်လှန်​ရေးဂုဏ်​ဆောင်ဘွဲ့ ၊ ပြည်သူ့​တော်လှန်​ရေး သူရဲ​ကောင်းဘွဲ့ ၊ ပြည်သူ့ ဇာနည်ဆု ၊ ပြည်သူ့သား​ကောင်းဆု၊ ​တော်လှန်​ရေးအမှုထမ်း​ကောင်းတံဆိပ် စတဲ့ သူရဲ​ကောင်းဘွဲ့ ၊ဆု နဲ့ တံဆိပ် စုစု​ပေါင်း ၁၇၉၂ ဦးချီးမြှင့်ခဲ့ပါတယ် ။ ဂုဏ်ပြု ချီးမြှင့်ခံရသူ​တွေထဲမှာPDF ​တွေ ၊ပကဖ တပ်ဖွဲ့ဝင်​တွေအပြင် KIAကဲ့သို့မဟာမိတ်​တော်လှန်​ရေးအဖွဲ့များမှ ၂၆ ဦးကိုလည်းပါဝင်ပါတယ် ။

KIO/KIAဟာ NUG/PDF တွေနဲ့ ခိုင်မာအားကောင်းစွာ ပူးပေါင်းပြီး စစ်ကောင်စီတပ်အထိနာအောင် ရင်ဆိုင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါ့အပြင်KIO/KIA နဲ့ ကရင်၊ ကရင်နီ၊ချင်းတော်လှန်ရေးတပ်တွေဟာ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကို စုဖွဲ့ပြီး စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး အပါအဝင် ဘက်ပေါင်းစုံပူးပေါင်းတိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။