Connect with us

Hi, what are you looking for?

သတင်း

စစ်မျက်နှာ ၁၅ခုလောက်က စစ်တပ်ထိုးစစ် ဦးကျိုးသွားပါက စစ်ရေးချိန်ခွန်လျှာအပြောင်းအလဲကြီးကြုံမယ်လို့ ယုံကြည်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးပြော

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

“SCEFဆိုတာကတောတော်လှန်ရေးရဲ့ မျှော်လင့်ချက်လည်းဖြစ်တယ်”

— ဝန်ကြီးဦးရည်မွန်

စက်တင်ဘာ-၁၃၊၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ရက်ညပိုင်းမှာ ဖော်ပြခဲ့တဲ့ ဝန်ကြီး ဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့ရဲ့ “အောင်စိတ်နဲ့ နင်းတဲ့မြေဟာ အောင်မြေဖြစ်တယ်”အမည်ရှိ ပစ(ပြည်သူ့စစ်) အရေး၊ စစ်ရေး၊ တော်လှန်ရေးအပြန်အလှန် စကားစုစည်းမှု အစီအစဉ်မှာ ဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။

ဦးမင်းကိုနိုင်ကစစ်ရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီး လူထုကို အသိပေးလို့ရတာတွေကို အသိပေးဖို့ ပြောဆိုတဲ့အပေါ် ဝန်ကြီး ဦးရည် မွန်က လက်ရှိမှာ စစ်တပ်ဟာ စစ်မျက်နှာ ၁၅ခုလောက်မှာ ပစလို့ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားသစ်တွေကို အလောင်းအစားပြု ထိုးစစ်ဆင်နေကြောင်း ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီထိုးစစ်တွေကို ကြည့်ရင်ဘယ်မှာမှ လိုရာမရောက်ဘူး ထင်တိုင်းမပေါက်ဘူးဆိုတာလည်း တွေ့ရလိမ့်မယ်။” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ဒီလိုထိုးစစ်ဆင်နေတာဟာ စစ်အုပ်စုအတွက် အရင်းအနီးကြီး၊စွန့်စားမှုကြီးကြောင်း၊ စစ်တပ်က အဓမ္မစုဆောင်းထားတဲ့ ပစအင်အားကို ပုံအောသုံးနေကြောင်း၊ အချို့စစ်မျက်နှာမှာ ပစ အင်အား၈၀ရာခိုင်နှုန်းအထိအသုံးပြုနေကြောင်း ဝန်ကြီးက ရှင်းပြပါတယ်။

“တကယ်လို့သာ ဒီပစတွေပြုန်းကုန်ပြီဆိုရင် သူတို့ ဘာဆက်လုပ်မလဲ။ရန်သူ့ထိုးစစ် တွေသာ ဦးကျိုးကုန်မယ်ဆိုရင်သို့မဟုတ်စစ်မျက်နှာ တိုင်းမှာ ဒီထိုးစစ်တွေ ချေမှုန်းခံရမယ်ဆိုရင် အထူးသဖြင့် ပစအင်အားပြုန်းသွားပြီဆိုရင်စစ်ရေးချိန်ခွန်လျှာပေါ့ဗျာအဲဒီမှာ အလှည့်အပြောင်းကြီးကြီးမားမား ကြုံရလိမ့်မယ်လို့ ဒီလိုယုံကြည်ထားတယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

စစ်မျက်နှာ ၁၅ခုရဲ့ နယ်မြေဒေသ အသေးစိတ် အသိပေးခြင်းမရှိပေမဲ့ လတ်တလောမှာ စစ်တပ်ဟာ ရက္ခိုင်၊ ကချင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ကရင်၊ ကရင်နီ စတဲ့ ဒေသတွေမှာ ထိုးစစ်ကြီးတွေ ၊ စစ်ကြောင်းထိုးတာတွေပြုလုပ်နေတာပါ။

“တဖက်မှာ PDFနဲ့မဟာမိတ်ရဲဘော်တွေပူးပေါင်းပြီး ရန်သူ့ထိုးစစ်ရင်ဆိုင်နေရချိန် တော်လှန်ရေးဘက်ကလည်း လုပ်စရာရှိတာလုပ်နေကြောင်း အသိပေးပါတယ်။” လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

လတ်တလောမှာ စစ်မျက်နှာအလိုက် ရန်သူ့ထိုးစစ်ကိုဧည့်ခံကြိုဆိုရာထိရောက်မှုရှိကြောင်းလည်းဝန်ကြီးက ပြောပါတယ်။

“ရန်သူဘယ်မှာမှ ထင်တိုင်းမပေါက်ဘူး။ဒါလည်းလက်တွေ့ပဲလေ။စစ်ရေးမှာတော့ရန်သူ့အားနည်းချက် ဒါကိုလည်း မြင်အောင် ကြည့်ဖို့ လိုတယ်လို့ ယူဆပါတယ်။ရန်သူ့အားနည်းချက် ကို သိရမယ်။ ရန်သူ့အားနည်းချက်ကို ဖိနင်းနိုင်ရမယ်။ရန်သူ့အားနည်းချက်က ဘာလဲ ရန်သူ့အားနည်းချက်က ပစတွေကို အားပြုနေရတဲ့ အခြေအနေပဲလေ”လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားပါတယ်။

ဦးမင်းကိုနိုင်ကလည်း မဟာမိတ်တွေနဲ့ ပေါင်းပြီး လိုအပ်တဲ့ တိုက်ပွဲတွေယူဖို့ဆိုတာတွေနဲ့ပတ်သက်ပြီး အသိပေးရသလောက်ပြောပြဖို့ ဆွေးနွေးပါတယ်။ အရင်ထက်ပိုစုဖွဲ့မှု အားကောင်းလာတာ၊ အလုပ်တွေထိရောက်လာတာ တွေ တွေ့ရလို့ အသိပေးရတာရှိရင် ပြောပြဖို့ ဦးမင်းကိုနိုင်က ဆွေးနွေးခဲ့တာပါ။

အဲဒါနဲ့ပတ်သက်ပြီး ဝန်ကြီးဦးရည်မွန်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ပေါ်ထွန်းလာတာက တော်လှန်ရေးတဆင့်တက်လာတာလို့ အသိပေးပါတယ်။အဲဒီ စုဖွဲ့မှုမှာ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ တော်လှန်ရေးအင်အားစုတွေပါဝင်တာဖြစ်ပြီး အဖွဲ့ဝင်သစ်တွေ ထပ်တိုးသလို မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးတွေလည်း SCEFက ကြိုးပမ်းနေတာရှိပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ စုစည်းညီညွတ်မှုနဲ့ ဦးဆောင်နိုင်စွမ်း တောင်းဆိုနေချိန် SCEF ပေါ်လာတာ ဖြစ်တယ်လို့ဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။လတ်တလော အခြေအနေမှာ ပေါ်လစီပိုင်း၊ မဟာဗျူဟာပိုင်း ညှိနှိုင်းမှုတွေလုပ်နေသလို လက်တွေ့အကောင်အထည်ဖော်မှုတွေ တပြိုင်တည်းပြင်ဆင်နေကြောင်း အသိပေးပါတယ်။ နိုင်ငံရေးနဲ့ စစ်ရေး နှစ်ခုလုံးအတူတကွ ညှိနှိုင်းဆောင်ရွက်ဖို့ဖြစ်သလို နှစ်ခုလုံးဆက်သွားနေကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

“SCEF ဆိုတာကတော့ တော်လှန်ရေးရဲ့ မျှော်လင့်ချက်လည်းဖြစ်တယ်လို့ ကျနော်တို့ ဒီလိုပဲ မှတ်ယူတာဖြစ်ပါတယ်”လို့ဝန်ကြီးဦးရည်မွန်က ပြောပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးဟာအရင်းအနှီးကြီးသလို ၅နှစ်ကျော်ကာလအတွင်း ပြည်သူတွေလည်း ပင်ပန်း နေရကြောင်း ဝန်ကြီးက ပြောပါတယ်။

“ဒါပေမဲ့ အရင်းကြီးသလို အမြတ်လည်းကြီးမယ့်တော်လှန်ရေးပေါ့။ ကျနော်တို့က စနစ်ပြောင်း တော်လှန်ရေးတခု ဆင်နွှဲနေတာကိုး။ ဒီတော်လှန်ရေးအောင်ဖို့အတွက်ဆိုရင် တော်လှန်ရေးရဲဘော်တွေ တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း နှစ်ဆတိုးပြီး ကြိုးစားပါ့မယ်။ ကျနော်တို့ ပြည်သူတွေလည်း ဆက်ပြီးမှ တောင့်ခံပေးဖို့ ပြည်သူတွေလည်း ကိုယ်ဖြစ်နိုင်တာကို တက်နိုင်တာကို အရင်ထက် နှစ်ဆသုံးဆပိုကြိုးစားပြီးတော့ပါဝင်ပေးကြဖို့ ဒါကိုလည်း ကျနော်တို့ တောင်းဆိုလိုပါတယ်”လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားပါတယ်။

တကယ်မာတဲ့ တပ်၊ တိုက်အားရှိတဲ့တပ်ဖြစ်လာဖို့ တပ်ရင်းတပ်ဖွဲ့ ရဲဘော်တွေကို တွေ့ဆုံနှိုးဆော်နေကြောင်း ဝန်ကြီးက ပြောပါတယ်။

“တကယ်မာပြီး တကယ်တိုက်အားရှိတဲ့တပ်ဖြစ်လာဖို့မဟာဗျူဟာအရတကယ်ဟန်ချက်ညီတဲ့ စစ်ဆင်မှုတွေကို ကျနော်တို့ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့။ တဖက်မှာက ရန်သူအသုံးပြု နေတဲ့ ဒီအဓမ္မ စစ်သားစုဆောင်းရေးဆိုတာ သူ့ရဲ့ အသက်ရှုပေါက်ဖြစ်သလို သူ့ရဲ့အားနည်းချက်လည်းဖြစ်တယ် ဒါကို ကျနော်တို့ သေသေချာချာသိပြီးတော့မှ ဒီအပေါ်မှာ သေသေချာချာ ကိုင်တွယ်စီမံနိုင်ဖို့ ဒါကတော့ အရေးကြီးဆုံးဖြစ်တယ်” လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားပါတယ်။

စစ်တပ်ရဲ့ ပစအစီအစဉ်ကို ပြည်သူတွေရော လူငယ်တွေရော ဖြစ်နိုင်တဲ့နည်းနဲ့ ဆန့်ကျင်ဖို ဝန်ကြီး ဦးရည်မွန်ကတိုက်တွန်းပါတယ်။

“ဒီအစီအစဉ်မှာ အလိုတူလိုပဲ ဖြစ်ဖြစ် အလိုမတူလိုပဲဖြစ်ဖြစ်ပူးပေါင်းပါဝင်မိတာမျိုးမဖြစ်ဖို ပေါ့ ဒါကိုတော့ လူထုအနေနဲ့ အထူးဂရုစိုက်ပေးဖို ဒီအချက်ကိုတော့ တိုက်တွန်းချင်ပါတယ်” လို ဝန်ကြီး ဦးရည်မွန်က ပြောကြားပါတယ်။

စစ်မြေပြင်ရောက်ပြီဆိုရင်တော့ သက်ညှာလိုရမှာ မဟုတ်ကြောင်းလည်း ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ စစ်မြေပြင်ရောက်ပါက ထိရောက်စွာ တိုက်ခိုက်ချေမှုန်းရတာ ရှိတာမို ပစလူငယ်တွေဘာလုပ်ရမယ်ဆိုတာ သိမယ်ထင်ကြောင်း သတိပေးပါတယ်။

“မလွှဲမရှောင်သာလို အဓမ္မစုဆောင်းခံရပြီဆိုရင်တော့ အခြေအနေပေးတာနဲ့ စစ်အုပ်စုတပ်ကို ဘယ်လို စွန့်ခွာမလဲ စဉ်းစားကြဖိုပေါ့” လို ဝန်ကြီး ဦးရည်မွန်က ပြည်သူ့စစ်လူငယ်တွေကို တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

‎စစ်အာဏာရှင်တော်လှန်ရေးမှာစစ်ရေးတာဝန်တွေစွမ်းစွမ်းတမံထမ်း‌ဆောင်ခဲ့တဲ့ PDFနဲ့ မဟာမိတ်တပ်တွေထဲက တော်လှန်‌ရဲဘော် ၁၈၀၀ နီးပါးကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ဂုဏ်ပြုချီးမြှင့်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။