Connect with us

Hi, what are you looking for?

News

ဘီယာသွားဝယ်သည့် စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရ

“ပစ်သွားတဲ့သူတွေက ဘယ်သူတွေလည်း မသိဘူး။ အရပ်ဝတ်နဲ့ပဲ။ အမည်မသိလက်နက်ကိုင်သူလို့ပဲ ပြောလို့ရမှာပေါ့။ အခု သေသွားတဲ့ BGFနှစ်ယောက်ရဲ့အလောင်းကို စခန်းကိုပြန်သယ်သွားပြီ ပြောတယ်” ဟု ဒေသခံက ပြောသည်။

ဓာတ်ပုံ - KIC

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကြိတ်ကျေး ရွာသို့ ဘီယာလာဝယ်သည့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)တပ်ဖွဲ့ဝင်နှစ်ဦးကို အမည်မသိလက်နက်ကိုင်နှစ်ဦးမှ ပစ်ခတ်သွား၍ သေဆုံးသွားကြောင်း ကရင်ဒေသခံတစ်ဦးက ပြော သည်။

“ဒီနေ့လည် ၁၂ ဝန်းကျင်လောက်မှာ ကြိတ်ရွာ အပြင်ဘက်မှာ သူတို့ စခန်းချနေထိုင်တဲ့ BGF နှစ်ယောက်က အရပ်ဝတ်နဲ့ပဲ လက်နက်မပါဘူး စျေးလာဝယ်တာ။ ဆိုင်ကယ်နဲ့လာဝယ်တာ ဘီယာလာဝယ်တယ်လို့ ပြောတယ်။ ဘီယာဝယ်ပြီး ပိုက်ဆိုင်ရှင်းမယ့်အချိန်မှာ လူနှစ်ယောက်က အရပ်ဝတ်နဲ့ ဆိုင်ကယ်နဲ့ပဲ လာပြီးတော့ ပစ်စတိုထုတ်ပြီးတော့ အဲဒီ BGFတွေကို ပစ်သွားတယ်။ တစ်ယောက်ကို ၂ချက်စီလို့ ပြောတယ်”ဟု ဒေသခံက ပြောသည်။

ဓာတ်ပုံ – KIC

ထိုသို့ ပစ်ခတ်ခံရသည့် BGF တပ်ဖွဲ့ဝင် နှစ်ဦးသည် ပွဲချင်းပြီးသေဆုံးသွားကြောင်း ၎င်းက ဆိုသည်။

“ပစ်သွားတဲ့သူတွေက ဘယ်သူတွေလည်း မသိဘူး။ အရပ်ဝတ်နဲ့ပဲ။ အမည်မသိလက်နက်ကိုင်သူလို့ပဲ ပြောလို့ရမှာပေါ့။ အခု သေသွားတဲ့ BGFနှစ်ယောက်ရဲ့အလောင်းကို စခန်းကိုပြန်သယ်သွားပြီ ပြောတယ်” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဒေသသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆)နယ်မြေဖြစ်ပြီး စက်တင်ဘာအတွင်းကပင် စစ်ကောင်စီတပ်နှင့် တပ်မဟာ(၆)အကြား စစ်ရေးတင်းမာမှုဖြစ်ကာ တိုက်ပွဲအချို့ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်