Connect with us

Hi, what are you looking for?

News

အပြစ်မဲ့တအာင်းလူငယ် ၇ ဦး မတရားဖမ်းဆီးခံရမှု အမြန်ဆုံးပြန်လွှတ်ပေးဖို့ စစ်တပ်ကို TPCC တိုက်တွန်း

ဖမ်းဆီးခံရတဲ့ တအာင်းလူငယ် ၇ ဦးဟာ လူမှုရေးအကျိုးပြုလုပ်ငန်းတွေနဲ့ ပညာရေးလုပ်ငန်းတွေကိုသာ အဓိကဆောင်ရွက်နေသူတွေဖြစ်ပြီး အပြစ်မဲ့လူငယ်တွေသာ ဖြစ်တယ်လို့ TPCC က ထုတ်ပြန်ပါတယ်။

People's Spring
People's Spring

အပြစ်မဲ့တအာင်းလူငယ် ၇ ဦးကို မြန်မာစစ်တပ်က မတရားဖမ်းဆီးခံရတဲ့အပေါ် ကန့်ကွက်ရှုတ်ချပြီး ခြွင်း ချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)က ဒီနေ့တိုက်တွန်းထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်ဟာ လားရှိုးအခြေစိုက် တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့(TSYU)မှ ရုံးဝန်ထမ်းတစ်ဦး၊ တအာင်းပရဟိတပညာရေးဘော်ဒါဆောင် (TEC)မှ ကျောင်းဆရာ ၅ ဦးတို့ကို စက် တင်ဘာ ၂၅ ရက် ညဉ့်သန်းခေါင်ယံအချိန်မှာ ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၂၆ ရက်ညမှာ ရွှေဖီမြေ သတင်းအေဂျင်စီ ရုပ်သံသတင်းထောက်ဟောင်း အမျိုးသမီးငယ်တစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ တအာင်းလူငယ် ၇ ဦးဟာ လူမှုရေးအကျိုးပြုလုပ်ငန်းတွေနဲ့ ပညာရေးလုပ်ငန်းတွေကိုသာ အဓိကဆောင်ရွက်နေသူတွေဖြစ်ပြီး အပြစ်မဲ့လူငယ်တွေသာ ဖြစ်တယ်လို့ TPCC က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးချိန်မှာ အရပ်ဝတ်၊ ရဲနဲ့ စစ်သားတွေဟာ လက်နက်အပြည့်အစုံနဲ့ အိမ်ဝင်းတံခါးကိုဖွင့်ခိုင်းခြင်းမရှိဘဲ အုတ်တံတိုင်းပေါ်သို့ ခုန်ကျော်ကာ အိမ်အတွင်းဝင်ရောက်ပြီး ခြိမ်းခြောက်၊ မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဟာ ဥပဒေမဲ့လုပ်ရပ်တွေဖြစ်တယ်လို့ TPCC က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်က အပြစ်မဲ့ပြည်သူတွေကို ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ပြီး မတရားစွပ်စွဲမှုတွေ ပြုလုပ်နေခြင်းဟာ အာဏာရှင်ရဲ့ လုပ်ရပ်တွေသာဖြစ်ပြီး TPCC က ဆန့်ကျင်ကန့်ကွက်တယ်လို ထုတ်ပြန်ပါတယ်။

မတရားဖမ်းဆီခံရတဲ့ အပြစ်မဲ့တအာင်းလူငယ်တွေကို မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်ပြုပြီး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီက တိုက်တွန်းတောင်း ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။