Connect with us

Hi, what are you looking for?

News

အပြစ်မဲ့တအာင်းလူငယ် ၇ ဦး မတရားဖမ်းဆီးခံရမှု အမြန်ဆုံးပြန်လွှတ်ပေးဖို့ စစ်တပ်ကို TPCC တိုက်တွန်း

ဖမ်းဆီးခံရတဲ့ တအာင်းလူငယ် ၇ ဦးဟာ လူမှုရေးအကျိုးပြုလုပ်ငန်းတွေနဲ့ ပညာရေးလုပ်ငန်းတွေကိုသာ အဓိကဆောင်ရွက်နေသူတွေဖြစ်ပြီး အပြစ်မဲ့လူငယ်တွေသာ ဖြစ်တယ်လို့ TPCC က ထုတ်ပြန်ပါတယ်။

People's Spring
People's Spring

အပြစ်မဲ့တအာင်းလူငယ် ၇ ဦးကို မြန်မာစစ်တပ်က မတရားဖမ်းဆီးခံရတဲ့အပေါ် ကန့်ကွက်ရှုတ်ချပြီး ခြွင်း ချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)က ဒီနေ့တိုက်တွန်းထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်ဟာ လားရှိုးအခြေစိုက် တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ့(TSYU)မှ ရုံးဝန်ထမ်းတစ်ဦး၊ တအာင်းပရဟိတပညာရေးဘော်ဒါဆောင် (TEC)မှ ကျောင်းဆရာ ၅ ဦးတို့ကို စက် တင်ဘာ ၂၅ ရက် ညဉ့်သန်းခေါင်ယံအချိန်မှာ ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၂၆ ရက်ညမှာ ရွှေဖီမြေ သတင်းအေဂျင်စီ ရုပ်သံသတင်းထောက်ဟောင်း အမျိုးသမီးငယ်တစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ တအာင်းလူငယ် ၇ ဦးဟာ လူမှုရေးအကျိုးပြုလုပ်ငန်းတွေနဲ့ ပညာရေးလုပ်ငန်းတွေကိုသာ အဓိကဆောင်ရွက်နေသူတွေဖြစ်ပြီး အပြစ်မဲ့လူငယ်တွေသာ ဖြစ်တယ်လို့ TPCC က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးချိန်မှာ အရပ်ဝတ်၊ ရဲနဲ့ စစ်သားတွေဟာ လက်နက်အပြည့်အစုံနဲ့ အိမ်ဝင်းတံခါးကိုဖွင့်ခိုင်းခြင်းမရှိဘဲ အုတ်တံတိုင်းပေါ်သို့ ခုန်ကျော်ကာ အိမ်အတွင်းဝင်ရောက်ပြီး ခြိမ်းခြောက်၊ မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဟာ ဥပဒေမဲ့လုပ်ရပ်တွေဖြစ်တယ်လို့ TPCC က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်က အပြစ်မဲ့ပြည်သူတွေကို ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ပြီး မတရားစွပ်စွဲမှုတွေ ပြုလုပ်နေခြင်းဟာ အာဏာရှင်ရဲ့ လုပ်ရပ်တွေသာဖြစ်ပြီး TPCC က ဆန့်ကျင်ကန့်ကွက်တယ်လို ထုတ်ပြန်ပါတယ်။

မတရားဖမ်းဆီခံရတဲ့ အပြစ်မဲ့တအာင်းလူငယ်တွေကို မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်ပြုပြီး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီက တိုက်တွန်းတောင်း ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook