Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနှင့်ရှမ်းမြောက်အစပ်နောင်ချိုမြို့နယ်ရှိစစ်ကောင်စီတပ် ၂ နေရာကို TNLAနှင့် မန္တလေး PDF ထိုးစစ်ဆင်

ရှမ်းမြောက်သို့ စစ်ကူလာပို့သည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေရာမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းလည်းဖြစ်သည်။

မန္တလေးနှင့်ရှမ်းမြောက်အစပ်နောင်ချိုမြို့နယ်ရှိစစ်ကောင်စီတပ် ၂ နေရာကို TNLAနှင့် မန္တလေး PDF ထိုးစစ်ဆင်
မန္တလေးနှင့်ရှမ်းမြောက်အစပ်နောင်ချိုမြို့နယ်ရှိစစ်ကောင်စီတပ် ၂ နေရာကို TNLAနှင့် မန္တလေး PDF ထိုးစစ်ဆင်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာ ၂နေရာကို ယနေ့ နိုဝင်ဘာ ၆ရက်တွင် သွားရောက်တိုက်ခိုက်လျက်ရှိကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ၁၁ရက်မြောက်နေ့တွင် ရှမ်းမြောက်နှင့် မန္တလေးတိုင်း အစပ်ရှိ နောင်ချိုမြို့နယ် ဂုတ်ထိပ် အနီးတဝိုက်ရှိ စစ်ကောင်စီတပ်နှင့် နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်အား မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF) နှင့် ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

မန္တလေးနှင့်ရှမ်းမြောက်အစပ်နောင်ချိုမြို့နယ်ရှိစစ်ကောင်စီတပ် ၂ နေရာကို TNLAနှင့် မန္တလေး PDF ထိုးစစ်ဆင်
မန္တလေးနှင့်ရှမ်းမြောက်အစပ်နောင်ချိုမြို့နယ်ရှိစစ်ကောင်စီတပ် ၂ နေရာကို TNLAနှင့် မန္တလေး PDF ထိုးစစ်ဆင်

​နောင်ချို မြို့နယ်နှင့် ဂုတ်ထိပ်တွင် ၁၀၂၇ စစ်ဆင်​ရေးစတင်​သော ​အောက်တိုဘာ ၂၇ မှစ၍ ဆိုက်တိုက်တိုက်ပွဲပြင်းထန်​နေခြင်းဖြစ်သည်။ စစ်​ကောင်စီတပ်မှ စစ်သားအင်အားရာ​ပေါင်းများစွာကို ရှမ်းပြည်နယ်​မြောက်ပိုင်းသို့ စစ်ကူပို့ရန်ကြည်း​ကြောင်း​၊လေ​ကြောင်း၊လက်နက်ကြီးများဖြင့်တိုက်ခိုက်၍ လမ်း​ကြောင်းပွင့်ရန်စီစဥ်​နေခြင်းဖြစ်ပြီးမန္တ​လေး PDF နှင့် TNLA တို့၏ တိုက်ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ဘဲဖြစ်​နေသည်။

ယခင်နေ့များက ရှမ်းမြောက်သို့ စစ်ကူလာပို့သည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေရာမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ၊ မိုးမိတ်၊ နမ္မတူ စသည် ဒေသများမှ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနှင့် ပြည်သူ့စစ်စခန်း စစ်ကောင်စီတပ်စခန်း ၃၀ကျော် သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။ ညီ​နောင်မဟာမိတ် သုံးဖွဲ့စလုံးသိမ်းပိုက်ထား​သော စခန်းစုစု​ပေါင်းမှာ နိုဝင်ဘာ ၅ ရက်အထိ ၁၄၀ ​ကျော်​နေပြီဟုသိရသည်၊

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။