Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တွင် TNLAနှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်

အောက်တိုဘာ ၂၆ရက်က အဆိုပါ မြို့နယ် ၂ခု၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းရွာအနီး တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟု အသိပေးသည်။

နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တွင် TNLAနှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်
နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တွင် TNLAနှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်

▪️မိုးကုတ်ဗျူဟာမှ အတွဲလိုက်ဒုံးကျည်အလုံး ၅၀ ကျော် ပစ်ခတ်၊ လားရှိုးလေတပ်မှ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ည်။

အောက်တိုဘာ ၂၆ရက်က အဆိုပါ မြို့နယ် ၂ခု၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းရွာအနီး တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟု အသိပေးသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၆ရက်) နံနက်ပိုင်းတွင် နောင်ချိုမြို့နယ် သံဘိုကျေးရွာအနီးတွင် စစ်ကောင်စီတပ် တပ်မ-၉၉၊ ခမရ-၄၁၉၊ လပခ၊ ခလရ-၈၈ နှင့် တအာင်းတပ်မတော်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ သည်ဟု ဆိုသည်။

ထို့ပြင် မိုးကုတ်မြို့နယ် ဂွေးပင်ကျေးရွာအနီးတွင်လည်း ယမန်နေ့ နံနက်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများ၌ နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြမထားသော်လည်း စစ်ကောင်စီတပ် မိုးကုတ်ဗျူဟာကုန်းမှ အတွဲလိုက် ဒုံးကျည်အလုံး ၅၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လားရှိုးလေတပ်မှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်မှ စတင်၍ ယနေ့ (အောက်တိုဘာ၂၇ရက်)ထိ တိုက်ပွဲ (၈၉)ကြိမ်ဖြစ်ပွားခဲ့ကြောင်းထုတ်ပြန်သည်။

TNLA အနေဖြင့် ၎င်းတစ်ဖွဲ့တည်းဖြင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှုရှိသကဲ့သို့ မြောက်ပိုင်း ညီနောင်များနှင့်ပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် ယနေ့ စစ်ဆင်ရေး၌လည်း ပါဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။