Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတွင် စစ်ကောင်စီ စစ်ကူတပ်ကို TNLA တိုက်ခိုက်ရာ လက်နက် ၃လက်ရ

လားရှိုးမြို့နယ် စစ်ကောင်စီ မိုင်းကျက်တပ်စခန်းအား ယနေ့ နံနက် အစောပိုင်းတွင် TNLAက တိုက်ခိုက်ခဲ့ရာစစ်ကောင်စီက Y12 လေယာဉ်ဖြင့်(၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် ၅ကြိမ်လာရောက်ပစ်ကူပေးခဲ့သည်ဟု ဖော်ပြသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️လားရှိုး မိုင်းကျက်နှင့် နမ့်ခမ်း စခန်းသစ်ကုန်း တိုက်ပွဲ စစ်ကောင်စီ လေကြောင်းပစ်ကူအကြိမ်ကြိမ်သုံးခုခံ​နေ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်တွန်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက် အချို့ ထပ်မံ ရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ ၂၂ရက်)ကလည်း လားရှိုး-သိန္နီမြို့နယ်ကြားတွင် စစ်ကောင်စီတပ်၏ စစ်ကူတပ်ကို TNLAက တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက်ရရှိခဲ့ပြီးနောက် ယနေ့တွင် စစ်ကောင်စီစစ်ကူတပ်ကို ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၃ရက် နေ့လယ် ၁နာရီခန့်က လားရှိုးမြို့နယ် နမ့်တွန်ကျေးရွာအနီးတွင် သိန္နီမြို့နယ်မှ စစ်ကူရောက်လာသော စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက် သိမ်းဆည်းရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် လားရှိုးနယ် မိုင်းကျက် စစ်ကောင်စီတပ်စခန်းနှင့် နမ့်ခမ်းစခန်းသစ်ကုန်း နေရာများ၌ တိုက်ပွဲဆက်ရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

လားရှိုးမြို့နယ် စစ်ကောင်စီ မိုင်းကျက်တပ်စခန်းအား ယနေ့ နံနက် အစောပိုင်းတွင် TNLAက တိုက်ခိုက်ခဲ့ရာစစ်ကောင်စီက Y12 လေယာဉ်ဖြင့်(၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် ၅ကြိမ်လာရောက်ပစ်ကူပေးခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းတွင်‌ ယမန်နေ့ ည ၉ နာရီမှ ယနေ့နံနက် ၂နာရီအထိ တိုက်လေယာဉ်ဖြင့် ၄ကြိမ်လာရောက်ပစ်ကူပေးတိုက်ခိုက်ခဲ့သ်ဟု ထုတ်ပြန်သည်။

ရှမ်းမြောက်ဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ်က မြေပြင် စစ်ကူပေးရန် အခက်ကြုံနေ၍ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်နေခြင်းဖြစ်သည်။ ထို့ပြင် လက်နက်ခဲယမ်းနှင့် စစ်အင်အားများကိုလည်း လေကြောင်းမှ ဖြည့်တင်းနေရသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား