Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို TNLA တိုက်ခိုက်၍ တိုက်ပွဲဆက်ဖြစ်

လားရှိုး၊ မူဆယ်၊ကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ်များ၌တိုက်ပွဲဖြစ်ပွားခဲ့ရာ အချို့တိုက်ပွဲမှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာ၍ ဖြစ်ပြီး အချို့တိုက်ပွဲမှာTNLAက သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

(TNLA တပ်ဖွဲ့ဝင်များကိုစစ်ရေးပြအခမ်းအနားတစ်ခုတွင်တွေ့ရစဉ်။ ။ဓါတ်ပုံ-The New york Times)
(TNLA တပ်ဖွဲ့ဝင်များကိုစစ်ရေးပြအခမ်းအနားတစ်ခုတွင်တွေ့ရစဉ်။ ။ဓါတ်ပုံ-The New york Times)

▪️သုံးရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် စစ်ကူအင်အားများစွာ ပို့ဆောင်လာနေဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAက ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

လားရှိုးမြို့နယ် နမ့်လောင်းကျေးရွာအနီးတွင် ဩဂုတ် ၉ရက်နှင့် ၁၀ရက်က နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ် ၁၁ရက်တွင် ဟိုလောက်ရွာအနီး ထပ်မံတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ဩဂုတ် ၁၁ရက် ညနေပိုင်းမှ စတင်ကာ TNLAက စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်လက်အောက်ခံ စကခ (၁၆) ခလရ-၆၈၊ ရမခ/ခလရ – ၁၇ စုပေါင်းအင်အား ၆၀ ခန့်နှင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

TNLA တပ်မဟာ(၆) စစ်သေနယ်မြေရှိ ဟိုလောက်ရွာအနီး တိုက်ပွဲသို့ စစ်ကောင်စီဘက်မှ စစ်ကူအင်အားအများအပြား ပို့ဆောင်နေကြောင်း ယမန်နေ့ သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး TNLA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူ အချို့ထံဆက်သွယ်ခဲ့ရာ လတ်တလော အဆက်အသွယ်မရသေးပေ။

လားရှိုးမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိကြောင်း ယခင်TNLA သတင်းထုတ်ပြန်ချက်၌ဖော်ပြထားပြီး အရေအတွက် မသိရသေးဟု ဆိုသည်။ သို့သော် ယမန်နေ့တိုက်ပွဲ၌ထိခိုက်ကျဆုံးရှိ၊မရှိကို ဖော်ပြမထားပေ။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်နှင့် ဩဂုတ်အတွင်း တိုက်ပွဲ ၁၂ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

လားရှိုး၊ မူဆယ်၊ကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ်များ၌တိုက်ပွဲဖြစ်ပွားခဲ့ရာ အချို့တိုက်ပွဲမှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာ၍ ဖြစ်ပြီး အချို့တိုက်ပွဲမှာTNLAက သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။