Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်ချက်ကြောင့် ၁လအတွင်း အရပ်သား ၇၀ခန့်သေ၊ ၁၀၀ကျော် ဒဏ်ရာရဟု TNLA ထုတ်ပြန်

TNLA အပါအဝင် မဟာမိတ်တပ်များက ယခုရက်ပိုင်းတွင် တိုက်ခိုက်နေသည့် မူဆယ် (၁၀၅) မိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးထိခိုက်ခဲ့သည့် အခြေအနေများကိုလည်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

(မူဆယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Ta'ang Post)
(မူဆယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Ta'ang Post)

စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ၁လအတွင်း အရပ်သား ပြည်သူ ၇၀ ခန့်သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က အသိပေးထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့်အောက်တိုဘာ ၂၇ရက်မှ နိုဝင်ဘာ ၂၇ရက်ထိ စစ်ကောင်စီတပ်မှ ပြည်သူလူထုအား လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးဖြင့် အသုံးပြု တိုက်ခိုက်မှုကြောင့် ပြည်သူ သေဆုံးထိခိုက်ဒဏ်ရာရ အခြေအနေကို အသိပေးလာခြင်းဖြစ်သည်။

TNLA အပါအဝင် မဟာမိတ်တပ်များက ယခုရက်ပိုင်းတွင် တိုက်ခိုက်နေသည့် မူဆယ် (၁၀၅) မိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးထိခိုက်ခဲ့သည့် အခြေအနေများကိုလည်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ၂ရက်အတွင်း ပြည်သူ ၄ဦး သေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အဆောက်အဦး ပျက်စီးမှုများ ရှိခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူကို ဦးတည်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်သည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် ၁လတာအတွင်း အများပြည်သူဆိုင်ရာ အဆောက်အဦး၊ ဘုန်းကြီးကျောင်း နှင့် ပြည်သူလူထု နေအိမ် ၂၁၀ကျော် မီးလောင်ပျက်စီးမှုများ ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။