Connect with us

Hi, what are you looking for?

သတင်း

လေယာဉ်ပစ်ကူသုံးခုခံနေသည့် လားရှိုးမြို့နယ် မိုင်းကျက်စစ်ကောင်စီစခန်းကို TNLA သိမ်းပိုက်

TNLA တပ်မဟာ(၆)စစ်ဒေသ လားရှိုးမြို့နယ် မိုင်းကျက်စခန်းကို အောက်တိုဘာ ၂၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအကြာ နိုဝင်ဘာ၂၃ရက် ညသန်းခေါင်တွင် ဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးဌာနက အတည်ပြုသည်။

(စစ်ကောင်စိတပ်စခန်းရှိသည့် မိုင်းကျက်ကျေးရွာနှင့် တပ်စခန်းတည်နေရာပြမြေပုံ)
(စစ်ကောင်စိတပ်စခန်းရှိသည့် မိုင်းကျက်ကျေးရွာနှင့် တပ်စခန်းတည်နေရာပြမြေပုံ)

▪️အရေးပါသည့် မိုင်းကျက်စခန်းကို တစ်လနီးပါးကြာတိုက်ခိုက်ခဲ့ရဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ညပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) သတင်းပြန်ကြားရေးဌာန အရာရှိက ပြောကြားသည်။

“မနေ့ညက အဲဒီစခန်းကိုမဟာမိတ် သုံးဖွဲ့ပူးပေါင်းပြီးဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်”ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

(စစ်ကောင်စိတပ်စခန်းရှိသည့် မိုင်းကျက်ကျေးရွာနှင့် တပ်စခန်းတည်နေရာပြမြေပုံ)
(စစ်ကောင်စိတပ်စခန်းရှိသည့် မိုင်းကျက်ကျေးရွာနှင့် တပ်စခန်းတည်နေရာပြမြေပုံ)

TNLA တပ်မဟာ(၆)စစ်ဒေသ လားရှိုးမြို့နယ် မိုင်းကျက်စခန်းကို အောက်တိုဘာ ၂၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ တစ်လနီးပါးအကြာ နိုဝင်ဘာ၂၃ရက် ညသန်းခေါင်တွင် ဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA သတင်းပြန်ကြားရေးဌာနက အတည်ပြုသည်။

အဆိုပါတပ်စခန်းကို TNLAက ပထမအကြိမ် တစ်ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ထားပြီးဖြစ်သည်။ သို့ရာတွင် စစ်ကောင်စီတပ်က လေကြောင်း လက်နက်ကြီးပစ်ကူများသုံးပြီး နေရာပြန်ယူထား၍ ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ရက်ရှည်တိုက်ပွဲဖြစ်ပွားပြီး ယမန်နေ့ညပိုင်း၌ ဒုတိယ အကြိမ်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စိတပ်စခန်းရှိသည့် မိုင်းကျက်ကျေးရွာနှင့် တပ်စခန်းတည်နေရာပြမြေပုံ)
(စစ်ကောင်စိတပ်စခန်းရှိသည့် မိုင်းကျက်ကျေးရွာနှင့် တပ်စခန်းတည်နေရာပြမြေပုံ)

“သူက စခန်းကုန်းနည်းနည်းမြင့်တယ်။ ပြီးတော့ စစ်ဗျူဟာကျတဲ့နေရာလည်းဖြစ်တဲ့အတွက်ကြောင့်လေ။ဒီဖြစ်စဉ်မှာ တစ်ခါ သိမ်းလိုက်တယ်။ဒါပေမဲ့ လက်နက်ကြီးတွေ ဗုံးတွေ လာကြဲလိုက်လို့ ကျမတို့ပြန်ဆုတ်ခွာလိုက်ရတဲ့ အနေအထားရှိတယ်။ အခုကကျမတို့ပြန်ပြီးတိုက်ခိုက်တယ်။ပြန်ပြီးသိမ်းလိုက်တယ်”ဟုTNLA ပြန်ကြားရေးအရာရှိက ပြောသည်။

စခန်းမကျရေးအတွက် စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးပစ်ကူပေးနေသည့်ကြားမှထပ်မံသိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ရာက မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။