Connect with us

Hi, what are you looking for?

သတင်း

ဆယ်နယ်ရှိ နမ့်ပေါ်တပ်စခန်းသိမ်းပိုက်ပြီး လက်နက်မျိုးစုံ ၃၂လက်ရဟု TNLA အသိပေး

နမ့်ပေါ်တပ်စခန်းကို နိုဝင်ဘာ ၂၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ၅ရက် အကြာ ယနေ့နံနက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ နမ့်ပေါ်တပ်စခန်းအားသိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Ta'ang Post
မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ နမ့်ပေါ်တပ်စခန်းအားသိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Ta'ang Post

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏ နမ့်ပေါ်တပ်စခန်းကို ယနေ့ (ဒီဇင်ဘာ ၁ရက်) နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

အဆိုပါ တပ်စခန်းကို ယနေ့ နံနက် ၅နာရီတွင် ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုဆို သည်။

နမ့်ပေါ်တပ်စခန်းကို နိုဝင်ဘာ ၂၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ၅ရက် အကြာ ယနေ့နံနက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ နမ့်ပေါ်တပ်စခန်းအားသိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Ta'ang Post
မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ နမ့်ပေါ်တပ်စခန်းအားသိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – The Ta’ang Post

စခန်းသိမ်းတိုက်ပွဲ၌ နှစ်ဖက်ကျဆုံးထိခိုက်အခြေအနေများ ဖော်ပြမထားသော်လည်း လက်နက်ကြီး အပါအဝင်လက်နက်မျိုးစုံ ၃၂လက်၊ ကျည်အများအပြားနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း ဖော်ပြထားသည်။

မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ နမ့်ပေါ်တပ်စခန်းအားသိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Ta'ang Post
မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ နမ့်ပေါ်တပ်စခန်းအားသိမ်းပိုက်ပြီးနောက် ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – The Ta’ang Post

စစ်ကောင်စီ နမ့်ပေါ်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများစွာနှင့် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀နီးပါး ပစ်ကူပေးခုခံခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်သည်။ လေကြောင်း တိုက်ခိုက်မှု အခြေအနေမှာ Jet Fighter (၂၁)ကြိမ်၊ Y8/Y12 လေယာဥ် (၅)ကြိမ်၊ Mi35/Mi17 (၃)ကြိမ်ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု TNLAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား