Connect with us

Hi, what are you looking for?

သတင်း

MNDAA သိမ်းပိုက်ထိန်းချုပ်ထားသည့် ကွမ်းလုံဒေသကို စစ်ကောင်စီ အကြီးစားဗုံးများသုံး တိုက်ခိုက်

ကွမ်းလုံမြို့ကို MNDAAက နိုဝင်ဘာလဆန်းတွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၁၂ရက်အကြာတွင် မြို့နှင့်ဒေသတွင်း စစ်ကောင်စီတပ်များအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီက ဒီဇင်ဘာ ၇ရက်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာခြင်းဖြစ်သည်။

(ကွမ်းလုံဒေသ၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)
(ကွမ်းလုံဒေသ၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)

ကိုးကန့် ကွမ်းလုံဒေသကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အကြီးစားဗုံးများ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

ကွမ်းလုံမြို့ကို MNDAAက နိုဝင်ဘာလဆန်းတွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၁၂ရက်အကြာတွင် မြို့နှင့်ဒေသတွင်း စစ်ကောင်စီတပ်များအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီက ဒီဇင်ဘာ ၇ရက်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာခြင်းဖြစ်သည်။

ယမန်နေ့ မွန်းလွဲပိုင်း ၂နာရီခန့်တွင် စစ်ကောင်စီသည် ဂျက်လေယာဉ်ဖြင့် အကြီးစားဗုံးတစ်လုံးပစ်ခတ်ခဲ့ရာ ကျရောက်ပေါက်ကွဲသောနေရာသည် အနည်းဆုံး နေအိမ်(၈)အိမ်ဖျက်ဆီးခံရပြီး အချို့အိမ်မှာ တိုက်ရိုက်ပျက်ဆီးသွားခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

ရော်ဘာပင်များစွာလည်းထိမှန်ကာ အပင်ကိုယ်ထည်များ ကျိုးသွားကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ စစ်ကောင်စီတပ်က ဖျက်အားပြင်းဗုံးသုံး တိုက်ခိုက်ခဲ့သော်လည်းလူထိခိုက်မှုမရှိခဲ့ဟု အသိပေးသည်။

(ကွမ်းလုံဒေသ၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)
(ကွမ်းလုံဒေသ၌ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – The Kokang)

တိုက်ပွဲများ၌အထိနာပြီး စစ်စခန်းများစွာ ဆုံးရှုံးထားသည့် စစ်ကောင်စီတပ်သည် ကိုးကန့်၊ တအာင်းနှင့် ရခိုင်ဒေသ တိုက်ပွဲများ၌ ပေါင် ၅၀၀ဗုံးများ၊ ဗုံးပဒေသာများဖြင့် တိုက်ခိုက်မှုများအပြင် ဓာတုအဆိပ်ငွေသုံးဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။