Connect with us

Hi, what are you looking for?

သတင်း

ထွက်ပြေးနေသည့် စကခ ( ၁၂)မှူး ဗိုလ်မှူးချုပ် အောင်​ဇော်လင်းကို MNDAA ရှင်းလင်းနိုင်ပြီဟုအသိ​ပေး

စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၆၉)မှ တပ်ရင်းမှူးကိုလည်း နိုဝင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲတွင် စစ်သုံ့ပန်အဖြင့် ဖမ်းမိထားကြောင်း MNDAA က ရှင်းပြထားသည်။

ထွက်ပြေးနေသည့် စကခ ( ၁၂)မှူး ဗိုလ်မှူးချုပ် အောင်​ဇော်လင်းကို MNDAA ရှင်းလင်းနိုင်ပြီဟုအသိ​ပေး
ထွက်ပြေးနေသည့် စကခ ( ၁၂)မှူး ဗိုလ်မှူးချုပ် အောင်​ဇော်လင်းကို MNDAA ရှင်းလင်းနိုင်ပြီဟုအသိ​ပေး

ကိုးကန့်ဒေသတိုက်ပွဲများတွင် ထွက်ပြေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံချေမှုန်းစဉ် စစ်ကောင်စီတပ်၏ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ​အောင်​ဇော်လင်း အားဒီဇင်ဘာ ၆ ရက်တွင် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ကိုးကန့်ဒေသမှ မော်ထိုက် ၊ ချုံကန် ၊ ကုန်းကြမ်းစသည့်နေရာရှိ စစ်ကောင်စီတပ်စခန်းများကိုသိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ စစ်သားရာနှင့် ချီ သည် နေရာအနှံသို့ထွက်ပြေးပုန်းအောင်း​နေကြသည်။ ရှောက်ကိုင်အုပ်စုပတ်ဝန်းကျင်၌ ပုန်း‌အောင်းနေသော စစ်ကောင်စီဖွဲ့ဝင်တစ်ရာကျော်သည် MNDAA၏ ပိတ်ဆို့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ယင်းတို့အထဲတွင် စကခ(၁၂) စကခမှူး၊ မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပါဝင်ကြောင်းMNDAA က အသိ​ပေးသည်။

” ဒီဇင်ဘာလ ၆ ရက်နေ့ စစ်ကောင်စီအကြွင်းအကျန်အဖွဲ့ဝင်များဆက်လက်ရှင်းလင်းသုတ်သင်ရန် လုပ်ဆောင်နေချိန်တွင် ပစ်သတ်သေဆုံးခံရသော စစ်ကောင်စီရုပ်အ‌လောင်းတစ်လောင်းတွေ့ရှိပြီး ၎င်း‌‌‌ရုပ် အလောင်းပေါ်တွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိကာ သေဆုံးသွားသူမှာ စကခ(၁၂)မှ စကခမှူး အောင်ဇော်လင်းဖြစ်သည်ဟု ပဏာမကောက်ချက်ချအတည်ပြုပါသည်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကုန်းကြမ်းတပ်စခန်းမှ စစ်ကောင်စီအဖွဲ့ဝင်များကို စိစစ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ခလရ(၁၂၅) ၊ မော်ထိုက်နှင့် ချုံကန်နေရာမှ ကုန်းကြမ်းစခန်းသို့ ထွက်ပြေးလာသော စကခ(၁၂)နှင့် စကခ(၁၆)တို့အဖွဲ့ဝင်များပါဝင်ကြောင်း၊

Public Service Announcement

Public Service Announcement

စကခ(၁၆) စကခမှူးသည် MNDAAမှ ကုန်းကြမ်းစခန်း ကိုထိုးစစ်ဆင်မတိုက်ခိုက်မီ တစ်ရက်အလိုကတည်းက ထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရသည်။

စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၆၉)မှ တပ်ရင်းမှူးကိုလည်း နိုဝင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲတွင် စစ်သုံ့ပန်အဖြင့် ဖမ်းမိထားကြောင်း MNDAA က ရှင်းပြထားသည်။

အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့်နှစ်ရက်အတွင်းကလည်း ရှီရှမ်းဒေသ လောက်ဖောက်လုပ်နေရာတကြော နှင့် ရှင်ဝမ့်ဒေသနှင့်နီးစပ်ကပ်ရပ်ရှိသော မာကြည်ကျိုင့်ရွာတွင် စစ်ကောင်စီစစ်ပြေး(၃၀)ကျော်ကိုဖမ်းဆီးနိုင်ခဲ့​ကြောင်းလည်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။