Connect with us

Hi, what are you looking for?

သတင်း

သတ္တုတွင်းလုပ်ငန်းနှစ်ခုနှင့် စစ်တပ်၏ ခြေမြန်တပ်မဌာနချုပ်နှစ်ခုတို့အပေါ် ဗြိတိန် ဒဏ်ခတ်ပိတ်ဆို့

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတ္တုတွင်းလုပ်ငန်းနှစ်ခုနှင့် စစ်တပ်၏ ခြေမြန်တပ်မဌာနချုပ်နှစ်ခုတို့အပေါ် ဗြိတိန် ဒဏ်ခတ်ပိတ်ဆို့
သတ္တုတွင်းလုပ်ငန်းနှစ်ခုနှင့် စစ်တပ်၏ ခြေမြန်တပ်မဌာနချုပ်နှစ်ခုတို့အပေါ် ဗြိတိန် ဒဏ်ခတ်ပိတ်ဆို့

ဗြိတိန်အစိုးရသည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှု သုံးနှစ်ပြည့်မြောက်သည့်နေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် သတ္တုတွင်းလုပ်ငန်းနှစ်ခုနှင့် စစ်တပ်၏ ခြေမြန်တပ်မဌာနချုပ်နှစ်ခုတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

မြန်မာပြည်သူလူထုကို ဖိနှိပ်ရာတွင် ပါဝင်ပြီး စစ်တပ်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စီးပွားရေးအရင်းအမြစ်များထောက်ပံ့ပေးခြင်းနှင့် ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်နေခြင်းများအတွက် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း(ME1)၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း(ME2)တို့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်နိုင်ငံခြားရေးဌာနက ဖော်ပြသည်။

အလားတူ မြန်မာနိုင်ငံတွင် ဆိုးရွားသည့် လူအခွင့်အရေး ချိုးဖောက်မှုများအား ကျူးလွန်ရာတွင် ပါဝင်သော အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်တို့ကိုလည်း ဗြိတိန်က ဒဏ်ခတ်အရေးယူခဲ့သည်။

“စစ်အာဏာသိမ်းပြီး သုံးနှစ်အထိ မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့လူမဆန်တဲ့ဖိနှိပ်မှုတွေ ရပ်တန့်ဖို့ မြန်မာစစ်တပ်အပေါ် ကျွန်တော်တို့ ဆက်လက်ဖိအားတိုးမြှင့်ပေးသွားမှာပါ” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အတွက် ဗြိတိန်သည် မြန်မာစစ်တပ်၏ အရင်းအမြစ်များ ရရှိနေမှုကို ရပ်တန့်ရေးကို အထောက်အကူပြုရန် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်နေပြီး လုံခြုံငြိမ်းချမ်းသည့် အနာဂတ်ဒီမိုကရက်တစ် မြန်မာနိုင်ငံဖြစ်ထွန်းရေးကြိုးပမ်းမှုများအတွက် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်နေကြောင်း အထက်ပါနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

ထို့အပြင် စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တွင် ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်နှင့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ နော်ဝေ၊ နယူးဇီလန်၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများက အရပ်သားများအပေါ် စစ်တပ်၏ ဆက်လက်အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချကြောင်း ပူးတွဲကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။