Connect with us

Hi, what are you looking for?

သတင်း

ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ပထမအသုတ်ကို ထိုင်းအာဏာပိုင်များ ပြန်ပို့

KNU တပ်မဟာ(၆)သည် နယ်မြေအတွင်းရှိ တပ်စခန်းများအပြင် စစ်ကောင်စီတပ်ရင်းဌာနချုပ်များကိုပါ တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ကောင်စီတပ်သားများ စခန်းစွန့် ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်လာခြင်းဖြစ်သည်။

(ထိုင်းနိုင်ငံအာဏာပိုင်များက ထွက်‌ပြေးလာသော စစ်ကောင်စီတပ်သားများအား ပြန်လည်ပို့ဆောင်ရန် ယနေ့ ပြင်ဆင်နေစဥ်။ဓာတ်ပုံ - ทหารแฟนคลับ)
(ထိုင်းနိုင်ငံအာဏာပိုင်များက ထွက်‌ပြေးလာသော စစ်ကောင်စီတပ်သားများအား ပြန်လည်ပို့ဆောင်ရန် ယနေ့ ပြင်ဆင်နေစဥ်။ဓာတ်ပုံ - ทหารแฟนคลับ)

ထိုင်း – မြန်မာနယ်စပ်ရှိ မယ်သရောခီး စစ်ကောင်စီတပ်စခန်းနှင့် ကာကင်းစခန်းများမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၄၈ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းစစ်တပ် နယ်စပ်သတင်းများဖော်ပြနေသည့် Military Fan Clubလူမှုကွန်ရက်စာမျက်နှာက ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာသို့ ပြီးခဲ့သည့် မတ်လ ၁၉ရက်က ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သား ၄၈ဦးအား ထိုင်း – မြန်မာနယ်စပ် ညှိနှိုင်းရေးစင်တာ(TBC)က ပြန်ပို့ပေးခဲ့ခြင်းဟု ဖော်ပြထားသည်။

(ထိုင်းနိုင်ငံအာဏာပိုင်များက ထွက်‌ပြေးလာသော စစ်ကောင်စီတပ်သားများအား ပြန်လည်ပို့ဆောင်ရန် ယနေ့ ပြင်ဆင်နေစဥ်။ဓာတ်ပုံ - ทหารแฟนคลับ)
(ထိုင်းနိုင်ငံအာဏာပိုင်များက ထွက်‌ပြေးလာသော စစ်ကောင်စီတပ်သားများအား ပြန်လည်ပို့ဆောင်ရန် ယနေ့ ပြင်ဆင်နေစဥ်။ဓာတ်ပုံ – ทหารแฟนคลับ)

ထို့ပြင် တပ်မဟာ(၆)နယ်မြေအတွင်းရှိ ရေတလျောက်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဦးလည်း မတ်လ ၂၁ရက်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ထိုင်းနိုင်ငံ ပန်ခလန်ရွာသို့ ထပ်မံ ထွက်ပြေးလာခဲ့သည်။ ၎င်းတို့အား ထိန်းသိမ်းကာ လက်နက်များဖြုတ် သိမ်းထားသည်ဟု Military Fan Clubလူမှုကွန်ရက်စာမျက်နှာက ယမန်နေ့တွင် ဖော်ပြသည်။

ပြန်လည်ပို့ဆောင်သော ၄၈ဦးမှာ ရက်ပိုင်းအတွင်း ပမထဆုံးအသုတ်အနေဖြင့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများ ဖြစ်သည်။ ယမန်နေ့က ထပ်မံထွက်ပြေးလာသော ၂၆ဦးမှာ ပြန်လည်ပို့ဆောင်ပေးခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်ပြီး နယ်စပ်ရှိ ကရင်သတင်းရင်းမြစ်အား မေးမြန်းရာ “ဒါကတော့ အသက်ဉာဏ်စောင့်ပဲလေ။ မပြေးရင်လည်း သေမှာပဲလေ”ဟု ပြောသည်။

(ထိုင်းနိုင်ငံအာဏာပိုင်များက ထွက်‌ပြေးလာသော စစ်ကောင်စီတပ်သားများအား ပြန်လည်ပို့ဆောင်ရန် ယနေ့ ပြင်ဆင်နေစဥ်။ဓာတ်ပုံ - ทหารแฟนคลับ)
(ထိုင်းနိုင်ငံအာဏာပိုင်များက ထွက်‌ပြေးလာသော စစ်ကောင်စီတပ်သားများအား ပြန်လည်ပို့ဆောင်ရန် ယနေ့ ပြင်ဆင်နေစဥ်။ဓာတ်ပုံ – ทหารแฟนคลับ)

KNU တပ်မဟာ(၆)သည် နယ်မြေအတွင်းရှိ တပ်စခန်းများအပြင် စစ်ကောင်စီတပ်ရင်းဌာနချုပ်များကိုပါ တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ကောင်စီတပ်သားများ စခန်းစွန့် ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်လာခြင်းဖြစ်သည်။

“ ရေတလျောက်ဆိုတာ ထိုင်းမြန်မာနယ်စပ် မြန်မာဘက်ကဆိုရင် ကြာအင်းဆိပ်ကြီးမြို့နယ်။ ထိုင်းဘက်မှာဆိုရင် အုန်းဖျန်မြို့နယ်။ သူတို့ အခြေအနေ မဟန်လို့ ထွက်ပြေးတာပေါ့။ ဒီလ ၁၉ရက်နေ့ပြေးတာ(မယ်သရောထတပ်စခန်းမှ ထွက်ပြေးသူ) ၄၈ယောက်”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ရေတလျောက်စခန်းကို KNUက ၂၀၂၃ နှစ်ကုန်ပိုင်းတွင် သိမ်းပိုက်ခဲ့ဖူးပြီး နောက်ပိုင်းတွင် စစ်ကောင်စီဘက်က ပြန်လည်နေရာယူထားသည့် တပ်စခန်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။