မြန်မာစစ်တပ်ပိုင်ကုမ္ပဏီစာမျက်နှာတွေကို ဖေ့စ်ဘွတ်ခ်ကဖြုတ်ချပေးဖို့တောင်းဆိုတဲ့ အွန်လိုင်း လက်မှတ်ထိုးလှုပ်ရှားမှုမှာ ပါဝင်သူ ၅၂၀၀၀ ကျော်ရှိနေပြီလို့ Burma Campaign UK က ထုတ် ပြန်ပါတယ်။
ဖေ့စ်ဘုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒုတိယဥက္ကဌ Nick Clegg ကိုတောင်းဆိုတဲ့ အဲဒီလှုပ်ရှားမှာ လူပေါင်း ၅၂၀၀၀ ကျော်က လက်မှတ်ရေးထိုးပါဝင်ပြီး မြန်မာစစ်တပ်ကုမ္ပဏီတွေရဲ့ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွေကို ဖြုတ်ချပေးဖို့ တောင်းဆိုထားတာပါ။
စစ်တပ်ပိုင်ကုမ္ပဏီတွေက စစ်တပ်ရန်ပုံငွေနဲ့ သူတို့ကျူးလွန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ဘယ်လိုကူညီနေလဲဆိုတာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေက အသေးစိတ်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
Nick Clegg နဲ့ ဖေ့စ်ဘွတ်ခ်ဟာ အဲဒီစာမျက်နှာတွေကို ဖြုတ်ချဖို့တောင်းဆိုမှုတွေကို လျစ်လျူရှုထားပြီး လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တဲ့စစ်တပ်ကို သူတို့ဝင်ငွေရရှိရေး ဖေ့စ်ဘွတ်ခ်ကို အသုံးပြုဖို့ ဆက်လက်ခွင့်ပြုပေးနေတာဖြစ်ပါတယ်။

Public Service Announcement
ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံပေါင်း ၃၀ ကျော်ဟာ စစ်တပ် ရန်ပုံငွေရရှိရေးမှာ အဓိကအရေးပါတဲ့ ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်အရေးယူမှုချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ရာဇဝတ်မှုတွေနဲ့ စစ်အာဏာသိမ်းမှုတွေက ဖေ့စ်ဘွတ်ခ်ကို မစွဲဆောင်နိုင်သေးဘဲ ငွေရှာဖို့ ဖေ့စ်ဘုတ်သုံးနေတာကို ဖေ့စ်ဘွတ်ခ်ကိုယ်တိုင် ခွင့်ပြုနေတာက ဆိုးရွားပါတယ်” လို့ Burma Campaign UK ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။
ဖေ့စ်ဘွတ်ခ်ဟာ အွန်လိုင်းကနေလက်မှတ်ထိုးတောင်းဆိုတဲ့ အထက်ပါလှုပ်ရှားမှုမှာပါဝင်သူ ၅၂၀၀၀ ကျော်ရဲ့အသံကို နားထောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Mark Farmaner က ဆက်ပြောပါတယ်။


















































