Connect with us

Hi, what are you looking for?

သတင်း

ဝန်ကြီးချုပ်ဟောင်းသက်ဆင် မြန်မာတော်လှန်ရေးအင်အားစုများနှင့်ဆွေးနွေးခွင့်အပြည့်အဝရှိဟု ထိုင်းအစိုးရ​ပြော

အထက်ပါအလွတ်သဘောတွေ့ဆုံမှုများကို ထိုင်းနိုင်ငံတဖက်ကမ်း အရေးပါသည့်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မြဝတီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင် မြန်မာတော်လှန်ရေးအင်အားစုများနှင့်ဆွေးနွေးခွင့်အပြည့်အဝရှိဟု ထိုင်းအစိုးရ​ပြော
ဝန်ကြီးချုပ်ဟောင်းသက်ဆင် မြန်မာတော်လှန်ရေးအင်အားစုများနှင့်ဆွေးနွေးခွင့်အပြည့်အဝရှိဟု ထိုင်းအစိုးရ​ပြော

▪︎အဆိုပါ​တွေ့ဆုံမှုမှာ ထိုင်းအစိုးရနှင့် မသက်ဆိုင်ဟုဆို

People’s Spring

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် မြန်မာနိုင်ငံက တော်လှန်ရေး အင်အားစုတွေနဲ့ ဆွေးနွေးပိုင်ခွင့် အပြည့်အဝ ရှိ​ကြောင်းထိုင်းအစိုးရက ပြောကြားလိုက်သည်။

သက်ဆင်သည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်၍ ​တော်လှန်​ရေး အင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးပါကလည်း ထို​တွေဆုံ​ဆွေး​နွေးမှုသည် ပုဂ္ဂိုလ်ရေး သီးသန့် ဆုံးဖြတ်ချက်ဖြစ်ပြီး ထိုင်းအစိုးရနှင့် တိုက်ရိုက် မသက်ဆိုင်​ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးသစ် မာရစ် ဆမ်ဂီယန်ပွန်ဆာက ​မေလ ၇ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“မစ္စတာသက်ဆင်က လူသိထင်ရှားပြီး အဆက်အသွယ်တွေရှိတယ်ဆိုတာ ကျွန်တော်တို့ ဝန်ခံပါတယ်။ ပြဿနာတွေဖြေရှင်းနိုင်ဖို့ သူ(ဝန်ကြီးချုပ်ဟောင်း)ကူညီနိုင်တယ်လို့ မြန်မာကလည်း ယုံကြည်ပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

Public Service Announcement

Public Service Announcement

ဝန်ကြီးချုပ်ဟောင်းသက်ဆင်နှင့် ၎င်း၏အဖွဲ့သည် ဧပြီ ၁၃ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်များနှင့်ချင်းမိုင်မြို့၌ တွေ့ဆုံခဲ့သည်ဟု သတင်းများက ဖော်ပြ​နေကြသည်။ ထိုအပြင်မစ္စတာသက်ဆင်နှင့်အဖွဲ့သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

အထက်ပါအလွတ်သဘောတွေ့ဆုံမှုများကို ထိုင်းနိုင်ငံတဖက်ကမ်း အရေးပါသည့်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မြဝတီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် လက်ရှိအာဏာရ ထိုင်းညွန့်ပေါင်းအစိုးရကို ဦးဆောင်နေသည့် ဖျူထိုင်းပါတီ(PTP)၏ အဓိက ကြိုးကိုင်သူဟု သတ်မှတ်နိုင်ပြီး အစိုးရအဖွဲ့တွင် ရာထူးလက်ဆုပ်လက်ကိုင်ယူမထား​သော်လည်း ထိုင်းနိုင်ငံရေးအပေါ် ဩဇာညောင်းနေဆဲ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

သက်ဆင်သည် မြန်မာ့ တော်လှန်ရေး အင်အားစုများနှင့် မည်သည့် အ​ကြောင်းအရာများ ဆွေးနွေးခဲ့သည် ဆို​သော အသေးစိတ် အကြောင်းအရာများကို မာရစ်က ​ပြောကြားခြင်းမရှိ​ပေ။ သို့​သော် ဝန်ကြီးက ထိုင်းအစိုးရသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိုသာ အစဉ်လိုလားသည့် မူဝါဒကို ဆုပ်ကိုင်ထားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အထမြောက်ရန် ၊ စစ်ရှောင်များအတွက် လူသားချင်း စာနာမှု အထောက်အပံ့များ ကူညီပေးရန် အစဉ်သဖြင့် နိုးကြား အသင့်ရှိနေမည်ဟုလည်း ပြောကြားသွားခဲ့သည်။

ထိုင်းအစိုးရ၏ ရပ်တည်ချက်မှာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက်ဖြစ်ပြီး မည်သည့်ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုမဆို ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်းနှင့် နယ်စပ်တလျှောက် လူသားချင်းစာနာမှုအကူအညီများကိုဆက်လက်ပေးအပ်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး မာရစ်က ပြောသည်။

ကိုးကား – Bangkok Post၊ Thai Enquirer

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။