Connect with us

Hi, what are you looking for?

သတင်း

ပြည်သူလူထု သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး၊ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်ဟု NUG ထုတ်ပြန်

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ပြည်သူများကို စစ်​ကောင်စီတပ်ကအကြမ်းဖက်ဖြိုခွင်းရာ ထွက်​ပြေး​နေ​သောပြည်သူအချို့နှင့် စစ်​ကောင်စီ ရန်မှ လွတ်​အောင်​ပြေးရင်း သတင်းဓါတ်ပုံရိုက်ကူး​နေ​​သော သတင်း​ထောက်တစ်ဦး ။ဓါတ်ပုံ-ရိုက်တာ)
(၂၀၂၁ ​ဖေ​ဖော်ဝါရီလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ပြည်သူများကို စစ်​ကောင်စီတပ်ကအကြမ်းဖက်ဖြိုခွင်းရာ ထွက်​ပြေး​နေ​သောပြည်သူအချို့နှင့် စစ်​ကောင်စီ ရန်မှ လွတ်​အောင်​ပြေးရင်း သတင်းဓါတ်ပုံရိုက်ကူး​နေ​​သော သတင်း​ထောက်တစ်ဦး ။ဓါတ်ပုံ-ရိုက်တာ)

လီလီယန်/People’s Spring

ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး၊ လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ထုတ်ပြန်သည်။

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

NUG ၏ သဘောထားရပ်တည်ချက် ၈ ချက်ပါဝင်ပြီး ပြည်သူလူထုအနေဖြင့် တိုင်းရေးပြည်ရာကိစ္စအဝဝကို သေချာစွာ သိရှိ နားလည် သဘောပေါက်ပြီး အရေးကြီးသည့် ဆုံးဖြတ်ချက်များကို မှန်ကန်စွာ ရွေးချယ် ချမှတ်နိုင်စေရန် စာနယ်ဇင်းလွတ်လပ်ခွင့် နှင့် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းမီဒီယာများ၏ အခန်းကဏ္ဍ အထူးအရေးပါသည်ကို လေးနက်စွာ အသိအမှတ်ပြုကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာများအပါအဝင်လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းမီဒီယာများ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး အားပေးထောက်ခံပြီး စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူလူထု၏ သတင်းအချက်အလက် သိပိုင်ခွင့် နှင့် စဥ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်း မြင့်မားရေးအတွက် အထူး အရေးပါသည်နှင့်အညီ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အခိုင်အမာ ဆန့်ကျင်ကြောင်း ဖော်ပြသည်။

ထို့အပြင် သတင်းမီဒီယာများ၏ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့ကို ထိခိုက်စေမည့် ကန့်သတ် တားဆီး ချုပ်ခြယ်မှု မှန်သမျှကို ပြတ်သားစွာ ဆန့်ကျင်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး အားပေးထောက်ခံသွားမည်ဟု ဆိုသည်။

ယင်းနောက် ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပြီး လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်ဟု ဖော်ပြသည်။

နောက်ဆုံးတစ်ချက်မှာ သတင်းမီဒီယာသမားများအား ခြိမ်းခြောက် နှောင့်ယှက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်ပြီး ထိုလုပ်ရပ်များ ပပျောက်သွားစေရန်နှင့် သတင်းသမားများကို ကာကွယ်ပေးနိုင်ရန် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု NUG ကထုတ်ပြန်သည်။

လွတ်လပ်သော သတင်းမီဒီယာအခန်းကဏ္ဍ အထူးသဖြင့် သတင်းရယူခွင့်နှင့် ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို အသိအမှတ်ပြုထားသည့်အတွက် ကြိုဆိုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။

“အခုလိုမျိုး အစိုးရတရပ်အနေနဲ့ တာဝန်သိသိ အချက် ၈ ချက်ပါ အထူးသဖြင့် သတင်းထောက်တွေရဲ့ လုပ်ငန်းဖြစ်တဲ့ သတင်းရယူရေး၊​ အကာအကွယ်ပေးရေးတွေကို လေးစားအသိအမှတ်ပြုပြီး ကူညီသွားမယ်ဆိုတော့ တော်တော် အပြုသဘောဆောင်တယ်လို့ ယူဆပါတယ်။ လောလော

ဆယ် ပြည်တွင်းမှာရော၊ နယ်စပ်ဒေသမှာရော သတင်းရယူခွင့်နဲ့ပတ်သက်လို့ ပြဿနာနည်းနည်းလေးရှိနေတယ်ဗျ။ အဲဒီလိုအချိန်မှာ အခုလိုမျိုး အစိုးရတရပ်အနေနဲ့ ဒါမျိုးထွက်လာတော့ ကျွန်တော်တို့အနေနဲ့ တတပ်တအား ပိုပြီးအားတက်မိပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်အာဏာမသိမ်းမီက မြန်မာနိုင်ငံ၏ သတင်းမီဒီယာညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် ၁၃၉ အထိ ရှိခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံထက် တဆင့်ပိုမြင့်ခဲ့သော်လည်း အာဏာသိမ်းအပြီး သုံးနှစ်အတွင်းအဆိုးရွားအခြေအနေနှင့် မြန်မာသတင်းသမားများရင်ဆိုင်နေရကြောင်း ဦးတိုးဇော်လတ်က ပြောသည်။

“အာဏာမသိမ်းခင်က မြန်မာပြည်ရဲ့သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းက ၁၃၉ ရှိတယ်။ ထိုင်းထက်တောင် တစ်ပွိုင့်သာသေးတယ်။ ထိုင်းက ၁၄၀။ ထိုင်းထက် မီဒီယာလွတ်လပ်ခွင့်ရှိခဲ့တယ်။ အခု အဲဒီအခြေအနေကနေ သုံးနှစ်အတွင်း အဆိုးဆုံးဖြစ်သွားတယ်။ ဒီအချိန်မှာတော့ သတင်းမီဒီယာလွတ်လပ်ခွင့် အဆိုးရွားဆုံးနဲ့ မီဒီယာတွေကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်နေတယ်လို့ပြောပါရစေ” ဟု ၎င်းက ဆိုသည်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)၏ ယခုနှစ်(၂၀၂၄) ကမ္ဘာတဝန်းသတင်းမီဒီယာညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀အနက် မြန်မာနိုင်ငံက ၁၇၁ တွင် ရပ်တည်နေပြီး RSF စာရင်းအရ အာဏာသိမ်းစစ်ကောင်စီက သတင်းသမား ၅၉ ဦးနှင့် မီဒီယာအလုပ်လုပ်သူ ၃ ဦး စုစုပေါင်း ၆၂ ဦး ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ပြည်သူများကို စစ်​ကောင်စီတပ်ကအကြမ်းဖက်ဖြိုခွင်းရာ ထွက်​ပြေး​နေ​သောပြည်သူအချို့နှင့် စစ်​ကောင်စီ ရန်မှ လွတ်​အောင်​ပြေးရင်း သတင်းဓါတ်ပုံရိုက်ကူး​နေ​​သော သတင်း​ထောက်တစ်ဦး ။ဓါတ်ပုံ-ရိုက်တာ)

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။