Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ အကြီးဆုံးမြို့ကို သိမ်းယူဖို့ ကြိုးစားနေကြောင်း သတင်းတွေကို ပူတင်ငြင်းဆို

တရုတ်နိုင်ငံကို ရောက်ရှိနေစဉ် အတောအတွင်း သတင်းထောက်တွေက ရုရှားဟာ ခါကစ်ဗ်ထိ ချီတက်သိမ်းယူဖို့ အစီအစဉ် ရှိသလားလို့ မေးမြန်းချိန်မှာ ပူတင်က အခုထိတော့ အဲဒီကိစ္စကို လုံးဝ စဉ်းစားမထားဘူးလို့ ဖြေကြားသွားပါတယ်။

ယူကရိန်းရဲ့ အကြီးဆုံးမြို့ကို သိမ်းယူဖို့ ကြိုးစားနေကြောင်း သတင်းတွေကို ပူတင်ငြင်းဆို
ယူကရိန်းရဲ့ အကြီးဆုံးမြို့ကို သိမ်းယူဖို့ ကြိုးစားနေကြောင်း သတင်းတွေကို ပူတင်ငြင်းဆို

ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ခါကစ်ဗ်ကို သိမ်းယူဖို့ ပြင်ဆင်နေကြောင်း ခန့်မှန်းချက်တွေကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ငြင်းဆိုသွားပါတယ်။

တရုတ်နိုင်ငံကို ရောက်ရှိနေစဉ် အတောအတွင်း သတင်းထောက်တွေက ရုရှားဟာ ခါကစ်ဗ်ထိ ချီတက်သိမ်းယူဖို့ အစီအစဉ် ရှိသလားလို့ မေးမြန်းချိန်မှာ ပူတင်က အခုထိတော့ အဲဒီကိစ္စကို လုံးဝ စဉ်းစားမထားဘူးလို့ ဖြေကြားသွားပါတယ်။

ဒါပေမဲ့ လောလောဆယ် ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရုရှားတပ်တွေ ပိုမို ထိုးစစ်ဆင် ဝင်ရောက်နေတာကို ပူတင်က အတည်ပြုခဲ့ပြီး အဲဒီ စစ်ရေးလှုပ်ရှားမှုတွေရဲ့ ရည်ရွယ်ချက်ကတော့ ရုရှား နယ်စပ်တွေရဲ့ အလွန်မှာ လုံခြုံရေးဇုန်တွေ ထားရှိဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ခါကစ်ဗ်ဟာ ရုရှားတပ်တွေ ဆက်တိုက် ထိုးဖောက် စစ်ဆင်နေတဲ့ ဦးတည်ချက် လမ်းကြောင်းတည့်တည့်မှာ ရှိနေတာကြောင့် အဲဒီမြို့ဆီ ရုရှားက စစ်ချီနေသလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာတာပါ။ ယူကရိန်း စစ်တပ်ကတော့ နယ်စပ်ကျေးရွာ တချို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လက်လွှတ်ခဲ့ရတဲ့တိုင် ရုရှားထိုးစစ်ကို တည်တည်ငြိမ်ငြိမ် ဆက်ထိန်းထားနိုင်ဆဲလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ခါကစ်ဗ်ဟာ အခုသီတင်းပတ်ထဲမှာ ရုရှားရဲ့ ဒရုံးနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကိုလည်း ခံခဲ့ရပါသေးတယ်။ ခါကစ်ဗ်ဟာ စစ်ပွဲမတိုင်ခင်တုန်းက လူဦးရေ ၁.၄ သန်းလောက် နေထိုင်ပြီး ယူကရိန်းရဲ့ စစ်မှုနဲ့ နည်းပညာ ရပ်ဝန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ပြီးတော့ တည်နေရာကလည်း ရုရှားပိုင်နက်နဲ့ ကီလိုမီတာ ၃၀ လောက်သာ ကွာဝေးပါတယ်။

ပူတင်က ခါကစ်ဗ်ဟာ ရုရှားရဲ့ ထိုးစစ် အစီအမံထဲမှာ ပစ်မှတ်အနေနဲ့ မပါဝင်ဘူးလို့ လူသိရှင်ကြား ပြောထားတဲ့တိုင် သူ့ရဲ့ စကားတွေကို အပြည့်အဝ ယုံကြည်လို့ မရပါဘူး။ အထင်ရှားဆုံး ဥပမာ အနေနဲ့ ရုရှားဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို အလုံးအရင်း ထိုးစစ်ဆင် မတိုက်ခိုက်ခင် ကာလတလျှောက် အိမ်နီးချင်း နိုင်ငံကို စစ်ပြုမှာ မဟုတ်ကြောင်း ပူတင်က အကြိမ်ကြိမ် ငြင်းဆိုခဲ့ဖူးပါတယ်။

ကိုးကား CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။