Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨ထောက်ပံ့ထားတဲ့ စစ်လက်နက်တွေ ရုရှားပိုင်နက်ထဲမှာ သုံးမသုံး ယူကရိန်းကို ဆုံးဖြတ်ခွင့် ပေးမယ်လို့ ဗြိတိန်ပြော

ဗြိတိန်ဟာ ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ ၄ ဘီလီယံနီးပါးထိ များပြားတဲ့ စစ်ရေး အထောက်အပံ့တွေ ပေးပို့ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

⁨ထောက်ပံ့ထားတဲ့ စစ်လက်နက်တွေ ရုရှားပိုင်နက်ထဲမှာ သုံးမသုံး ယူကရိန်းကို ဆုံးဖြတ်ခွင့် ပေးမယ်လို့ ဗြိတိန်ပြော
⁨ထောက်ပံ့ထားတဲ့ စစ်လက်နက်တွေ ရုရှားပိုင်နက်ထဲမှာ သုံးမသုံး ယူကရိန်းကို ဆုံးဖြတ်ခွင့် ပေးမယ်လို့ ဗြိတိန်ပြော

ဗြိတိန်က ထောက်ပံ့တဲ့ စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲထိ တိုက်ခိုက်ရာမှာ ယူကရိန်းကို အသုံးပြုခွင့် ပေးသွားမယ်ဆိုတဲ့ သဘောမျိုး ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဝန်ကြီး ဒေးဗစ် ကင်မရွန်က ယူကရိန်းအတွက် ထောက်ပံ့ပေးထားတဲ့ ဗြိတိန် စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲထိ ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေမှာ သုံးမလား၊ မသုံးမလား ဆိုတာကို ယူကရိန်းကိုယ်တိုင် ဆုံးဖြတ်ခွင့် ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူက ဗြိတိန် အစိုးရဟာ ရုရှားကို တိုက်ခိုက်ဖို့ ယူကရိန်းအတွက် စစ်လက်နက်တွေ ထောက်ပံ့ပါတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး မပေါ်အောင်တော့ ကြေညာချက်ကို သတိထား သုံးနှုန်းသွားပါတယ်။

ရုရှားက ယူကရိန်း ပိုင်နက်ထဲ အကြိမ်ကြိမ် ကျူးကျူးကျော်ကျော် တိုက်ခိုက်နေတဲ့ အခြေအနေတွေမှာ ယူကရိန်းကလည်း ရန်သူ့ပိုင်နက်ထဲထိ ထိုးဖောက်ပြီး တုံ့ပြန်ဖို့ လိုအပ်တယ် ဆိုတဲ့ ခံစားချက်မျိုး ရှိနေမှာကို နားလည်ကြောင်း ကင်မရွန်က ပြောပါတယ်။

အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်းဆီ ထောက်ပံ့တဲ့ စစ်လက်နက်တွေကို ယူကရိန်းပိုင်နက် စစ်မြေပြင်မှာသာ အသုံးပြုဖို့ အလေးအနက် ကန့်သတ်ထားစေပါတယ်။ ဒါပေမဲ့ ဗြိတိန်ကတော့ ယူကရိန်းကို ဗြိတိန် စစ်လက်နက်တွေနဲ့ ရုရှားပိုင်နက်ထဲထိ တိုက်ခိုက်ဖို့ ယူကရိန်းက ဆန္ဒရှိရင်တောင် မတားဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး ကြေညာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားအစိုးရက အခုကိစ္စကို အပြင်းအထန် ရှုတ်ချပြီး ဗြိတိန်ဟာ နောက်ထပ် အန္တရာယ် များလွန်းတဲ့ ခြေလှမ်းတစ်ခုကို စတင်လိုက်တာ ဖြစ်တယ်လို့ ဝေဖန်သွားပါတယ်။

ဗြိတိန်ရဲ့ လုပ်ရပ်မျိုးက ယူကရိန်း ပဋိပက္ခကို ဗဟိုပြုပြီး ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် ပိုပြီး ခြိမ်းခြောက်မှုတွေ မြင့်တက်လာစေနိုင်တဲ့ ရွေးချယ်မှုလို့ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်က ဆိုပါတယ်။

ဗြိတိန်က ယူကရိန်းဆီ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေထဲမှာ Strom Shadowလို ကီလိုမီတာ ရာပေါင်းများစွာ ပျံသန်းနိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေလည်း ပါဝင်နေပါတယ်။ အဲဒီ ဒုံးကျည်တွေကို ယူကရိန်းက ရုရှားထိန်းချုပ်ထားရာ ခရိုင်းမီးယား ဒေသထဲက စစ်ဆင်ရေးတွေမှာ အောင်အောင်မြင်မြင် အသုံးပြုနေခဲ့ပြီး ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဗြိတိန်ဟာ ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ ၄ ဘီလီယံနီးပါးထိ များပြားတဲ့ စစ်ရေး အထောက်အပံ့တွေ ပေးပို့ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အထူးအရေးကြီးတဲ့ မြို့တစ်မြို့နားမှာ ရုရှားတပ်တွေ စုဝေးနေတဲ့နောက် ယူကရိန်းရဲ့ ဒေသတွင်း ထိန်းချုပ်နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။