Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရေတပ် စစ်သင်္ဘောအုပ်စုတစ်ခု ကျူးဘားနိုင်ငံကို ဆိုက်ရောက်လာ

ရုရှား ရေတပ်ဖွဲ့ထဲမှာ နျူကလီးယား ရေငုပ်သင်္ဘောတစ်စီး ပါဝင်ပေမယ့် အမေရိကန် စစ်ထောက်လှမ်းရေးကတော့ ဘယ်ရေယာဉ်မှ နျူကလီးယား လက်နက်တွေ တင်ဆောင်လာတဲ့ အထောက်အထား မတွေ့ရဘူးလို့ ပြောပါတယ်။

ရုရှားရေတပ် စစ်သင်္ဘောအုပ်စုတစ်ခု ကျူးဘားနိုင်ငံကို ဆိုက်ရောက်လာ
ရုရှားရေတပ် စစ်သင်္ဘောအုပ်စုတစ်ခု ကျူးဘားနိုင်ငံကို ဆိုက်ရောက်လာ

အမေရိကန် ကမ်းလွန်မှာရှိတဲ့ ကျူးဘားနိုင်ငံ ရေပိုင်နက်ထဲကို ရုရှားစစ်သင်္ဘော အုပ်စုတစ်ခု ဇွန်လ ၁၂ ရက်နေ့မှာ ဆိုက်ရောက်လာခဲ့ပါတယ်။

အဲဒီ ရုရှား ရေတပ်သင်္ဘောတွေဟာ ကာရေဘီယန် ပင်လယ်ပြင်မှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုအတွက် ကျူးဘားကို ရောက်လာတာပါ။ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အမေရိကန်နဲ့ ရုရှားတို့ကြား တင်းမာမှုတွေ အမြင့်ဆုံး ဖြစ်နေချိန် ရုရှား စစ်သင်္ဘောအုပ်က အမေရိကန် ပိုင်နက်နားမှာ စစ်ရေးလေ့ကျင့်ပြမှာ ဖြစ်ပါတယ်။

ကျူးဘားကို ရောက်လာတဲ့ ရေတပ်အုပ်စုမှာ ရုရှားရဲ့ ဖရီးဂိတ် စစ်သင်္ဘောတစ်စီး၊ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စီး၊ ဆီတင်သင်္ဘော တစ်စီး၊ ကယ်ဆယ်ရေး ဆွဲသင်္ဘော တစ်စီးတို့ ပါဝင်ပြီး ဟာဗားနား ပင်လယ်ကွေ့ထဲ ဝင်ရောက်လာတာပါ။ အဲဒီ သင်္ဘောအုပ်ဟာ အတ္တလန္တိတ် သမုဒ္ဒရာထဲမှာလည်း စစ်ရေးပြ ခုတ်မောင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ရုရှားရေတပ်အုပ်စုရဲ့ ဦးဆောင်ရေယာဉ်ဖြစ်တဲ့ ဖရီးဂိတ် စစ်သင်္ဘောက ရုရှားနဲ့ ကျူးဘား အလံတွေကို လွှင့်တင်ပြီး ဝင်ရောက်လာတဲ့အချိန် ကျူးဘား စစ်တပ်က အမြောက် ၂၁ ချက် ပစ်ဖောက်ပြီး ဂုဏ်ပြု ကြိုဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်က အဲဒီ ရုရှား သင်္ဘောတွေဟာ ဒေသတွင်းမှာ နွေရာသီအထိ ဆက်ရှိနေနိုင်ပြီး ရုရှားနဲ့ ဆက်ဆံရေး နီးစပ်တဲ့ ဗင်နီဇွဲလားကိုလည်း ခရီးဆက်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ရုရှားဟာ ကျူးဘား၊ ဗင်နီဇွဲလားတို့နဲ့ မဟာမိတ် ဆက်ဆံရေး တည်ဆောက်ထားပြီး အလျဉ်းသင့်သလို စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေကို အဲဒီနိုင်ငံတွေဆီ စေလွှတ်လေ့ ရှိပါတယ်။ ဒါပေမဲ့ အခု မစ်ရှင်ကတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်လုပ် လက်နက်တွေကို ရုရှားပိုင်နက်ထဲထိ အသုံးပြု တိုက်ခိုက်ဖို့ ယူကရိန်းဆီ ခွင့်ပြုလိုက်ပြီး တိုက်တိုက်ဆိုင်ဆိုင် နှစ်ပတ်အကြာမှာ ဖြစ်နေပါတယ်။

ရုရှား ရေတပ်ဖွဲ့ထဲမှာ နျူကလီးယား ရေငုပ်သင်္ဘောတစ်စီး ပါဝင်ပေမယ့် အမေရိကန် စစ်ထောက်လှမ်းရေးကတော့ ဘယ်ရေယာဉ်မှ နျူကလီးယား လက်နက်တွေ တင်ဆောင်လာတဲ့ အထောက်အထား မတွေ့ရဘူးလို့ ပြောပါတယ်။

၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ၊ စစ်အေးတိုက်ပွဲ ကာလတုန်းက ဆိုဗီယက် ရုရှားဟာ အမေရိကန် ကမ်းရိုးတန်းနဲ့ မိုင် ၉၀ လောက်အကွာ ကျူးဘားမှာ နျူကလီးယား ဒုံးကျည်တွေ ဖြန့်ကျက်ဖို့ စီစဉ်ခဲ့ရာက အမေရိကန်နဲ့ ထိပ်တိုက်တွေ့ပြီး နျူကလီးယား စစ်ပွဲ ဖြစ်လုနီးပါး သမိုင်းဝင် ကျူးဘား ဒုံးကျည် အကျပ်အတည်းကြီး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ၁၃ ရက် ကြာမြင့်ခဲ့ပြီး ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခတွေ ပေါက်ကွဲလုနီးပါး အခြေအနေဟာ နှစ်ဖက် ညှိနှိုင်းမှုတွေ အပြီး ရုရှားဖက်က အလျှော့ပေးလိုက်ခြင်းကြောင့် ပြေလည် အေးငြိမ်းသွားခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။