Connect with us

Hi, what are you looking for?

ဗီဒီယို

ကျူးဘားက ဟိုတယ်မှာ ပေါက်ကွဲမှုဖြစ်ပြီး ၂၆ ဦးထက်မနည်း သေဆုံး

ဟိုတယ်ဟာ ကပ်ရောဂါ ကာလအလွန် ပြန်လည်ဖွင့်လှစ်တာ ၄ ရက်သာ ကြာပါသေးတယ်။ ဒီပေါက်ကွဲမှုကြောင့် လူ ၂၆ ဦးထက်မနည်း သေပြီး ၆၀ ကျော် ဆေးရုံရောက်ခဲ့သလို ဟိုတယ်ရဲ့ အစိတ်အပိုင်း အတော်များများ ပျက်စီးသွားခဲ့ပါတယ်။

ကျူးဘားနိုင်ငံ၊ ဟာဗားနား မြို့တော်က နာမည်ကြီး ဟိုတယ်တစ်လုံးမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဟာဗားနား မြို့ဟောင်းမှာ တည်ရှိတဲ့ ဆာရာတိုဂါ ဟိုတယ်ဟာ ကျူးဘားရဲ့ ကြယ်ငါးပွင့်အဆင့် ထိပ်ဆုံးတန်း ဟိုတယ် အနည်းငယ်ထဲက တစ်ခု ဖြစ်ပါတယ်။ မေ ၇ ရက်ကတော့ ဓာတ်ငွေ့ သိုလှောင်ကန်တစ်ခု မတော်တဆ ဖြစ်ခဲ့တယ်လို့ ယူဆရတဲ့ ပေါက်ကွဲမှုကြီး ပေါ်ပေါက်ခဲ့တာပါ။

ဟိုတယ်ဟာ ကပ်ရောဂါ ကာလအလွန် ပြန်လည်ဖွင့်လှစ်တာ ၄ ရက်သာ ကြာပါသေးတယ်။ ဒီပေါက်ကွဲမှုကြောင့် လူ ၂၆ ဦးထက်မနည်း သေပြီး ၆၀ ကျော် ဆေးရုံရောက်ခဲ့သလို ဟိုတယ်ရဲ့ အစိတ်အပိုင်း အတော်များများ ပျက်စီးသွားခဲ့ပါတယ်။

အခုတော့ သမိုင်းဝင် အဆောက်အအုံတစ်ခု ဖြစ်ခဲ့တဲ့ ဟိုတယ်ကြီးဟာ အပျက်အစီးပုံ၊ အမှိုက်ပုံကြီး တစ်ခုလို ဖြစ်နေတယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးပုံအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေ ရှိနေသေးသလား ဆိုတာကို လိုက်လံ စစ်ဆေးနေကြပါတယ်။

Public Service Announcement

Public Service Announcement

အစိုးရရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနဲ့ ကလေးငယ် တစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒဏ်ရာ ရထားသူတွေကိုတော့ မြို့ထဲက ဆေးရုံတွေဆီ ခွဲဝေ ပို့ဆောင်ပေးပြီး ကုသမှု ခံယူနေစေပါတယ်။

ဟိုတယ်ရဲ့ ပေါက်ကွဲမှုက ပြင်းထန်လွန်းပေမယ့် အဆောက်အအုံ နောက်ဖက်မှာ ကပ်လျက် တည်ရှိတဲ့ စာသင်ကျောင်း တစ်ခုကတော့ ဆိုးဆိုးရွားရွား သက်ရောက် ထိခိုက်မှု မရှိခဲ့ပါဘူး။ ကျူးဘား ဝန်ကြီးချုပ် မီဂွယ်လ် ဒီယက်ဇ် ကာနဲလ်ဟာ အစိုးရ ကွန်ဂရက်ရုံးဟောင်း မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ အခင်းဖြစ်တဲ့ နေရာကို ကိုယ်တိုင် လာရောက် စစ်ဆေးခဲ့ပါတယ်။ သမ္မတက ဒါဟာ ဗုံးဖောက်ခွဲမှု၊ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုခု မဟုတ်ဘဲ မတော်တဆ ကံဆိုးမှု တစ်ခုသာ ဖြစ်တယ်လို့ အတည်ပြုသွားပါတယ်။

ဆာရာတိုဂါ ဟိုတယ်ဟာ ၁၉ ရာစု၊ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံဟောင်းကြီး တစ်ခုကို ပြင်ဆင် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အဲဒီ ဟိုတယ်မှာ မက်ဒေါနား၊ ဘီယွန်းဆေးနဲ့ မစ်ခ်ဂျက်ဂါတို့လို ကမ္ဘာသိ ပုဂ္ဂိုလ်တွေပါ သွားရောက် တည်းခို နေထိုင်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။