Connect with us

Hi, what are you looking for?

သတင်း

လားရှိုးတိုက်ပွဲတွင်စစ်တပ်မှ ဒုဗိုလ်မှူးကြီး ၁ဦး ၊ ဗိုလ်မှူး ၂ဦး နှင့် ဗိုလ်ကြီး ၅ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၁၇ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် MNDAA ထံ အလင်းဝင်

လားရှိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးဦးဆောင်ပြီးအရာရှိ စစ်သည် ၃၁၇ ဦး လက်နက်ချ အလင်းဝင်လာကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ သတင်းထုတ်ပြန်သည်။

တော်လှန်ရေးတပ်များထံလက်နက်ချ အလင်းဝင်ခဲ့သော ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်မိုး အပါအဝင် အရာရှိနှင့်တပ်ဖွဲ့ဝင် ၃၀၀ ကျော်ကိုတွေ့ရစဥ်။ ဓါတ်ပုံ-The Ko Kang

လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်က မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်အား တိုက်ထုတ်ရာတွင် ပါဝင်လိုကြောင်း ပြောဆိုဟု MNDAA ထုတ်ပြန်

ဟန်နွေ/People’s Spring

လားရှိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးဦးဆောင်ပြီးအရာရှိ စစ်သည် ၃၁၇ ဦး လက်နက်ချ အလင်းဝင်လာကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီတွင် စစ်​ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ ဦးကိုခေါ်ဆောင်၍ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားပေါင်း ၃၀၀ ကျော် စုစုပေါင်း ၃၁၇ ဦး MNDAAတပ်ထံ လက်နက်ချ အလင်းဝင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မင်းအောင်လှိုင်၏အာဏာသိမ်းတပ်အား တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟုလည်း MNDAA ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

MNDAAနိုင်ငံရေးဌာန၏ ရှေ့တန်းလုပ်ငန်းအဖွဲ့မှ လက်နက်ချအလင်းဝင်လာသူတို့အား လက်ခံခဲ့ကြောင်း အသိပေးသည်။ သို့​သော်လက်နက်ချ​သော တပ်ရင်းအမည်များကိုမူ ထုတ်ပြန်ခြင်းမရှိ​သေး​ပေ ။ MNDAA ဦး​ဆောင်​သော ပူး​ပေါင်းတပ်များသည် ယခုရက်ပိုင်းအတွင်း ခလရ ၄၁ နှင့်ခလရ ၆၈ တို့ကို သိမ်းပိုက်ခဲ့သည်။

MNDAAတပ်ဖွဲ့နိုင်ငံရေးဌာန/စည်းရုံရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ချီကွမ်းရွှင့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ချမှုနှင့် တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်လိုသည့်ဆန္ဒကို ကြိုဆိုခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် လက်နက်ချသည့် သတင်းကို MNDAAက ရုပ်သံမှတ်တမ်းနှင့်အတူ ဖော်ပြခဲ့ရာ အဆောက်အဦး ခန်းမတစ်ခုအတွင်း ရာနှင့်ချီ​သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီတန်းထိုင်နေမှု၊ ကိုးကန့်တပ်မှူးနှင့် စစ်ကောင်စီတပ် တာဝန်ရှိသူတို့ လက်ဆွဲနှုတ်ဆက်နေမှုကို တွေ့ရသည်။

ထို့နောက်ကိုးကန့်တပ်မှူးက MNDAA၏ ရပ်တည်ချက် ၊ အဆိုပြုချက်နှင့် နိုင်ငံရေးလမ်းကြောင်းကို လက်နက်ချ စစ်ကောင်စီတပ်သားများအား ပြောကြားခဲ့ရာ ပြည်ထောင်စုကို ပိုင်းခြားမည်မဟုတ်ကြောင်း အသိပေးသည်။

တိုင်းရင်းသားအားလုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့် လွတ်လပ်စွာ ခံစားနိုင်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရာတွင် တက်ကြွစွာပါဝင်မည်ဟု MNDAA တပ်မှူးက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးက ဗမာလူမျိုးကြီးဝါဒကို ဆန့်ကျင်ကြသည့် တော်လှန်ရေးအောင်မြင်ပြီးနောက် ဟန်(ကိုးကန့် မျိုးနွယ်အမည်)လူမျိုးကြီးဝါဒကိုမည်သည့်အခါမှ အကောင်အထည်ဖော်မည်မဟုတ်ဟုလည်း MNDAAက အသိပေးသည်။

တိုင်းရင်းသားအားလုံး၏ နိုင်ငံရေးဆန္ဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အ၀ လေးစားသည်ဟုလည်း MNDAAက ပြောကြားသည်။

လက်နက်ချ အလင်းဝင်သူများကို လက်ခံချိန် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့သည်ဟု အသိပေးထားသည်။

ထို့ပြင် လက်နက်ချသူများအား MNDAA နှင့်မဟာမိတ်တပ်များ၏ နိုင်ငံရေး သဘောထားများနှင့် နိုင်ငံရေး ရပ်တည်ချက်များကို အသေးစိတ် ရှင်းလင်းတင်ပြကာ စစ်သုံ့ပန်းများအတွက် ဦးစားပေး ဆက်ဆံမှုနှင့် ဆုကြေးမူဝါဒများကို အသေးစိတ် မိတ်ဆက်ခဲ့သည်ဟု ထုတ်ပြန်သည်။

MNDAA အနေဖြင့် လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများကို ရာထူးအဆင့်အလိုက်၊ လက်နက်ခဲယမ်းပါဝင်လာမှုအပေါ်မူတည်ပြီး တစ်ဦးချင်းစီအတွက် ကျပ် ၁၀ သိန်းမှ ၃၅ သိန်းအထိ ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်လာစေရန် စည်းရုံးနိုင်မှုအပေါ်မူတည်ပြီး ဆုငွေပေးမည်ဟုလည်း အသိပေးထားသည်။

MNDAA က လက်နက်ချသော စစ်သားများအတွက် အခြေခံ အသက်မွေးဝမ်းကြောင်း လုံခြုံမှုကိုသာမက ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဖျားနာသော ဝန်ထမ်းများအား အချိန်မီ ဆေးဝါးကုသမှု ပေးခဲ့ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။