Connect with us

Hi, what are you looking for?

သတင်း

စစ်သုံ့ပမ်းနှင့် စစ်သားမိသားစုဝင် ၃၀၀ ကျော်ကို MNDAA ထပ်မံ လွှတ်ပေး

လားရှိုးမြို့တိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် စစ်သုံ့ပမ်း ၅၅ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထပ်မံ လွှတ်ပေးလိုက်ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က ယနေ့ သတင်းထုတ်ပြန်သည်။

လားရှိုးမြို့တိုက်ပွဲအတွင်း ဖမ်းမိစစ်သုံ့ပမ်း ၅၅ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို MNDAAက ထပ်မံ လွှတ်ပေးနေစဉ်။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

လားရှိုးမြို့တိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် စစ်သုံ့ပမ်း ၅၅ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထပ်မံ လွှတ်ပေးလိုက်ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က ယနေ့ သတင်းထုတ်ပြန်သည်။

MNDAAအနေဖြင့် လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)အား သိမ်းပိုက်စဉ် စစ်သုံ့ပမ်း ထောင်ချီ ဖမ်းမိခဲ့ရာ စစ်သုံ့ပမ်းမိသားစုဝင်များကို ဩဂုတ် ၆ရက်မှစ၍ ပြန်လည်လွှတ်ပေးခြင်းများ ပြုလုပ်လျက်ရှိရာဩဂုတ် ၁၁ ရက်တွင် စစ်သုံ့ပမ်း ၅၅ဦး၊ ၎င်းတို့၏ မိသားစုဝင် ၂၇၆ ဦး စုစုပေါင်း ၃၃၁ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လွှတ်ပေးခြင်းအပြင် လမ်းစရိတ်များ ပေးခဲ့ကြောင်းလည်း ကိုးကန့်တပ်မတော်က ထုတ်ပြန်သည်။

MNDAAအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ပြသသည့်အနေဖြင့် ထိုသို့လွှတ်ပေးခြင်း၊ လမ်းစရိတ်ပေးခြင်း၊ ဒဏ်ရာရသူများအားကုသပေးခြင်း၊ စစ်သုံ့ပမ်းမိသားစုဝင်များကို စားနပ်ရိက္ခာထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု အသိပေးသည်။

MNDAA အနေဖြင့် ထိုသို့ စစ်သုံပမ်းများကို ပြန်လွှတ်ပေးမှု ရှိသကဲ့သို့ တစ်ဖက်တွင်လည်း စစ်သုံပမ်း ထောင်ချီကျန်ရှိနေပြီး ၎င်းတို့အား ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိခဲ့ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။