Connect with us

Hi, what are you looking for?

သတင်း

မူဆယ် နန်း​တော်ဂိတ်၌ တရုတ်ဘက်သို့သွားရန် တန်းစီရာနေရာလုရင်း ဓါးထိုးမှုဖြစ်

မူဆယ်မြို့တွင် တရုတ်နိုင်ငံနှင့် နယ်စပ်ဂိတ်ပေါက်ဖြစ်သောနန်းတော်ဂိတ်ပေါက်၌ ယနေ့(စက်တင်ဘာလ ၃ရက်) နေ့ခင်းပိုင်းတွင် တရုတ်နိုင်ငံသို့ဝင်ရန်တန်းစီရင်းနေရာလုရာမှ ဓါးထိုးမှုဖြစ်ပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့သည်။

နန်း​တော်ဂိတ်တွင် တန်းစီ​နေသူများကို ၂၀၂၃ ခုနှစ်၌ ​တွေ့ရစဥ်။ဓါတ်ပုံ- CJ

‌သားကြီး/People’s Spring

မူဆယ်မြို့တွင် တရုတ်နိုင်ငံနှင့် နယ်စပ်ဂိတ်ပေါက်ဖြစ်သောနန်းတော်ဂိတ်ပေါက်၌ ယနေ့(စက်တင်ဘာလ ၃ရက်) နေ့ခင်းပိုင်းတွင် တရုတ်နိုင်ငံသို့ဝင်ရန်တန်းစီရင်းနေရာလုရာမှ ဓါးထိုးမှုဖြစ်ပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့သည်။

“နန်းတော်ဂိတ်ကနေ ဝင်ဖို့ တန်းစီရင်း နေရာလုတာ။ နေရာဦးထားပြီးရောင်းစားသူနဲ့ တန်းစီသူ ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်တာ” ဟုဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အသက် ၂၅နှစ်ခန့်အမျိုးသားတစ်ဦး ဝမ်းဗိုက်၌ ဓားနှစ်ချက်အထိုးခံရပြီး လူမှုကူညီ ရေးအဖွဲ့များက ဆေးရုံသို့ပို့ဆောင်ထားသည်။ ဓါးဖြင့်ထိုးသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

မူဆယ်မြို့တွင် နန်းတော်ပေါက်၊ မန်ဝိန်းပေါက်၊ ဆင်ဖြူပေါက်တို့ရှိပြီး နန်းတော်ပေါက်သည် လူအဓိကဝင်ထွက်သည့် ဂိတ်ပေါက်ဖြစ်သည်။ ထိုဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်နိုင်ရေး တန်းစီသူ နေ့စဉ်ရာချီရှိပြီး နေရာဦးသည့် ဈေးကွက်လည်း ပေါက်နေသည်။

“နေရာဦးပြီးရောင်းစားတာ။ တစ်နေရာကိုပေါက်‌ဈေး သိန်းချီတယ်။ လဝကနဲ့ ပေါင်းစားကြတာ” ဟုဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။