Connect with us

Hi, what are you looking for?

News

ဗြိတိန်မှာ ကျင်းပမယ့် G7-အာဆီယံဆွေးနွေးပွဲမှာ စစ်ကောင်စီကို လူကိုယ်တိုင်တက်ရောက်ခွင့်မပြု

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထက်ပါဆုံးဖြတ်ချက်ကို Burma Campaign UK ကလည်း ကြိုဆိုလိုက်ပါတယ်။

ဗြိတိန်မှာ ကျင်းပဖို့ရှိနေတဲ့ G7 နိုင်ငံခြားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ဝန်ကြီးအဆင့်ဆွေးနွေးပွဲ တက်ရောက်ဖို့ အာဆီယံနိုင်ငံတွေကို ဖိတ်ကြားထားပေမယ့် မြန်မာစစ်ကောင်စီကို လူကိုယ် တိုင်တက်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗြိတိန်လွှတ်တော်အမတ် Lyn Brown ရဲ့မေးမြန်းမှုကို အာရှရေးရာ နိုင်ငံခြားဝန်ကြီး Amanda Milling က မနေ့(အောက်တိုဘာ ၁၉)ညက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“အာဆီယံနဲ့ အင်ဒို-ပစိဖိတ်ဒေသကို ကျွန်မတို့ပေးထားတဲ့ ကတိကဝတ်တွေကို သက်သေပြဖို့ လာမယ့် ဒီဇင်ဘာမှာ လီဗာပူးမှာကျင်းပမယ့် G7 နိုင်ငံခြားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာဝန်ကြီးအဆင့်ဆွေးနွေးပွဲကို အာဆီယံကို ဗြိတိန်က ဖိတ်ကြားထားပါတယ်။ ဗြိတိန်က မြန်မာရဲ့ စစ်ကောင်စီ ကို လူကိုယ်တိုင် တက်ရောက်ခွင့်ပြုမှာမဟုတ်ပါဘူး။ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီး ညီလာခံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ကြားတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ သတိပြုမိပါတယ်” လို့ Amanda Milling က ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထက်ပါဆုံးဖြတ်ချက်ကို Burma Campaign UK ကလည်း ကြိုဆိုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန်အစိုးရဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု၊ မြန်မာပြည်သူတွေကို အကြမ်းဖက်မှုနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် အရပ်သားအစိုးရအဖွဲ့ ဝင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ဖမ်းဆီးထိန်းသိမ်းမှုတို့ကို ပြစ်တင်ရှုတ်ချပါတယ်။

နောက်ပြီး ဗြိတိန်ဟာ မြန်မာနိုင်ငံမှာ ပဋိပက္ခအဆုံးသတ်ရေးအတွက် အာဆီယံနဲ့ အနီးကပ် ဆက်လက်ကြိုးပမ်းလုပ်ဆောင်မယ်လို့ Amanda Milling က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် ဝေဟင်ဆီဖြည့် အထောက်အပံ့မျိုး ကူညီပေးသွားမယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

Facebook