Connect with us

Hi, what are you looking for?

သတင်း

One Championshipတွင် သွေးသစ်ဝင်းလှိုင် ထပ်မံရှုံးနိမ့်

ထိုင်းနိုင်ငံ၌ ယနေ့ (စက်တင်ဘာ ၂၀) ညပိုင်း ထိုးသတ်သည့် One Championship မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင်က ပြိုင်ဘက် ဥဇဘတ်ကစ္စတန်ဖိုက်တာကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ဓာတ်ပုံ - One Championship

သုည/People’s Spring

ထိုင်းနိုင်ငံ၌ ယနေ့ (စက်တင်ဘာ ၂၀) ညပိုင်း ထိုးသတ်သည့် One Championship မွေထိုင်းပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင်က ပြိုင်ဘက် ဥဇဘတ်ကစ္စတန်ဖိုက်တာကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

သွေးသစ်ဝင်းလှိုင်နှင့် ဥဇဘက်ကစ္စတန်ဖိုက်တာ မာလွန်ခါကော့ဗ် တို့သည် ယနေ့ညတွင် One Friday Fights 80 ပြိုင်ပွဲ၏ ဖယ်သာဝိတ်တန်းမွေထိုင်းစိန်ခေါ်ပွဲအဖြစ် ယှဥ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းပွဲစဥ် ပထမအချီတွင် သွေးသစ်နှင့် ခါဟော့ဗ်တို့ အပြန်အလှန်ထိုးသတ်နိုင်ခဲ့သော်လည်း ဒုတိယအချီတွင် သွေးသစ်ထက် အရပ်အမောင်းသာသည့် ခါ​ဟော့ဗ်က ထောက်လက်သီး၊​ ခြေကန်ချက်တို့ဖြင့် အသာရခဲ့သည်။

တတိယအချီတွင်လည်း ခါကော့ဗ်က လက်သီးချက်၊ လက်ပြန်ရိုက်ချက်၊ ဒူးတိုက်ချက်ဖြင့် အသာစီးထိုးသတ်ခဲ့ပြီး​ သွေးသစ်ဝင်းလှိုင် အထိနာခဲ့ကာ ဒိုင်၏ အမှတ်စဥ်ရေတွက်ခြင်း ခံခဲ့ရသည်။

ပွဲအပြီးတွင် အမှတ်ပေးဒိုင်များ၏ ဆုံးဖြတ်ချက်အရ အသာထိုးသတ်နိုင်ခဲ့သည့် ခါကော့ဗ် အမှတ်ဖြင့် အနိုင်ရခဲ့ပြီး သွေးသစ်ဝင်းလှိုင်အနေဖြင့် One Championship ၌ ရှုံးပွဲထပ်ကြုံခဲ့ရသည်။

သွေးသစ်ဝင်းလှိုင်သည် One Championship မွေထိုင်းပြိုင်ပွဲတွင် နှစ်ပွဲ ယှဥ်ပြိုင်ထိုးသတ်ခဲ့ရာ နိုင်ပွဲမရရှိသေးဘဲ နှစ်ပွဲစလုံး ရှုံးနိမ့်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့စပါးအုံးဟုနာမည်ကျော်သည့်အောင်လအန်ဆန်နှင့်ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့လာမည့်အောက်တိုဘာ၃ရက်တွင်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း One Championship က ယနေ့ (စက်တင်ဘာ ၂ရက်) ထုတ်ပြန်သည်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် ယနေ့ (မေလ ၉) ညပိုင်းက ထိုးသတ်သည့် One Championship မွေထိုင်းပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဂျူနီယာကို ဒုတိယအချီတွင် အလဲထိုး​ အနိုင်ရခဲ့သည်။

သတင်း

One Championshipက ယနေ့ (မတ်လ ၈) နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် လက်ဝှေ့ကျော် စိုးလင်းဦးက ပြိုင်ဘက်ရုရှားဖိုက်တာကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် One Championship ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဥ်တွင် ချီလီဖိုက်တာ ဖရန်စီကာဗီရာကို အမှတ် ဆုံးဖြတ်ချက် ဖြင့် ရှုံးနိမ့်ခဲ့သည်။