Connect with us

Hi, what are you looking for?

ludunwayoo

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နှင့် (၉)မိုင်အကွာရှိ စစ်ကောင်စီ၏ ဝမ်မလန်းတပ်စခန်း သိမ်းပိုက်ရရှိကြောင်း ကရင်နီပူးပေါင်းတပ်မှ တာဝန်ရှိသူအချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ရန်ကုန်၊ မင်္ဂလာတောင်ညွှန်မြို့နယ် သိမ်ဖြူလမ်းတွင် လမ်းဘေး၌ ရပ်ထားသည့် ကား မီးလောင်မှုမှ စတင်ပြီး ကားနှစ်စီးမီးလောင်ဆုံးရှုံးခဲ့သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် ကိုးကန့်တပ်မတော်(MNDAA)မှ ရဲဘော်အချင်းချင်း ယနေ့(ဧပြီ၁ရက်)က ခိုက်ရန်ဖြစ်ပွားမှုသည် နားလည်မှု လွဲမှားခြင်းသာဖြစ်ကြောင်း TNLAက ရှင်းလင်းချက် ထုတ်ပြန်သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ရပ်ထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို ယနေ့(ဧပြီ ၁ရက်) နေ့လည်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ငလျင်ကြီးဒဏ်သင့် မန္တလေးမြို့၊ အိုးဘိုအကျဥ်းထောင်တွင်း အမျိုးသားအလုပ်ရုံနှင့် အမျိုးသမီးဆောင်ပြိုကျ၍ ၃ဦးသေဆုံးကာ ၁၁ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ အသိပေးထုတ်ပြန်သည်။

သတင်း

ငလျင်ကြောင့် ထိခိုက်သေကြေ အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ဒီနေ့ ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ခန့်မှာ ဥဩဆွဲ တာကို မြို့ကြီးတွေ မှာပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

အတွေးအမြင်

မတ်လ၂၈ ရက်နေ့က ငလျင်ကြီးဟာမြန်မာကို ရေရှည်မှာဒီမိုကရေစီနဲ့ဝေးရာကိုတွန်းထုတ်နေပါတယ်။ အနောက်ကမ္ဘာကို ရွံကြောက်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးများ၊ အိမ်ဖြူတော်မှာ သမ္မတလုပ်တမ်းကစား နေတဲ့ထရန့်နဲ့အပေါင်းအပါတွေနဲ့ “ဂျပိုးများသမဂ္ဂ" ဖွဲ့နေတဲ့တရုတ်နဲ့ရုရှား တို့လိုနိုင်ငံတွေက ဒီပြဿနာမှာ ချောဆီတွေပါပဲ။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ကျောင်းဆရာတစ်ဦးနှင့် ရဲဘော်နှစ်ဦး စုစုပေါင်း လေးဦးသေဆုံးခဲ့ကြောင်း ပေါက်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဧပြီ ၁ရက်) ထုတ်ပြန်သည်။

သတင်း

ဝိုင်းမော် - ကန်ပိုက်တီလမ်းပိုင်း၊ ဝိုင်းမော်မြို့အနီး၌ စစ်ကောင်စီက တင့်ကားခုနစ်စီးဖြင့် ရောက်ရှိလာပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ထိန်းချုပ်ထားသော လမြန်ကျေးရွာကို ဒရုန်းအသုံးပြု၍ ဖျက်အားပြင်းဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီသည် ခေတ်မီလူသတ်လက်နက်များသာရှိပြီး လူအများကို ကယ်တင်မည့် ပစ္စည်းများ မရှိ၍ သတင်းသမားများအား လွတ်လပ်စွာ သတင်းရယူခွင့် မပေးခြင်းဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။

Facebook