Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ပေါ်နှင့် ဖားကန့်တွင် ရှစ်လေးလုံးလူထုအရေးတော်ပုံ လှုပ်ရှားမှု ပြုလုပ်

မန္တလေးမြို့ပေါ်နှင့် ဖားကန့်ဒေသတို့တွင် တော်လှန်ပြည်သူများက ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး (၃၇)နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ယနေ့ (သြဂုတ် ၈) နံနက်က ပြုလုပ်ခဲ့သည်။

သြဂုတ်-၈၊၂၀၂၅။ သုည/People’s Spring

မန္တလေးမြို့ပေါ်နှင့် ဖားကန့်ဒေသတို့တွင် တော်လှန်ပြည်သူများက ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး (၃၇)နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ယနေ့ (သြဂုတ် ၈) နံနက်က ပြုလုပ်ခဲ့သည်။

စစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်ထားသည့် မန္တလေးမြို့ပေါ် တနေရာတွင် တော်လှန်လူငယ်တစ်ဦးက ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး (၃၇)နှစ်ပြည့် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

တော်လှန်လူငယ်က နံရံထက်တွင် ၈၈၈၈ စာသားအား ရေးသားကာ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး (၃၇)နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ပြီး မပြီးဆုံးသေးသည့် ပြည်သူ့တော်လှန်ရေးခရီးကြမ်းကို အဆုံးထိအတူ ဆက်လက် ချီတက်ကြရန်လည်း နှိုးဆော်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်လည်း ယနေ့ ကျရောက်သည့် (၈.၈.၂၀၂၅)တွင် ရှစ်လေးလုံးအထိမ်းအမှတ်နှင့် အာဏာသိမ်းစစ်တပ်က ကျင်းပပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

ဖားကန့်ပြည်သူများက ခေတ်အဆက်ဆက် မပြီးဆုံးသေးသည့် စစ်အာဏာရှင် အမြစ်ဖြုတ် ချေမှုန်းရေး ခရီးကို ပြည်သူအားလုံး တစုတစည်းထည်း ပူးပေါင်းပါဝင်ပေးကြရန်၊ နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ ပြည်သူများ စည်းစည်းလုံးလုံးဖြင့် ကိုယ်တတ်နိုင်သည့်နေရာမှ ပါဝင်ကြရန်၊ အာဏာသိမ်းစစ်တပ်က ပြုလုပ်ရန်ကြံစည်နေသော တရားမဝင်ရွေး ကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုကြရန်လည်း စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook