Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသည့် ဗောဓိတစ်ထောင် အပါအဝင် မုံရွာ – မန္တလေး လမ်းမကြီးပေါ်နှင့် မုံရွာ မုဒ်ဦးရှေ့ စသည့် နေရာတို့တွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် တက်ကြွလူငယ်များ ပူးပေါင်း၍ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုများ ဖော်ဆောင်ခဲ့သည်။

သြဂုတ်-၈၊၂၀၂၅။ သုည/People’s Spring

အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသည့် ဗောဓိတစ်ထောင် အပါအဝင် မုံရွာ – မန္တလေး လမ်းမကြီးပေါ်နှင့် မုံရွာ မုဒ်ဦးရှေ့ စသည့် နေရာတို့တွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် တက်ကြွလူငယ်များ ပူးပေါင်း၍ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှုများ ဖော်ဆောင်ခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် ရှစ်အက္ခရာပါသည့် ဘောလုံးအကျီများ ဝတ်ဆင်ထားသည့် လူငယ်များသည် စစ်ကောင်စီ စိုးမိုးဧရိယာနှင့် တော်လှန်ရေးဧရိယာများတွင် ရှစ်လေးလုံး ( Global Movement ) ထီးသပိတ် လှုပ်ရှားမှုအား ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

(၁၉၈၈) ခုနှစ်မှသည် ယနေ့အချိန် စစ်အာဏာရှင်တို့၏ ရက်စက်ယုတ်မာမှုအပေါင်းအား မမေ့လျော့ကြပါရန်နှင့် နိုင်ငံရေး ထောင်ချောက် တစ်ခုဖြစ်သည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူလူထုတရပ်လုံး စည်းလုံးညီညွတ်မှုဖြင့် ပြင်းထန်စွာ တွန်းလှန်သပိတ်မှောက်ကြရန် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ရှစ်လေးလုံးလူထုလှုပ်ရှားမှုနှင့်အတူ နှိုးဆော်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။