Connect with us

Hi, what are you looking for?

သတင်း

ဦးသိန်းစိန်အစိုးရလက်ထက်က ဝန်ကြီး၊ဒုဝန်ကြီး၊ညွှန်ချုပ်များနှင့် စစ်တပ်အကြီးအကဲများ ချပေးသည့် အထူးမြေကွက်များ စိစစ်ပြန်သိမ်းမည်ဟု စစ်ကောင်စီထုတ်ပြန်

နေပြည်တော်၌ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီး၊ဒုဝန်ကြီး၊ညွှန်ချုပ်များနှင့် စစ်တပ်အကြီးအကဲများအားပေးခဲ့သည့် အထူးမြေကွက်များနှင့်ပတ်သက်ပြီး စိစစ်ပြန်သိမ်းမည်ဟု စစ်ကောင်စီ၏ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

ရာဇသင်္ဂဟအိမ်ရာ အမှတ်(၂)ရှိ မြေကွက်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Royal Land

သြဂုတ်-၈၊၂၀၂၅။တာရာ/Peoples Spring

နေပြည်တော်၌ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီး၊ဒုဝန်ကြီး၊ညွှန်ချုပ်များနှင့် စစ်တပ်အကြီးအကဲများအားပေးခဲ့သည့် အထူးမြေကွက်များနှင့်ပတ်သက်ပြီး စိစစ်ပြန်သိမ်းမည်ဟု စစ်ကောင်စီ၏ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

အဆိုပါ မြေကွက်များမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရာသီရိမြို့နယ်တို့ရှိ ရာဇသင်္ဂဟအိမ်ရာ အမှတ်(၁)နှင့် (၂)တို့ ဖြစ်သည်။ တာဝန်ထမ်းဆောင်ချိန်နှင့် အငြိမ်းစားယူချိန်တွင် ပတ်ဝန်းကျင် လုံခြုံစိတ်ချစွာနေထိုင်ရေးအတွက် အထူးမြေကွက်များချထားပေးခဲ့ခြင်းဟု ဆိုသည်။

အထူးမြေကွက်များ နေရာချခံရထားသူများသည် ယခင်မြေကွက်နေရာချထားပေးခဲ့စဥ်က ကတိပြုလက်မှတ်ရေးထိုးထားသော သက်မှတ်စည်းကမ်းများနှင့် ကိုက်ညီမှုမရှိဘဲ တရားမဝင်လွှဲပြောင်း ရောင်းချခြင်းနှင့် လွှဲပြောင်းရောင်းချကြောင်း စိစစ်တွေ့ရှိပါက နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲပိုင်ခွင့် မြေအဖြစ် ပြန်သိမ်းမည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မြေကွက်ချထားပေးခဲ့စဥ်က ထပ်ဆင့် လွှဲပြောင်းရောင်းချခြင်း၊ငှားရမ်းခြင်း မပြုရန်နှင့် မိမိကိုယ်တိုင်နေထိုင်ရန်၊နေရာရယူပြီး တစ်နှစ်အတွင်း နေအိမ်အကြမ်းထည်ပြီးအောင်ဆောက်လုပ်ရန် အပါအဝင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ သတ်မှတ်စည်းကမ်းအတိုင်းလိုက်နာရန် လက်မှတ်ရေးထိုးထားခဲ့ကြောင်း အသိပေးသည်။

“အရောင်းအဝယ်က ၂၀၁၃ လောက်ကတည်းက ဖြစ်နေတာပဲ အခုထိလည်း အရောင်း၊အငှားတွေရှိတယ်။ဒီကိစ္စက သူတို့အဝန်းအဝိုင်းထဲ အပြင်လူတွေ အဝင်မခံချင်တာအတွက် အချင်းချင်းတိုင်ကြ တာလို့မြင်တယ်။ဒါပေမယ့် မြေကွက်အကြောင်း မသိလို့ ဝယ်ခဲ့တဲ့သူတွေကတော့ ကြားထဲက နစ်နာကြမှာ”ဟု နေပြည်တော် အိမ်ခြံမြေစျေးကွက်ရှိ လုပ်သက်နှစ်(၃၀)ကျော်ကြာ အကျိုးဆောင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် စစ်တပ်နှင့် ဌာနဆိုင်ရာ ရာထူးကြီးသူများသည် အထူးမြေကွက်များကို ကနဦးပေသွင်းငွေ ကျပ်သိန်းဆယ်ဂဏန်းမှ သိန်း နှစ်ရာ ဝန်းကျင်ဖြင့် ရရှိခဲ့ခြင်းဟု ၎င်းက ဆက်ပြောသည်။

နေပြည်တော်မြေတိုင်းစာရင်းအချက်အလက်အရ ရာဇသင်္ဂဟလမ်း၏ အရှေ့ဘက်ခြမ်းရှိ ပုပ္ပသီရိမြို့ နယ်မှ ရာဇသင်္ဂဟ အိမ်ယာ(၁)တွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းမှူးများအတွက် ပေ ၂၀၀ ပတ်လည် အထူးမြေကွက် ၁၀၄ကွက် ချထားပေးထားသည်။

ရာဇသင်္ဂဟလမ်း၏ အနောက်ဘက်ခြမ်းမှ ဥတ္တရသီရိမြို့နယ်ရှိ ရာဇသင်္ဂဟအိမ်ယာ အမှတ်(၂)တွင် ဗိုလ်မှူးချုပ် နှင့် ဒုဝန်ကြီးများအတွက် ပေ ၁၅၀ ပတ်လည် မြေကွက် ၂၅၄ ကွက်နှင့် ညွှန်ချုပ်၊ ဦးဆောင်ညွှန်မှူးများအတွက် ပေ ၁၀၀ပတ်လည်မြေကွက် ၃၅၀ ခန့်ရှိခဲ့သည်။

“ပုဗ္ဗ ထက် ဥတ္တရက အရောင်း၊အငှား ပိုဖြစ်တယ်။ပေ ၁၀၀ ပတ်လည်အိမ်အပါဆို သိန်း ၆,၀၀၀ လောက်ကစတယ်။အငှားဆို ၁၅သိန်းလောက်ရှိတယ်”ဟု နေပြည်တော်ရှိအထူးမြေကွက်များ၏ အိမ်ခြံမြေစျေးကွက်နှင့်ပတ်သက်ပြီး နယ်ခံအကျိုးဆောင်တစ်ဦးက ပြောသည်။

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ရာဇသင်္ဂဟအိမ်ရာ အမှတ်(၁)နှင့် (၂)အထူးမြေကွက်များတွင် နေထိုင်သည့် လက်ရှိ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားအရာရှိကြီးများ၏ လုံခြုံရေးအတွက် ယင်းမြေကွက်များ၏ အမည်ပေါက် ကွယ်လွန်သဖြင့် ၎င်းတို့၏ အမွေခံဖြစ်သူများက မြေငှားစာချုပ် အမည်ပြောင်းလဲခြင်းမှအပ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရန် မြေပုံ၊ မြေရာဇဝင် ရေးကူးခြင်းနှင့် မြေငှားစာချုပ် (ဂရန်) အမည်ပြောင်းလဲပေးခြင်းတို့ကို ဆိုင်းငံ့ရန် နေ ပြည်တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။