Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် ထရမ့်ကို ထောက်ခံမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဆို

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုအတွက် ထောက်ခံ အဆိုပြုသွားမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့ပါတယ်။

Reuters

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုအတွက် ထောက်ခံ အဆိုပြုသွားမယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ကြားမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခအတွက် ကြားဝင် ညှိနှိုင်းပေးခဲ့ချိန်မှာ ထရမ့်ဟာ အရမ်းကို ထူးကဲပြောင်မြောက်တဲ့ နိုင်ငံရေးသမား အရည်အသွေးမျိုးကို ပြသခဲ့တယ်လို့ ဟွန်မာနတ်က ဩဂုတ် ၇ ရက်နေ့တုန်းက Facebookပေါ်မှာ ချီးကျူး ရေးသားထားခဲ့ပါတယ်။

သူက နော်ဝေးမှာရှိတဲ့ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီဆီကို လိပ်မူပြီး ပေးပို့ခဲ့တယ်ဆိုတဲ့ စာကိုလည်း တစ်ပါတည်း တင်ထားခဲ့ပါတယ်။ အဲဒီစာမှာတော့ ကမ္ဘာတလွှားက ထိလွယ်ရှလွယ် အရှိဆုံး နယ်မြေတွေမှာ ပဋိပက္ခတွေ အရှိန်လျော့သွားအောင် ထရမ့်က ထူးထူးကဲကဲ စွမ်းဆောင်ပြခဲ့တယ်လို့ ချီးကျူးဂုဏ်တင်ထားပါတယ်။

ထိုင်းနဲ့ ပဋိပက္ခမှာ ဆိုရင်လည်း ထရမ့်က အချိန်ကိုက် ကြားဝင်ပေးခဲ့မှုကြောင့် ဆိုးရွားလှတဲ့ စစ်ပွဲကြီးအဆင့် မရောက်အောင် တားဆီးနိုင်ခဲ့ပြီး လူအများ သေကြေပျက်စီးမှုကို ရှောင်လွှဲနိုင်ခဲ့သလို ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးနိုင်ခဲ့တယ်လို့ ဟွန်မာနတ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ နယ်စပ်မှာ ဇူလိုင် ၂၄ ရက်နေ့က တိုက်ပွဲတွေ စတင်ခဲ့ပြီး ၂၆ ရက်နေ့မှာတော့ ထရမ့်က နှစ်ဖက် ခေါင်းဆောင်တွေကို ဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။ ဇူလိုင် ၂၈ ရက်နေ့မှာတော့ မလေးရှား အစိုးရကပါ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ပါတယ်။ ၅ ရက်ကြာ တိုက်ပွဲတွေအတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယားမှာ စုစုပေါင်း လူ ၄၃ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ထရမ့်ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် ထောက်ခံတဲ့ နိုင်ငံခေါင်းဆောင်တွေထဲမှာ ဟွန်မာနတ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်တို့ကလည်း ထရမ့်ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရသင့်ကြောင်း အတိအလင်း ဆန္ဒပြုထားကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

သတင်းဆောင်းပါး

အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

Facebook