Connect with us

Hi, what are you looking for?

ludunwayoo

သတင်း

စစ်ကိုင်းငလျင်ကို အကြောင်းပြုပြီး မြန်မာကို ကမ္ဘာက ပိုသတိပြုမိလာပါတယ်။ ဒီတော့ စကစခေါင်းဆောင်ဟာ နိုင်ငံတကာ အကူအညီတွေ အလျင်အမြန် ပေးကြပါလို့ တောင်းသလို နိုင်ငံတကာမီဒီယာတွေကိုတော့ မလာနဲ့ဦးလို့ တားလိုက်ပါတယ်။

မေးမြန်းခန်း

ငလျင်ဘေးသင့် မြန်မာနိုင်ငံဆီ ရောက်ရှိခဲ့တဲ့ ခရီးစဉ် အတောအတွင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ဟာ စိတ်မချမ်းမြေ့စရာ မြေပြင် အခြေအနေတွေကို တွေ့မြင်ခွင့် ရခဲ့ပါတယ်။ အဆိုးရွားဆုံး ပျက်စီးမှုတွေကြားမှာ အစွမ်းကုန် အားတင်းရုန်းကန်နေတဲ့ မြန်မာ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း မြင်ခဲ့ရပါတယ်။ ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက်...

ဆောင်းပါး

စစ်ကိုင်းငလျင်ဘေးကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးပဋိဝေဒမီးတောက်လောင်နေချိန်တွင် ငလျင်ဗဟိုချက်နှင့် မိုင် ၁၀၀နီးပါး ရှိ ရွာလေးတစ်ရွာမှ ရှိုက်ဖိုငိုကြွေးသံတချို့သည် ရွာစည်းရိုးပြင်ဖက်သို့ မထွက်လာနိုင်ရှာပါ။ ရွာပြင်ပမှ ကြားရသူအချို့သာရှိသည်။ သူတို့ငိုကြွေးသံကို ယခုစာဖတ်သူလည်းသေချာနားထောင်သင့်ပါသည်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်၊ ရှမ်းနီ SNAပူးပေါင်းတပ်ဖွဲ့အကြား ယနေ့(ဧပြီ ၁၁ရက်) နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ လျှော်ဖြူကုန်းကျေးရွာကို စစ်ကောင်စီက ယနေ့(ဧပြီ ၁၁ရက်) မွန်းလွဲပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်းတောင်ရိုးရှိ ကျောင်းတိုက်များမှ သံဃာ၊သီလရှင်နှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၁၇၀ သေဆုံးခဲ့ရကြောင်း စာရင်းပြုစုသည့် သံဃာတော်အချို့က ထုတ်ပြန်သည်။

သတင်း

စစ်သားသစ်စုဆောင်းရန်ဆိုကာ စစ်ကောင်စီက သင်္ကြန်ကာလအပါအဝင် (၁၈)နှစ်အထက် လူငယ်များကို ဒုလ္လဘရဟန်းခံခွင့်မပြုရန် ဘုန်ကြီးကျောင်းများအား ဖိအားပေးနေကြောင်း People's Springက စုံစမ်းသိရသည်။

သတင်း

(၂၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကျင်းပရာ သိကျိတ်ကျေးရွာကို စစ်ကောင်စီက ပေါင် (၂၀၀)ဗုံးကြဲတိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း ကယန်းပြည်သစ်ပါတီဗဟိုကော်မတီက ယနေ့(ဧပြီ ၁၁ရက်)တွင် ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ ကောလင်းမြို့ သဲချောင်းရွာသစ်အား ယနေ့ (ဧပြီ ၁၁ရက်) နံနက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် မပေါက်ကွဲဘဲကျန်နေသည့် ဗုံးတစ်လုံးအား ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းမှ ရဲဘော်များက တူးဖော်ခဲ့သည်။ ယမန်နေ့က လေ ကြောင်းတိုက်ခိုက်ခံရ၍ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သော ကောလင်းမြို့နယ်ကို စစ်ကောင်စီက ထပ်မံ၍ လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ၌ စစ်ကောင်စီက ထိုးစစ်ဆင်ရာတွင် တရုတ်ဒရုန်းပညာရှင်များ ပါဝင်ကူညီလျက်ရှိကြောင်း မြေပြင်သတင်းရရှိဟု KNU ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

Facebook