Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး-အီရန် ပဋိပက္ခအကြောင်း AIအသုံးပြု ဖန်တီးထားတဲ့ အချက်အလက်မှားတွေ ပျံ့နှံ့နေ

အစ္စရေး-အီရန် စစ်ရေးပဋိပက္ခက ဆက်လက် အရှိန်မြင့်တက်နေသလို အဲဒီ အခြေအနေကို အကြောင်းပြုပြီး ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြု ဖန်တီးထားတဲ့ သတင်းအချက်အလက်မှား ဓာတ်ပုံအတု၊ ဗီဒီယိုအတုတွေကလည်း လူမှုကွန်ရက်ပေါ်မှာ အလုံးအရင်း ပျံ့နှံ့နေပါတယ်။

အစ္စရေး-အီရန် စစ်ရေးပဋိပက္ခက ဆက်လက် အရှိန်မြင့်တက်နေသလို အဲဒီ အခြေအနေကို အကြောင်းပြုပြီး ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြု ဖန်တီးထားတဲ့ သတင်းအချက်အလက်မှား ဓာတ်ပုံအတု၊ ဗီဒီယိုအတုတွေကလည်း လူမှုကွန်ရက်ပေါ်မှာ အလုံးအရင်း ပျံ့နှံ့နေပါတယ်။

BBC သတင်းဌာနရဲ့ အချက်အလက် ဆန်းစစ်မှု အဖွဲ့ဟာ လူမှုကွန်ရက်တွေပေါ် မွစာကြဲနေတဲ့ AI ဗီဒီယို တော်တော်များများကို အတည်ပြု တွေ့ရှိထားပါတယ်။ အဲဒီဗီဒီယိုတွေထဲက တော်တော်များများဟာ အီရန်လိုလားသူတွေက ဖန်တီးထားပုံရပြီး အီရန်ရဲ့ စစ်အင်အားကို ကြွားဝါလိုတဲ့ ရည်ရွယ်ချက်မျိုးတွေ၊ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း ပျက်စီးဆုံးရှုံးမှုတွေကို အလွန်အကျွံ ချဲ့ထွင်တာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

BBCက စစ်ဆေးတွေ့ရှိထားတဲ့ AI ဗီဒီယိုတွေထဲက လူကြည့်အများဆုံး ၃ ခုဟာ မတူညီတဲ့ လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ စုစုပေါင်း ကြည့်ရှုသူ သန်း ၁၀၀ ကျော်လောက်ကို ဆွဲဆောင်ထားနိုင်ပြီး ဖြစ်ပါတယ်။

နောက်ပြီး အစ္စရေး လိုလားသူတွေကလည်း အီရန်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲ အဟောင်း ဗီဒီယိုတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး အီရန် ပြည်သူတွေက အီရန် အစိုးရကို အုံကြွ တော်လှန်နေပြီ ဆိုတာမျိုး သတင်းမှားတွေ ဖြန့်ဝေကြပါတယ်။

Public Service Announcement

Public Service Announcement

တချို့ AIဓာတ်ပုံတွေကတော့ ဆိုးဆိုးရွားရွား ယုတ္တိကင်းမဲ့လွန်းတာမျိုးတွေ ဖြစ်နေပါတယ်။ ဥပမာ အစ္စရေးရဲ့ F-35 တိုက်လေယာဉ်တွေ ပစ်ချခံရတယ်လို့ ဝါဒဖြန့်ထားတဲ့ ဓာတ်ပုံတွေမှာ အသုံးပြုထားတဲ့ လေယာဉ်ပျက် ဓာတ်ပုံတွေဟာ လက်တွေ့ အရွယ်အစားထက် အဆပေါင်း မြောက်မြားစွာ ကြီးမားနေတာမျိုးပါ။

အီရန်ဟာ ကမ္ဘာပေါ်မှာ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်တွေအဖြစ် သတ်မှတ်ခံရတဲ့ F-35 ၅ စီးထက်မနည်းကို ပစ်ချထားပြီးပြီလို့ ဝါဒဖြန့်ထားပေမယ့် ခိုင်မာတဲ့ အထောက်အထားတွေတော့ ဘာမှ မပြသနိုင်ပါဘူး။ အစ္စရေးက သူတို့ရဲ့ တိုက်လေယာဉ်တွေ ဆုံးရှုံးတယ်ဆိုတဲ့ သတင်းတွေကို ယတိပြတ် ငြင်းဆိုထားပါတယ်။

လက်ရှိ စစ်ရေး ပဋိပက္ခနဲ့ ပတ်သက်ပြီး နှစ်ဖက် ဝါဒဖြန့်ကြရာမှာ ဗီဒီယို အဟောင်းတွေကို ပြန်သုံးပြီး အချက်အလက်မှားတွေ မျှဝေတာမျိုးကလည်း အတော်လေး တွင်ကျယ်နေပါတယ်။ ဥပမာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတုန်းက ဖြစ်ပွားခဲ့ပြီး လက်ရှိ ပဋိပက္ခနဲ့ ဘာမှ မဆက်စပ်တဲ့ ဗီဒီယိုတွေဆိုရင် ကြည့်ရှုသူ သန်း ၂၀ လောက်ကို ဆွဲဆောင်နိုင်ခဲ့တာမျိုး တွေ့ရသလို ဂိမ်းတွေထဲက ဗီဒီယို ဖြတ်ပိုင်းတွေ၊ AIဗီဒီယိုတွေကို ကြည့်ရှုနှုန်းဟာလည်း တကယ့် သတင်းအချက်အလက်မှန်၊ ဖြစ်ရပ်မှန် ဗီဒီယိုတွေကို လူကြည့်နှုန်းထက် ကျော်လွန်နေတယ်လို့ အချက်အလက် စစ်ဆေးမှု အဖွဲ့တစ်ခုဖြစ်တဲ့ Geoconfirmedက ကြေညာခဲ့ပါတယ်။

ပြီးတော့ လူမှုကွန်ရက်တွေပေါ်က pageတွေနဲ့ accountတွေမှာ အစ္စရေး-အီရန် ပဋိပက္ခကို အမြတ်ထုတ်ပြီး သတင်းမှားတွေ ဖြန့်ရင်း followerတိုးအောင် ကြံဆောင်မှုတွေကိုလည်း အထင်အရှား တွေ့ခဲ့ရပါတယ်။ ဥပမာ အီရန်ကို ထောက်ခံတဲ့ Tehran – Daily Iran Military ဆိုတဲ့ pageဟာ ဇွန်လ ၁၃ ရက်နေ့က လူမှုကွန်ရက် မီဒီယာ Xမှာ followerပေါင်း ၇၀၀၀၀ သာ ရှိခဲ့ရာကနေ တစ်ပတ်အကြာမှာ နောက်ထပ် ၈၅ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာ AIဗီဒီယိုတွေနဲ့ သတင်းအချက်အလက် အမှားတွေ လွန်လွန်ကျွံကျွံ ပျံ့နှံ့နေတဲ့ ကိစ္စအပေါ် သက်ဆိုင်ရာ နည်းပညာ ကုမ္ပဏီတွေဖက်ကတော့ သီးသန့် မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ အဲဒီလို ဗီဒီယိုမျိုးတွေကို Facebook၊ TikTokနဲ့ Instagramတို့မှာလည်း အများအပြား ပျံ့နှံ့နေပါတယ်။ တချို့ ဗီဒီယိုတွေဆိုရင် ညပိုင်း တိုက်ခိုက်မှုတွေ ဆိုတာမျိုး ဖန်တီးထားတဲ့အတွက် အချက်အလက် စစ်ဆေးသူတွေ အတွက်တောင် ဆန်းစစ်ဖို့ ခက်ခဲသွားတတ်ပါတယ်။

အဲဒီ အချက်အလက် အမှားတွေကို သာမန် အင်တာနက် သုံးစွဲသူ အများအပြားကလည်း ယုံယုံကြည်ကြည်နဲ့ ထပ်ဆင့် ဖြန့်ဝေပေးခြင်းကလည်း ပျံ့နှံ့မှုတွေကို ပိုမို အားကောင်းနေစေတယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးဟာ လူနေအိမ်တွေနဲ့ တခြားအဆောက်အအုံ ထောင်ပေါင်းများစွာကို ဖောက်ခွဲပြီး ဖြိုချ ဖျက်ဆီးပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးက စစ်ရေးအရ ထဲထဲဝင်ဝင် စွက်ဖက်လာတဲ့နောက် ဆီးရီးယား အစိုးရဟာ တိုင်းရင်းသား မျိုးနွယ်စု တပ်ဖွဲ့တစ်ခုနဲ့ စစ်ခင်းနေရာကနေ တပ်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ လူတစ်ယောက်ကို ဖောက်ခွဲရေး ဒရုန်းနဲ့ လိုက်သတ်တဲ့ ဖြစ်ရပ်ကို အစ္စရေး လက်နက် ကုမ္ပဏီ တစ်ခုက အရောင်းမြှင့်တင်ရေး ကြော်ငြာ ဗီဒီယိုအဖြစ် အသုံးပြုထားပါတယ်။

နိုင်ငံတကာ

ကလေးတွေ အပါအဝင် ရေဝေငှတာကို တန်းစီစောင့်နေတဲ့ ပါလက်စတိုင်းတွေ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ လက်နက်စနစ် အမှားအယွင်းကြောင့်လို့ အစ္စရေးက အကြောင်းပြချက် ပေးခဲ့ပါတယ်။

Facebook