Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးမြို့နယ်ကို စစ်ကောင်စီဗုံးကြဲ ဆရာမတဦး​သေဆုံးပြီး က​လေးငယ်များအပါအဝင် ၁၀ဦးထက်မနည်းဒဏ်ရာရ

​ကောလင်းမြို့နယ်ကိုလည်း ယ​နေ့ညတွင်ဗုံးကြဲ

စစ်​ကောင်စီဗုံးကြဲ၍ ဒဏ်ရာရသများကို ကားဖြင့်သယ်​​ဆောင်စဥ်။ဓါတ်ပုံ-Kachinwaves

ဇွန်-၂၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

ပင်လည်ဘူးမြို့နယ် ၊အင်္ဂါးရွာစာသင်ကျောင်းဝင်းအတွင်းကိုစစ်ကောင်စီက ယ‌နေ့ ညနေ ၄ နာရီခန့်၌ လေကြောင်းမှဗုံးကြဲပြီးနောက်ညပိုင်းတွင်ကောလင်းမြို့နယ်ကိုလည်းဗုံးကြဲသွားသည်။

အင်္ဂါးရွာစာသင်ကျောင်းဝင်းအတွင်းကို ပေါင် ၅၀၀ဗုံးကြဲသွားခြင်းဖြစ်ပြီးCDMဆရာမတစ်ဦး‌​သေဆုံးကာ ကလေးငယ်အချို့အပါအဝင် ဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတစ်ဦးကပြောသည်။တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိဘဲ စစ်​ကောင်စီကဗုံးကြဲခြင်းဖြစ်ပြီးဗုံးကြဲလေယာဉ်ဆက်လက်ပျံဝဲနေသည်ဟုဆိုသည်။

“ပစ်သွားတာက ကျောင်းဝင်းထဲပါ။ ဆရာမတွေရဲ့ အိမ်တွေထိကုန်တယ်။ အခုက တစ်ရွာလုံးနေလို့မရဲဘူးဖြစ်နေတယ်”ဟုဒေသခံပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အညာဒေသတွင် ​မြေပြင်၌ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ဒေါက်တာစိုးမင်းကလည်း “စကစဟာ အခုလက်ရှိအချိန် လွန်ခဲ့တဲ့ နာရီပိုင်းအထိ စာသင်ကျောင်းတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေပြီး ကလေးလေးတွေ ဒဏ်ရာရ ဆရာမတစ်ယောက် အသက်ဆုံးရှုံးရပါတယ်။လေယာဉ်ပျက်ကျရင် ဝမ်းသာတာကလွဲပြီး ဘာမှထိထိရောက်ရောက် မတုန့်ပြန်နိုင်လို့ ဝမ်းနည်းရပါတယ်။ ကလေးဓါတ်ပုံတွေတင်ရင် FB က ban ဦးမှာမို့လို့ ပုံမတင်ပါဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက်တွေကို ဘယ်တော့မှ မေ့မသွားပါဘူး”ဟုရေးသားထားသည်။

အင်္ဂါးရွာစာသင်ကျောင်းဝင်းအတွင်းဗုံးကြဲမှု၌ အသက်၃၀ခန့် CDM ဆရာမတစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ပြီး ဒဏ်ရာရသူများ၏အခြေအနေကို မေးမြန်းနေဆဲဟုပင်လည်ဘူးမြို့မှ ကာကွယ်ရေးရဲ ဘော်တစ်ဦးကပြောသည်။

ကောလင်းခရိုင်အတွင်းရှိ ပင်လည်ဘူးမြို့အား ၂၀၂၄ ခုနှစ်အောက်တိုဘာလ (၈) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်များကတိုက်ခိုက်သိမ်းယူခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရကထိန်းချုပ်၍ အုပ်ချုပ်​ရေးလုပ်ငန်းများလုပ်​နေခြင်းဖြစ်သည်။

စစ်ကောင်စီကယခုလပိုင်းအတွင်းစာသင်ကျောင်းများ၊ဆေးရုံများ၊ဘာသာ​ရေးအ​ဆောက်အအုံများ ၊​​ဈေးများစသည့် လူစုလူဝေး ရှိရာနေရာများကို ပစ်မှတ်ထား၍တိုက်ခိုက်​နေသည်။ထို​ကြောင့် မြေပြင်တွင် ဖွင့်လှစ်ထားသောကျောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယာယီပိတ်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကမေလ ၂၅ရက်၌ ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း၌ ကန့်ဘလူမြို့ကိုလည်း လေကြောင်းမှနှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ထိုအပြင်ဇွန် ၂၀ ရက်ည၉နာရီခန့်တွင်လည်း ကောလင်းမြို့နယ်အရှေ့ပိုင်းကို ဗုံးနှစ်လုံးကြဲသွားကြောင်းသတင်းရရှိသည်။ မြေပြင်၌ထိခိုက်ပျက်စီးမှုများကိုမသိရှိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် မတ်လရဲ့ ပထမဆုံးနေ့မှာ အရပ်သား ၃၀ ကျော် သေဆုံး

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်အတွင်းက တကူကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။