Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၂၀)မှာ စစ်အာဏာရှင်ဆဆန့်ကျင်ရေးသပိတ်ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇွန်-၂၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၂၀)မှာ စစ်အာဏာရှင်ဆဆန့်ကျင်ရေးသပိတ်ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုက ဦးဆောင်ပြီး “Freedom form Fear” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ လမ်း​လျှောက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ထိုင်သပိတ်မှာလည်းယုံကြည်ချက်ကြောင့် အကျဥ်းကျနေသူတွေအတွက် ဆုတောင်းပေးခဲ့ကြပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း၊ ဖမ်းဆီးထားသောနိုင်ငံရေးအကျဥ်းသားများ လွှတ်ပေးရန်တို့ကို တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်းလူငယ့်အားမာန်သပိတ်စစ်ကြောင်းက ပြည်သူတွေနဲ့ပူးပေါင်းပြီး”ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” ဘန်နာကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ချီတက်ဆန္ဒထုတ်​ဖော်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၇)မှာ စစ်အာဏာရှင် တော်လှန်ရေး လူထုသပိတ် ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၆)မှာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၅)မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၄)မှာ တရားမဝင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။