Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ သုံးလကျော် ချုပ်နှောင်ခံထားရတဲ့ ကိုလံဘီယာ တက္ကသိုလ်ဘွဲ့ရ၊ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူ ပြန်လွတ်လာ

ကိုလံဘီယာ တက္ကသိုလ်ဘွဲ့ရ၊ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ မာမွတ် ခါလီဟာ အမေရိကန်ရဲ့ လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းထဲမှာ ၃ လကျော် ထိန်းသိမ်း ခံထားခဲ့ရတဲ့နောက် အခုအခါ ပြန်လည် လွတ်မြောက်လာပါတယ်။

Reuters

ကိုလံဘီယာ တက္ကသိုလ်ဘွဲ့ရ၊ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ မာမွတ် ခါလီဟာ အမေရိကန်ရဲ့ လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းထဲမှာ ၃ လကျော် ထိန်းသိမ်း ခံထားခဲ့ရတဲ့နောက် အခုအခါ ပြန်လည် လွတ်မြောက်လာပါတယ်။

ဖက်ဒရယ် တရားသူကြီး တစ်ဦးက ခါလီဟာ အမေရိကန် လူထုအတွက် အန္တရာယ် ရှိစေနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ဖျက်ပေးပြီး အာမခံနဲ့ လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခါလီဟာ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စွပ်စွဲချက် အတွက်တော့ ဆက်ပြီး တရားရင်ဆိုင်ရဦးမှာပါ။

အသက် ၃၀ အရွယ် ခါလီဟာ မတ်လ ၈ ရက်နေ့တုန်းက ကိုလံဘီယာ တက္ကသိုလ်မှာ ပြုလုပ်တဲ့ ပါလက်စတိုင်း ထောက်ခံ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ရင်း အဖမ်းခံခဲ့ရပါတယ်။ သူ့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ခြင်းကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဟာ နယူးယောက်နဲ့ ဝါရှင်တန်ဒီစီလို မြို့ကြီးတွေမှာ ပေါ်ပေါက်လာခဲ့ပါတယ်။

ခါလီဟာ အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့် ရရှိထားသူ တစ်ဦးဖြစ်ပြီး ကိုလံဘီယာ တက္ကသိုလ်ကနေ ဘွဲ့ရပြီးစ အချိန်မှာ အဖမ်းခံခဲ့ရတာပါ။ ဇနီးဖြစ်သူက သူ့ကိုယ်စား ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ သူ့ကို အမေရိကန်ရဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE) အရာရှိတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပြီး စွဲချက်နှစ်ခု တင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ခါလီက ဘယ်လို ရာဇဝတ်မှုမျိုး ကျူးလွန်တာလဲ ဆိုတာကိုတော့ အစိုးရဖက်က ဘယ်တုန်းကမှ ရှင်းရှင်းလင်းလင်း နာမည်မတပ်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုက ခါလီ အမေရိကန်မှာ ရှိနေခြင်းဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ ဆန့်ကျင်နေသလို မလိုလားအပ်တဲ့၊ ပြင်းထန်တဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ပြောဖူးပါတယ်။

အချုပ်အနှောင်က လွတ်မြောက်လာချိန်မှာတော့ ခါလီက လူဝီစီးယားကနေ ထွက်ခွာသွားပါတယ်။ အဲဒီမတိုင်ခင် သူက သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဇနီးနဲ့ သားငယ်ကို အမြန်ဆုံး တွေ့ချင်နေမိကြောင်း ပြောပါတယ်။ သူ့ရဲ့သားလေးဟာ ခါလီ ၁၀၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင် ခံရချိန် အတောအတွင်း မွေးဖွားခဲ့တာပါ။ အဲဒီ အတောအတွင်းမှာ အာဏာပိုင်တွေက တစ်နာရီကြာ ဧည့်တွေ့ချိန်မှာပဲ ကလေးနဲ့သူ့ကို တွေ့ခွင့်ပြုခဲ့ကြောင်း ခါလီက ဆိုပါတယ်။

သူဟာ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြှောင်ဒေသမှာ ကျူးလွန်နေတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ခဲ့တာကြောင့် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဆီက ပစ်မှတ်ထားခြင်းကို ခံခဲ့ရတာ ဖြစ်တယ်လို့ ခါလီက စွပ်စွဲပါတယ်။ လူမျိုးသုဉ်း သတ်ဖြတ်မှုကို ဆန့်ကျင် ဆန္ဒပြသူ တစ်ယောက်ကို ဖမ်းဆီးတယ် ဆိုတာဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် မှန်ကန်မှု မရှိကြောင်း သူက ဆိုပါတယ်။ ဒါပေမဲ့ ခါလီဟာ အစ္စရေးနိုင်ငံနဲ့ ဂျူးပြည်သူတွေကို တိုက်ရိုက် နာမည်မတပ်ဘဲ သတိထား ရှောင်လွှဲသွားခဲ့ပါတယ်။

အာမခံ သဘောတူညီချက်အရ ခါလီဟာ အီလက်ထရောနစ် ခြေရာခံ ကိရိယာ ဝတ်ဆင်ထားစရာ မလိုပေမယ့် အမေရိကန်ရဲ့ သတ်မှတ်ထားတဲ့ ပြည်နယ်တချို့မှာပဲ နေထိုင်ပြီး ပြည်ပ ခရီးစဉ်တွေ သွားလာခွင့် မရှိပါဘူး။

ခါလီပြန်လွတ်လာတဲ့ သတင်းကို ဇနီးဖြစ်သူ နောရ်အက်ဘ်ဒယ်လာက ကြိုဆိုခဲ့ပြီး သုံးလကျော်အတွင်း ပထမဆုံးအကြိမ် အသက်ဝဝ ရှူနိုင်ပြီလို့ ပြောပါတယ်။ ခါလီဟာ သူနဲ့ သားငယ် ဒင်းန်တို့ဆီ ပြန်လာနေပြီ ဖြစ်ကြောင်း၊ သူတို့ရဲ့ သားလေးဟာ ဖခင်နဲ့ ခွဲခွာခဲ့ရတာမျိုး ဘယ်တုန်းကမှ မဖြစ်သင့်ခဲ့ကြောင်း နောရ်က ပြောကြားသွားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။