သတင်း စစ်အုပ်စုက ပြည်သူအပေါ် အကြမ်းဖက်တာရပ်၊မရပ် အပါအဝင် အချက် သုံးချက်ဖြင့် မြန်မာ့အရေးတိုးတက်မှုရှိ၊မရှိတိုင်းတာဖို့ SCEF ကနိုင်ငံတကာကို သတင်းစကားပါး နိုင်ငံတကာပါလီမန်က CRPHကို ဆက်အသိအမှတ်ပြုတာ၊ ကုလမှာ စစ်အုပ်စုကိုယ်စားပြုခွင့်မရတာ၊ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မရတာတွေနဲ့ စစ်အုပ်စုလိုချင်တဲ့ အသိအမှတ်ပြုမှု ရ၊မရ တိုင်းတာနိုင်ဟုဆို ludunwayoo3 ရက် ago
သတင်း ဆားလင်းကြီးမှာ စစ်တပ်ဗုံးကြဲလို့ မိသားစုလိုက် ဒဏ်ရာရပြီး မိခင်ဖြစ်သူ သေဆုံး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒူးထောက်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ မိသားစုဝင် ၄ ဦး ထိခိုက်ခဲ့ပြီး မိခင်ဖြစ်သူ သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayoo3 ရက် ago
သတင်း ရေစကြိုမြို့နယ်ဇီးတောပြည်သူ့စစ်ခေါင်းဆောင်ဝင်းမြင့်အောင်နဲ့ တပည့် ပစ်ခတ်ခံရပြီးသေဆုံး မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ဇီးတောပြည်သူ့စစ်စခန်းက ထွက်လာတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဝင်းမြင့်အောင်နဲ့ တပည့်ဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးကာ လက်နက်သုံးလက်ရရှိတယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ကဒီကနေ့(နိုတင်ဘာ ၁) ထုတ်ပြန်ပါတယ်။ ludunwayoo3 ရက် ago
သတင်း နယ်စပ်တိုက်ပွဲမှာအထိနာနေတဲ့ စစ်တပ်ကထိုင်းဘက်ကိုကျည်တမင်ကျအောင်ပစ်ပြီးထိုင်းအစိုးရကို KNUအပေါ်ဖိအားပေးအောင်လုပ်နေ မြန်မာ-ထိုင်းနယ်စပ်တိုက်ပွဲတွေမှာ စစ်တပ်က ထိုင်းနိုင်ငံကတဆင့် KNUကို ဖိအားပေးဖို့ ထိုင်းနိုင်ငံဘက်ကို ရည်ရွက်ချက်ရှိရှိနဲ့ လက်နက်ကြီးကျည်တွေပစ်ခတ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayoo3 ရက် ago
သတင်း ပေါက်တောကိုစစ်တပ်ဗုံးကြဲပြည်သူ၁ဦးသေ၊ စစ်ရှောင်ကလေးအပါအဝင် ၄ ဦးဒဏ်ရာရ စစ်ဘေးရှောင်ဒုက္ခသည်တွေနေထိုင်တဲ့ ပေါက်တောမြို့ပေါ်နဲ့ ပေါက်တောမြို့နယ် ရွာချောင်းကြီးရွာထဲကို အာဏာ သိမ်းစစ်တပ်က ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချခဲ့တာကြောင့်ပြည်သူ ၁ ဦး သေ ဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayoo3 ရက် ago
သတင်း မြန်မာစစ်တပ်ကြဲချတဲ့ဗုံးရဲ့ ပေါက်ကွဲအား အရှိန်ကြောင့် ထိုင်းဘက်ခြမ်းရှိ အဆောက်အအုံအချို့ပျက်စီး ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ထိုင်းဖက်ခြမ်းက အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု ကြုံတွေ့ခဲ့တယ်လို့ သိရပါတယ်။ ludunwayoo3 ရက် ago
နိုင်ငံတကာ မြောက်ကိုရီးယား နျူကလီးယားလက်နက်တွေ ဖျက်သိမ်းရေး ဆက်လက် အားထုတ်ဖို့ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား သဘောတူ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အလုံးစုံ ဖျက်သိမ်းရေးအတွက် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် အစိုးရတွေကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။ ludunwayoo3 ရက် ago
သတင်း ရေစကြိုမြို့နယ်တိုက်ပွဲ ဇီးတောရွာ ပြည်သူ့စစ်ခေါင်းဆောင် သေဆုံး မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီး ဇီးတောကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အပါအ၀င် သေဆုံးသူများပြီး လက်နက်ခဲယမ်းတချို့သိမ်းရတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayoo3 ရက် ago
သတင်း မန္တလေးက သမိုင်းဝင်စီးတော်မြင်းဝန်ကျောင်း မီးလောင်၊ သံဃာ ၂ ပါး ဒဏ်ရာရ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ ludunwayoo3 ရက် ago
နိုင်ငံတကာ တိုက်ခိုက်မှုတွေ ပြန်စမလာဖို့ အမေရိကန်နဲ့ အစ္စရေးကို အီရန် အဓိပတိ သတိပေး အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စမလာဖို့ အမေရိကန်နဲ့ အစ္စရေးကို အီရန် အစိုးရ အဓိပတိက တင်းတင်းမာမာ သတိပေးခဲ့ပါတယ်။ ludunwayoo3 ရက် ago