သတင်း သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း စစ်ကိုင်းတိုင်းက ပြည်သူတွေ ဆန္ဒထုတ်ဖော် စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၉)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 29, 2024
သတင်း မတူပီ မြို့သိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့သည့် CDF မတူပီ တပ်မဟာ(၁)ကို AA လက်နက်ထောက်ပံ့ပေးအပ် ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင်ဖြစ်သော ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ-၁) အား မဟာမိတ် အာရက္ခတပ်တော်(AA)က လက်နက်ခဲယမ်းအချို့ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း CDF - မတူပီ တပ်မဟာ(၁)က သတင်းထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 29, 2024
သတင်း ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးအဖွဲ့များတိုက်ခိုက် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ကန်ထောင့်နယ်မြေရဲစခန်းသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ပြန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။ ludunwayooစက်တင်ဘာ 29, 2024
သတင်း ဂျပန်က စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချ ဂျပန်အစိုးရသည် လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနေရာအတွက် သံအမတ်အသစ် စေလွှတ်မည်မဟုတ်ဘဲ တစ်ဆင့်နိမ့်သည့် minister တစ်ဦးက သံရုံးတာဝန်ခံအဖြစ် လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း Japan Today သတင်းဌာနက ယနေ့(စက်တင်ဘာ ၂၉ရက်)ဖော်ပြသည်။ ludunwayooစက်တင်ဘာ 29, 2024
သတင်း မြိုင်မြို့နယ်တွင် မိုင်းရှင်းသောစစ်သားများ နင်းမိုင်းထိ၊ လက်နက်ခဲယမ်းအချို့ရဟု ပကဖပြော မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာပို့ယာဥ်တန်းအတွက် မိုင်းလာရှင်းသော စစ်သားများ နင်းမိုင်းထိပြီး ထိခိုက်သေဆုံးမှုရှိကာ လက်နက်ခဲယမ်းအချို့ကျန်ခဲ့၍ သိမ်းဆည်းရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။ ludunwayooစက်တင်ဘာ 29, 2024
သတင်း တရုတ်နိုင်ငံဘက်မှ အရည်အသွေးနိမ့်ကုန်ပစ္စည်းများဝင်ရောက်လာဟု ဒေသခံများပြော ကုန်သွယ်ရေးလမ်းကြောင်းများပြတ်တောက်သွားပြီးနောက် ကချင်ပြည်နယ်အတွင်းသို့တရုတ်နိုင်ငံနယ်စပ်မှအည်အသွေးနိမ့်သုံးကုန်ပစ္စည်းများဝင်ရောက်လာကြောင်း ဒေသခံများကပြောသည်။ ludunwayooစက်တင်ဘာ 29, 2024
သတင်း ချီဖွေမြို့ကို KIA/KPDF အပြီးသတ်သိမ်းပိုက် ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုကိုသိမ်းနိုင်ခဲ့၊ ချီဖွေရှိ စစ်ကောင်စီ နှင့် ပြည်သူ့စစ် ခေါင်းဆောင်များ ပန်ဝါဘက်ထွက်ပြေးဟု သတင်းရင်းမြစ်အချို့ပြော ludunwayooစက်တင်ဘာ 29, 2024
သတင်း စစ်ကောင်စီရဲမှ CDM လုပ်ပြီး PDF တာဝန်ထမ်းဆောင်နေသူတစ်ဦးအား ဆုချီးမြှင့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် CDM လုပ်ပြီးနောက် ပြည်သူ့စစ်သားPDF အဖြစ် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားဟောင်းတစ်ဦးအား ဆုငွေချီးမြှင့်ခဲ့သည်။ ludunwayooစက်တင်ဘာ 29, 2024
သတင်း ကရင်နီပြည်တွင်သန်းခေါင်စာရင်းကောက်ခြင်းနှင့်ရွေးကောက်ပွဲလုပ်ငန်းစဥ်တွင်ပါဝင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု ဒီးမော့ဆိုPDFထုတ်ပြန် ကရင်နီပြည်နယ်အတွင်းသန်းခေါင်စာရင်းကောက်ယူခြင်း၊ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း နှင့် ရွေး ကောက်ပွဲဖြစ်မြောက်ရေးတွင်ပါဝင်သူများကို ပြင်း ပြင်းထန်ထန်အရေးယူမည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို ကထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 29, 2024
သတင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းလိုပါက စစ်ကောင်စီက ပထမဆုံး လက်နက်ကိုင်လမ်းစဉ် စွန့်ရမည်ဟု AA တုံ့ပြန် စစ်ကောင်စီ အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းလိုပါက စစ် လက်နက်ကိုင်လမ်းစဉ်ကို ဦးစွာ စွန့်လွှတ်ရန်လိုအပ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။ ludunwayooစက်တင်ဘာ 29, 2024