Connect with us

Hi, what are you looking for?

သတင်း

မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုမှ သေဆုံးသူရုပ်အလောင်း ၁၀၀ကျော် ထုတ်ယူထား​

စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျခဲ့ရသော မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒိုအဆောက်အအုံအတွင်းမှ သေဆုံးသူ ရုပ်အလောင်း ၁၀၀ကျော်ထုတ်ယူထား​ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

Sky Villaကွန်ဒိုတွင် ပိတ်မိသေဆုံးနေသော ရုပ်အလောင်းများကို သယ်ထုတ်နေစဥ်။ ဓာတ်ပုံ − CJ

ဧပြီ ၂၂၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျခဲ့ရသော မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒိုအဆောက်အအုံအတွင်းမှ သေဆုံးသူ ရုပ်အလောင်း ၁၀၀ကျော်ထုတ်ယူထား​ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

စစ်ကိုင်းငလျင်ကြီးကြောင့် မတ်လ ၂၈ ရက်တွင် ပြိုကျပျက်စီးခဲ့ရသော Sky Villa ကွန်ဒို အတွင်းမှ ၂၆ ရက်အကြာ ယနေ့(ဧပြီ ၂၂ ရက်) မွန်းလွဲပိုင်းအထိ အသက်ရှင်သူ ၅၂ဦးနှင့် သေဆုံးရုပ်အလောင်း ၁၀၃လောင်းကို ထုတ်ယူခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် ရုပ်အလောင်းကျန်ရှိသည့် နေရာများကို ပယ်ဖျက်ရှင်းလင်းရေးနှင့် ရုပ်အလောင်း ထုတ်ယူနိုင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

ငလျင်ကြီးမဖြစ်မီ မတ်လ ၂၇ ရက်အထိ စစ်ကောင်စီ၏ မန္တလေးတိုင်း ထွေအုပ်စာရင်း အချက်အလက်အရ Sky Villa ကွန်ဒိုတွင် နေထိုင်သူ ၃၄၈ ဦးရှိ​ကြောင်း လူထုနွေဦးထံသို့ ကယ်ဆယ်ရေးအဖွဲ့ဝင်များက အသိပေးထားသည်။

ထို့ကြောင့် ကွန်ဒိုအတွင်း သေဆုံးရုပ်အလောင်းတွေ့ရှိမှု ထပ်မံမြင့်တက်လာနိုင်သည်ဟုလည်း ဆိုသည်။

အောင်မြေသာဇံမြို့နယ်၊လမ်း ၆၀၊ ၂၃×၂၄ လမ်း ကြားရှိ မြေဧက တစ်ဧက အကျယ်ပေါ်တွင်တည်ဆောက်ထားသော Sky Villa ကွန်ဒိုတွင် ၁၁ ထပ်ရှိအဆောက်အအုံ လေးလုံးတွဲပါရှိကာ ငလျင်လှုပ်ခတ်မှုအပြီး အဆောက်အအုံ သုံးလုံးမှာအလုံးစုံပြိုကျပြီး ကျန်တစ် လုံးသည် ၄ထပ်ခန့် မြေကြီးအတွင်း နစ်ဝင်သွားခဲ့သည်။

Sky Villa ကွန်ဒို အိမ်ရာစီမံကိန်းကို စစ်တပ်နှင့်ဆက်နွယ်နေသော အောင်မြင်သူကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြင်အား ရစ်ချ်တာစကေး ၈အဆင့်ရှိငလျင်ဒဏ်ခံနိုင်သည်ဟုပြောဆို ကြေညာရောင်းချခဲ့ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ထို့အပြင် ကျန်ရစ်သူမိသားစုများသည် ကွန်ဒိုအတွင်းပိတ်မိနေသော မိသားစုဝင်များအား ကိုယ်ပိုင်အစီအစဥ်ဖြင့် အခကြေးငွေပေးကာ ထုတ်ယူခဲ့ရပြီး ငွေကြေး၊လက်ဝတ်ရတနာပစ္စည်းများ ပြန်မရသေးသည့် ဖြစ်စဥ်များရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် ကျဆုံးခဲ့ကြသော တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးအတွက် တရားမျှတမှုတခုကို ပြန်လည်ရ ယူနိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစု အားလုံး၏ တာဝန်ဖြစ်ကြောင်းခံယူထားဟု NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

မန္တလေးမြို့မှာ လတ်တလောဆောက်လုပ်နေတဲ့ဆောက်လက်စ အဆောက် အဦးတွေအားလုံးရပ်ဆိုင်းထားဖို့နဲ့ စစ်ဆေးပြီးမှသာ ဆက် လက်ဆောက်လုပ်ခွင့်ပြုမယ်လို့ မန္တလေးစည်ပင်က မေလ ၁၀ ရက်မှာ ကြေညာပါတယ်။

ဆောင်းပါး

မန္တလေးမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကြောက်ကြောက်နဲ့ မျှော်ခဲ့ရတဲ့မိုးဟာ မေလ ၁ဝ ရက် ညနေပိုင်းမှာ တအုန်းအုန်းနဲ့ ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ ဆိုတာက ငလျင်ကြီးကြောင့် ယိုင်နဲ့နေတဲ့အဆောက်အအုံတွေ မိုးရွာလို့ ပြိုကျမှာကို ကြောက်ကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။

သတင်း

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ငလျင်ထိထားတဲ့ အဆောက်အအုံတချို့ ပြိုကျလို့ လူနှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Facebook