Connect with us

Hi, what are you looking for?

သတင်း

ငလျင်လှုပ်ခဲ့ပေမယ့်နျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်လုပ်မယ့်ကိစ္စ ဆက်လုပ်မယ်လို့ ရုရှားကုမ္ပဏီဆို

မြန်မာနိုင်ငံမှာ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်သွားခဲ့ပေမယ့်လည်း နျူကလီးယား ဓာတ်အားပေး စက်ရုံငယ်တစ်ခု တည်ဆောက်မယ့် အစီအစဉ်ကို ရှေ့ဆက် အကောင်အထည် ဖော်သွားမယ်လို့ ရုရှား အစိုးရပိုင် Rosatom ကုမ္ပဏီက ပြောပါတယ်။

စစ်​ကောင်စီနဲ့ ရုရှား Rosatom ကုမ္ပဏီတို့ကြား ၂၀၂၂ ခုနှစ်မှာ MOU ​ရေးထိုးစဥ်။ ဓါတ်ပုံ-Rosatom

ဧပြီ-၂၂၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံမှာ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်သွားခဲ့ပေမယ့်လည်း နျူကလီးယား ဓာတ်အားပေး စက်ရုံငယ်တစ်ခု တည်ဆောက်မယ့် အစီအစဉ်ကို ရှေ့ဆက် အကောင်အထည် ဖော်သွားမယ်လို့ ရုရှား အစိုးရပိုင် Rosatom ကုမ္ပဏီက ပြောပါတယ်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်သွားတဲ့ ငလျင်ကြီး မတိုင်ခင် သီတင်း ၃ ပတ်လောက် အလိုမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံမှာ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တချို့ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီသဘောတူညီချက်တွေထဲမှာတော့ဓာတ်အား ၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့်အသေးစား နျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခုကိုမြန်မာနိုင်ငံမှာရုရှားကတည်ဆောက်ပေးဖို့ဆိုတာလည်း ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် မြန်မာနိုင်ငံမှာ လူပေါင်း ၄၀၀၀ ကျော် သေကြေခဲ့တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး Rosatom ကုမ္ပဏီက တည်ဆောက်မယ့် ဓာတ်အားပေးစက်ရုံ စီမံကိန်း ဆက်လက် အကောင်အထည် ဖော်ဖြစ်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ Rosatomကတော့ လတ်တလော လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြီးကြောင့် မြန်မာနိုင်ငံမှာကုမ္ပဏီက တည်ဆောက်မယ့် ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ထိခိုက်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

ပြီးတော့ဆောက်လုပ်ရေးကဏ္ဍမှာ Rosatom အနေနဲ့ နိုင်ငံတကာ လုံခြုံရေးနဲ့ ယုံကြည်စိတ်ချရမှုဆိုင်ရာအမြင့်ဆုံးစံနှုန်းတွေကို လိုက်နာမှာဖြစ်ကြောင်း၊ အဲဒီထဲမှာ ငလျင်ဒဏ်ခံ အစီအမံတွေလည်း ပါဝင်မှာဖြစ်ကြောင်း Reutersရဲ့ စုံစမ်း မေးမြန်းမှုကို ကုမ္ပဏီရဲ့ ပြန်ကြားရေးအဖွဲ့က အီးမေးလ် အကြောင်းပြန်ခဲ့ပါတယ်။

ပြင်းအားမဂ္ဂနီကျု ၇.၇ ငလျင်ကြီးကြောင့် မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံ ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပေမယ့်လည်း နျူကလီးယား ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ရည်မှန်းထားတဲ့အတိုင်း ဆက်အကောင်အထည် ဖော်မယ်လို့လည်း Rosatomက ဆိုပါတယ်။

ဒါပေမဲ့ တည်ဆောက်မှုအတွက် အချိန်သတ်မှတ်ချက်၊ နေရာနဲ့ တခြားအသေးစိတ်အချက်အလက်တွေကို ထုတ်ပြောဖို့တော့ ကုမ္ပဏီက ငြင်းဆိုထားပါတယ်။ ရေခဲခွဲသင်္ဘောတွေအတွက် Rosatomကတီထွင်ထုတ်လုပ်ထားတဲ့အသေးစား RITM-200N အမျိုးအစား နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို အသုံးပြုပြီး အဲဒီ ဓာတ်အားပေး စက်ရုံကို လည်ပတ်စေမှာ ဖြစ်ပါတယ်။

Rosatomကနျူကလီးယားဓာတ်အားပေးစက်ရုံကို ဆက်လက် ဆောက်လုပ်မယ်လို့ ပြောကြားခဲ့တဲ့အပေါ် Ruetersက စစ်ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိဆီ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ဘူးလို့လည်း သိရပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။